“သစ်ပင်ပေါ်က ရေခဲမုန့်”လာစားကြစို့

2024-01-03 19:04:31
အရင်းအမြစ်:云南日报

ဆောင်းရာသီသည် အရသာရှိသည်ဟုဆိုလျှင် တရုတ်နိုင်ငံ ယွီရှီးမြို့ ယွမ်ကျန်းခရိုင်သည် ၎င်း၏ ကိုယ်ပိုင်ချိုမြိန်မှုရှိသည်။ မကြာသေးမီက ဤနေရာတွင် "သစ်ပင်ပေါ်ကရေခဲမုန့်" ဟု တင်စားခေါ်ဝေါ်သော သြဇာသီးများသည် တဖြည်းဖြည်းရင့်မှည့်လာပါသည်။ ရင်မှည့်ပြီး ပျော့ပျောင်းသော သြဇာသီးများသည် နို့ဖြူအသားရှိပြီး ရေခဲမုန့်ကဲ့သို့ စွဲမက်ဖွယ်ကောင်းသော အရသာ ရှိပါသည်။ ထို့ကြောင့် သြဇာသီးများကို "သစ်ပင်ပေါ်ရှိ ရေခဲမုန့်" ဟုတင်စားခေါ်ဝေါ်ကြခြင်းဖြစ်သည်။

ယွမ်ကျန်းခရိုင် သြဇာသီး စိုက်ပျိုးရေးအခြေစိုက်စခန်းတွင် စိမ်းစိုနေပါသည်။ အကိုင်းအခက်များသည် အရသာရှိသော သြဇာသီးများ ဖုံးလွှမ်းနေပြီး အလုပ်သမားများသည် သီးပင်စားပင်များအကြားတွင် သွားလာခူးဆွတ်နေကြသည်။

လက်ရှိတွင် ယွမ်ကျန်းခရိုင် သြဇာသီးစိုက်ပျိုးဧရိယာသည် တရုတ်ဧက ၁၀၀၀၀ ကျော်အထိ ဖွံ့ဖြိုးတိုးတက်လာပြီး တစ်နှစ်ထက်တစ်နှစ် အသီးအထွက်နှုန်းနှင့် အရည်အသွေးတို့သည် တိုးမြှင့်လာသောကြောင့် ပြည်ပစားသုံးသူများ၏ ကြိုက်နှက်သက်မှု များစွာ ရရှိထားပါသည်။ နှစ်စဉ်နှစ်တိုင်း စျေးကွက်ထဲရောက်လာသည်နှင့် ဝယ်လိုအားများလျက်ရှိပြီး ဝယ်လိုအားသည် ရောင်းလိုအားထက် ကျော်လွန်နေတတ်ပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်နေ့စဥ်သတင်းစာ
ဘာသာပြန် ။ ။ Zhang Yinglin

“သစ်ပင်ပေါ်က ရေခဲမုန့်”လာစားကြစို့