ဟန်ကျိုး မြို့တွင် ဧရာမ စက်ရုပ် "နဂါး မြင်း" လှည့်လည်ပြသ

2023-12-29 20:37:59
အရင်းအမြစ်:国际在线

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက ဟန်ကျိုး မြို့တွင် ဧရာမ စက်ရုပ် "နဂါးမြင်း" ကို လှည့်လည်ပြသပြီး ဒေသခံပြည်သူများနှင့် ခရီးသွားများကို ဆွဲဆောင်ခဲ့ပါသည်။

"နဂါး မြင်း" စက်ရုပ်သည် နဂါးဦးခေါင်းနှင့် မြင်းကိုယ်ထည်ရှိပြီး အရပ် ၁၅ မီတာနှင့် အလေးချိန် တန် ၅၀ ရှိသည်။ ၎င်းသည် သွက်လက်သော လှုပ်ရှားမှုများနှင့် အံ့ဖွယ်ကောင်းသော စွမ်းရည် အမျိုးမျိုးကို လုပ်ဆောင်နိုင်ပြီး ဦးခေါင်းကို မြှောက်ကာ မီးကို မှုတ်ထုတ်တတ်သည့် အပြင် ရေများကိုလည်း မှုတ်ထုတ်တတ်ကာ ခရီးသွားများအား ပျော်ရွှင်အောင် ပြုလုပ် ပြီး ဒဏ္ဍာရီပုံပြင်များ ထဲက ကံကောင်းတိရစ္ဆာန်တစ်ကောင် ကဲ့သို့ ဖြစ်ပါသည်။

ဟန်ကျိုး မြို့တွင် ဧရာမ စက်ရုပ် "နဂါး မြင်း" လှည့်လည်ပြသ