Special Yunnan Lifestyle | နွားကိုယ်ထည်ပေါ်မှာ ပန်းချီရေးဆွဲရင် ဘယ်လိုပုံစံဖြစ်မလဲ စိတ်ကူးကြည့်နိုင်မလား

2023-12-28 20:40:19
အရင်းအမြစ်:云南网

ဒီဇင်ဘာလ ၂၃ ရက်နေ့က ဖွင့်လှစ်ကျင်းပသော သတ္တမအကြိမ်မြောက် တရုတ်-လာအို-ဗီယက်နမ် သုံးနိုင်ငံဆုတောင်းအိတ်ပစ်ခြင်းပွဲတော်နှင့် ၂၀၂၃ ခုနှစ် တရုတ်-လာအို-ဗီယက်နမ် သုံးနိုင်ငံ(ဖူအော်)နယ်စပ်ကုန်စည်ပြပွဲတွင် ဖူအော်မြို့ ကျန်းချိန် ဟာနီ၊ ယီ တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ပြတိုက်နဘေး၌ နွားကိုယ်ထည်ပန်းချီပြိုင်ပွဲကို ကျင်းပခဲ့ပါသည်။

နွားကိုယ်ထည်ပန်းချီသည် ကျန်းချိန်တွင် ရှည်လျားသော သမိုင်းကြောင်းရှိပြီး ဒဏ္ဍာရီများမှ ဆင့်ကဲပြောင်းလဲလာသည်ဟု အဆိုအရ သိရှိရပါသည်။ မူလက တောရိုင်းတိရစ္ဆာန်များသည် နွားများအား ကျက်စားခြင်းမှ တားဆီးရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ယနေ့တွင် လူအများနှစ်သက်သည့် အနုပညာလှုပ်ရှားမှုတစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ ပန်းချီဆရာသည် စုတ်တံများနှင့် ရောင်စုံအရောင်များကို အသုံးပြုကာ ကျွဲကိုယ်ထည်များပေါ်တွင် လှပသောပုံပြင်များနှင့် ကောင်းမွန်သော ဆုမွန်ကောင်းတောင်းခြင်းတို့ကို သရုပ်ဖော်ရေးဆွဲကြခြင်းဖြင့် လက်ရာမြောက်သော အနုပညာကို ဖန်တီးကြပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်သတင်းကွန်ရက်
ဘာသာပြန် ။ ။ Zhang Yinglin

Special Yunnan Lifestyle | နွားကိုယ်ထည်ပေါ်မှာ ပန်းချီရေးဆွဲရင် ဘယ်လိုပုံစံဖြစ်မလဲ စိတ်ကူးကြည့်နိုင်မလား