“တရုတ် အသွင်ပုံစံ ခေတ်မီရေး တည်ဆောက်မှု ဘက်စုံ တွန်းအားပေးခြင်း”အမည်ဖြင့် စီးပွားရေး အခြေအနေ ဆိုင်ရာ ဟောပြောပွဲများ၏ စတုတ္ထ အကြိမ် ဟောပြောပွဲ ဘေကျင်းတွင် ကျင်းပ

2024-01-10 18:50:13
အရင်းအမြစ်:国际在线

“တရုတ် အသွင်ပုံစံ ခေတ်မီရေး တည်ဆောက်မှု ဘက်စုံ တွန်းအားပေးခြင်း”အမည်ဖြင့် စီးပွားရေး အခြေအနေ ဆိုင်ရာ ဟောပြောပွဲများ၏ စတုတ္ထ အကြိမ် ဟောပြောပွဲကို ယခုလ ၉ရက်နေ့က ဘေကျင်းတွင် ကျင်းပခဲ့ပါသည်။ ၄င်းဟောပြောပွဲတွင် တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဝမ်ဝင်ထောင်းက ၂၀၂၃ခုနှစ်၌ တရုတ် နိုင်ငံခြား ကုန်သွယ်ရေး သွင်းကုန်ပို့ကုန် ပမာဏနှင့် နိုင်ငံတကာ ဈေးကွက် ဝေစုများသည် ယေဘုယျအာဖြင့် တည်ငြိမ်ပြီး ဖွဲ့စည်းပုံ ပိုမိုကောင်းမွန်လာကာ တရုတ် နိုင်ငံခြား ကုန်သွယ်ရေး၏ ရေရှည်ခိုင်မာမှု များစွာ ရှိခြင်းကို အပြည့်အဝ ပြဆိုနေကြောင်း၊ လာမည့်အဆင့်တွင် တရုတ်နိုင်ငံသည် နိုင်ငံခြားကို အဆင့်မြင့် တံခါးဖွင့်မှုအား တိုးချဲ့ဆောင်ရွက်ပြီး နိုင်ငံခြား ကုန်သွယ်ရေး မောင်းနှင်အားအသစ်ကို ပြုစုပျိုးထောင်ကာ ဝန်ဆောင်မှု ကုန်သွယ်ရေးနှင့် ဒီဂျစ်တယ် ကုန်သွယ်ရေးစသည်များကို တိုးချဲ့၍ နိုင်ငံတကာ စီးပွားကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုကို နက်ရှိုင်းစေမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

“တရုတ် အသွင်ပုံစံ ခေတ်မီရေး တည်ဆောက်မှု ဘက်စုံ တွန်းအားပေးခြင်း”အမည်ဖြင့် စီးပွားရေး အခြေအနေ ဆိုင်ရာ ဟောပြောပွဲများ၏ စတုတ္ထ အကြိမ် ဟောပြောပွဲ ဘေကျင်းတွင် ကျင်းပ