တရုတ်-မြန်မာ နယ်စပ် ကျန်းဖုန်းနယ်စပ်ဂိတ် ကုန်သွယ်မှုပမာဏသည် ၂၀၂၃ ခုနှစ်တွင် ယွမ်သန်း ၃၂၀၀ ကျော်ရရှိခဲ့

2024-01-05 19:24:34
အရင်းအမြစ်:陇川县融媒体中心

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေတွင် ရွှေလီမြို့ လူဝင်ကြီးကြပ်မှု စစ်ဆေးရေးစခန်း ကျန်းဖုန်းစခန်းခွဲမှ တာဝန်ကျရဲများသည် နောက်ဆုံးအဝင်ကုန်ကားကို စစ်ဆေးခဲ့ပြီး တစ်နေ့တာ ဝန်ဆောင်မှုကို အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။ ထိုအချိန်အထိ တယ်ဟုန်ပြည်နယ်ခွဲ လုံချွမ်းခရိုင် ကျန်းဖုန်းနယ်စပ်ဂိတ်၏ ၂၀၂၃ ခုနှစ် ကုန်သွယ်မှုပမာဏသည် ယွမ်သန်း ၃၂၀၀ ကျော်ရရှိခဲ့ပြီး ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၅၀ % တိုးများလာခဲ့သည်။

၂၀၂၃ ခုနှစ်တွင် ကျန်းဖုန်းနယ်စပ်ဂိတ်သည် ပြည်ဝင်ပြည်ထွက်သယ်ယူပို့ဆောင်ရေးယာဉ် ၂၆,၀၀၀ ကျော်ကို စစ်ဆေးခဲ့ပြီး ကုန်စည်တန်ချိန် ၅၄၀,၀၀၀ ကျော်ကို အကောက်ခွန်ရှင်းလင်းခြင်း အာမခံခဲ့သည်။ အထူးသဖြင့် ဒီဇင်ဘာလတွင် လုံချွမ်းခရိုင်သည်၂၀၂၄ ခုနှစ် ကြံကြိတ်ရာသီ စတင်ရောက်ရှိလာသည်နှင့်အမျှ ကျန်းဖုန်းနယ်စပ်ဂိတ်ရှိ သွင်းကုန်ပို့ကုန် အကောက်ခွန်ရှင်းလင်းရေးသည်လည်း အထွတ်အထိပ်ကာလတွင် စတင်ကြိုဆိုလာပါသည်။ ကျန်းဖုန်းစခန်းခွဲသည် နေ့စဉ် ပျမ်းမျှစစ်ဆေးသည့် ကုန်ကားအရေအတွက်သည် အစီးရေ ၃၃၀ ကျော်ရှိပြီး နေ့စဉ် သွင်းကုန်ပို့ကုန် ပို့ဆောင်သော ပျမ်းမျှပမာဏမှာ တန်ချိန် ၄၀၀၀ ကျော်အထိ ရောက်ရှိခဲ့သည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ရွှေလီမြို့ လူ၀င်ကြီးကြပ်မှု စစ်ဆေးရေးစခန်း ကျန်းဖုန်းစခန်းခွဲ၊ လုံချွမ်းခရိုင်မီဒီယာစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin

တရုတ်-မြန်မာ နယ်စပ် ကျန်းဖုန်းနယ်စပ်ဂိတ် ကုန်သွယ်မှုပမာဏသည် ၂၀၂၃ ခုနှစ်တွင် ယွမ်သန်း ၃၂၀၀ ကျော်ရရှိခဲ့