“မင်္ဂလာ”မျှော်လင့်ခြင်းလယ်ယာမြေ ။ ။ တရုတ်-မြန်မာ နယ်စပ်ရှိ တရုတ်နိုင်ငံ ဆောင်းရာသီ အစိမ်းစားပြောင်းဖူးတို့၏ ဇာတိမြေ အတူလေ့လာကြစို့

2024-01-13 17:14:39
အရင်းအမြစ်:德宏州委宣传部

ဆောင်းရာသီ၏ အစိမ်းစားပြောင်းဖူးအား မြည်းစမ်း၍ တယ်ဟုန်၏ ချိုမြိန်သောဘဝကို ခံစားကြည့်ပါ။ ဒီဇင်ဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ၂၀၂၃ ခုနှစ် ယူနန်(တယ်ဟုန်) အစိမ်းစားပြောင်းဖူး ရောင်းချချိတ်ဆက်ရေးပွဲတော်ကြီးကို တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မန်စီမြို့တွင် ကျင်းပခဲ့ပါသည်။

ဒီဇင်ဘာလ ၆ ရက်နေ့ ညနေတွင် ကျင်းပသည့် ၂၀၂၃ ခုနှစ် ယူနန်(တယ်ဟုန်) အစိမ်းစားပြောင်းဖူး ရောင်းချချိတ်ဆက်ရေးပွဲတော်ကြီးနှင့် အစိမ်းစားပြောင်းဖူးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်တွင် တယ်ဟုန်ပြည်နယ်ခွဲသည် တရုတ်နိုင်ငံ အသီးအနှံများ ပျံ့နှံ့လည်ပတ်ရေးအသင်းမှ ပေးအပ်သည့် “တရုတ်နိုင်ငံ ဆောင်းရာသီ အစိမ်းစားပြောင်းဖူးတို့၏ ဇာတိမြေ”ဆိုသည့် ဂုဏ်ပုဒ်ကို ရရှိခဲ့ပါသည်။


ဖိုရမ်တွင် နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များနှင့် လုပ်ငန်းဆောင်ရွက်နေသူများသည် တစ်နေရာတည်းတွင် ကုန်ထုတ်မှု၊ ပညာရပ်ဆိုင်ရာ၊ သုတေသနပြုမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ သိပ္ပံနည်းပညာ စွမ်းဆောင်မှုတို့အား အဓိကထား၍ စားသုံးသူများနှင့် ယုံကြည်မှု ဆက်ဆံရေးအား တည်ဆောင်ပြီး အစိုးရ၊ ကုမ္ပဏီ၊ တောင်သူလယ်သမားစသည့် ဘက်ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ကာ တယ်ဟုန် အစိမ်းစား ပြောင်းဖူးအမှတ်တံဆိပ် တည်ဆောက်ရန်၊ ကုန်ထုတ်လုပ်ငန်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အကြံဉာဏ်များ ပေးခဲ့ကြပါသည်။

“တယ်ဟုန်ရဲ့ အစိမ်းစားပြောင်းဖူးက ဒီမြေပေါ်က အစိမ်းရောင်ရွှေတွေဖြစ်ပါတယ်။ ဆောင်းရာသီ၊ နွေဦးရာသီမှာ လယ်တွေထဲကနေ အထွက်ကောင်းခြင်းရဲ့ အပျော်တွေ ပျံ့လွင့်နေပြီး တောင်သူလယ်သမားတွေရဲ့ အပြုံးမျက်နှာတွေက ဒီဆောင်းရာသီရဲ့ အလှပဆုံးသော ရှုမျှော်ခင်းတစ်ခု ဖြစ်ပါတယ်။” တရုတ်နိုင်ငံ မျိုးစေ့အသင်း အစိမ်းစားပြောင်းဖူးအသင်းခွဲ ဒုတိယဥက္ကဋ္ဌ ကျာကျွင့်မှ တယ်ဟုန် အစိမ်းစားပြောင်းဖူးသည် ရိုးရာစိုက်ပျိုုးရေးပုံစံကို အသုံးပြုထားသဖြင့် ရွက်တဲကြီးများမလိုအပ်ဘဲ သဘာဝနေရောင်ခြည်နှင့် မြူနှင်းတို့အား လက်ခံရယူပါသည်။ အခြားသောဒေသများမှ အရည်အသွေးမြင့် လယ်ယာထွက်ကုန်များနှင့် မတူညီပါဟု ဆိုပါသည်။ ၎င်းမှ တယ်ဟုန်သည် ဈေးကွက်တိုးချဲ့၍ ထိပ်တန်းကုမ္ပဏီများကို တက်ကြွစွာ ဖိတ်ခေါ်ပြီး အစိမ်းစားပြောင်းဖူး၏ လတ်ဆတ်မှုထိန်းသိမ်းခြင်း၊ အအေးခန်းပြုလုပ်ခြင်း၊ အချောကိုင်ခြင်း(ရေခဲရိုက်ခြင်း၊ အလုံပိတ်ခြင်းနှင့် ပြောင်းဖူးစေ့အသုံးချခြင်း) စသည့်အပိုင်းများတွင် တိုးတက်ထိုးဖောက်မှု ရရှိစေသင့်ပါသည်ဟု ယူဆပါသည်။

“အစိမ်းစားပြောင်းဖူးက အရသာကောင်းတဲ့ ကျန်းမာရေးအစားအစာတစ်မျိုးအဖြစ် ပိုမိုများပြားတဲ့ စားသုံးသူတွေရဲ့ ကြိုက်နှစ်သက်မှုကို ရရှိလာပါတယ်။ ယခုနှစ်ပိုင်းမှာ စားသုံးမှုနှုန်းထား မြင့်မားလာခြင်း၊ စားသုံးမှုအနေအထား မျိုးစုံလင်လာခြင်း၊ စားသုံးမှုပုံစံ သီးခြားဖြစ်လာခြင်း၊ စားသုံးသူ အသက်အရွယ် ငယ်ရွယ်လာခြင်းတွေ ဖြစ်ပေါ်လာပါတယ်။ စစ်တမ်းတွေအရ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ၆၀ %သော စားသုံးသူတွေက လစဉ်လတိုင်း အစိမ်းစားပြောင်းဖူး ဝယ်ယူသုံးစွဲကြပါတယ်”ဟု ရှန်ဟိုင်းမြို့ စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီ စိုက်ပျိုးရေးအသီးအနှံဌာန ဒုတိယညွှန်ကြားရေးမှူး ကျန့်ဟုန်ကျန့်မှ ဆိုပါသည်။ ၎င်းမှ တယ်ဟုန် အစိမ်းစားပြောင်းဖူး ထုတ်လုပ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးသည် ဈေးကွက်အသွင်သဏ္ဍာန်၊ ဖွံ့ဖြိုးတိုးတက်ရေးဉီးတည်ချက်၊ သေချာတိကျစွာနေရာသတ်မှတ်ခြင်း၊ ဈေးနှုန်းစနစ်များတွင် ပိုမိုအားစိုက်သင့်ကြောင်း၊ သိပ္ပံနည်းပညာ ရင်းနှီးမြှုပ်နှံစီမံချက်ချ၍ အားပေးခြင်းအား တိုးမြှင့်ဆောင်ရွက်၍ သိပ္ပံနည်းပညာဖြင့် အခက်အခဲများအား ပူးတွဲဖြေရှင်းခြင်းကို အကောင်အထည်ဖော်၍ မျိုးစိတ်သစ် ပျိုးထောင်ကာ အရည်အသွေးမြင့်မားသော အထူးပြောင်းဖူးမျိုးစိတ်များကို ပြန့်ပွားစေရန် ဆောင်ရွက်သင့်ကြောင်း၊ တယ်ဟုန်၏ သဘာဝအားသာချက်ကို အသုံးချ၍ ကုန်းပြင်မြင့် အထူးဝိသေသ ဂေဟစိုက်ပျိုးရေးကို ဖွံ့ဖြိုးတိုးတက်စေပြီး အော်ဂဲနစ်စိမ်းလန်းအမှတ်တံဆိပ်ကို တည်ဆောက်သင့်ကြောင်း၊ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများကို တက်ကြွစွာ ဖိတ်ခေါ်၍ ထိပ်တန်းကုမ္ပဏီအဖြစ် ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ကာ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်း တစ်သားတည်းကျမှုကို အကောင်အထည်ဖော်ပြီး ကုန်ထုတ်လုပ်ငန်းကွင်းဆက်အား ရှည်လျားစေခြင်းဖြင့် စီးပွားရေး အကျိုးသက်ရောက်မှု တိုးပွားစေရန် ဆောင်ရွက်သင့်ကြောင်း အကြံပြုခဲ့ပါသည်။

တက်ရောက်လာသော ကျွမ်းကျင်ပညာရှင်များသည် တယ်ဟုန် အစိမ်းစားပြောင်းဖူး၏ သက်ရောက်မှုနှင့် ဈေးကွက်လက်ခံမှုများအပေါ် မိမိတို့၏ အမြင်များကို ပြောကြားခဲ့ကြပါသည်။ အားလုံးမှ အနာဂတ်တွင် တယ်ဟုန်သည် အမှတ်တံဆိပ်ဦးဆောင်မှုကို ခိုင်မာစွာဆောင်ရွက်၍ ပထဝီအနေအထား ပတ်ဝန်းကျင် အားသားချက်ကို ပြည့်ဝစွာ အသုံးချပြီး သစ်သီးပြောင်းဖူး ကုန်ထုတ်လုပ်ငန်းကွင်းဆက်နှင့် တန်ဖိုးကွင်းဆက် ပလက်ဖောင်းတည်ဆောက်ခြင်းများမှ အစိမ်းစားပြောင်းဖူး ကုန်ထုတ်လုပ်ငန်း၏ ဘက်ပေါင်းစုံ အကျိုးသက်ရောက်မှုကို မပြတ်တိုးမြှင့်ကာ တယ်ဟုန် အစိမ်းစားပြောင်းဖူးကို နယ်မြေဖြတ်ကျော် လယ်ယာစိုက်ပျိုးရေး ထိပ်တန်းတင်ပို့ကုန်ပစ္စည်းဖြစ်လာစေရပါမည်။ တောင်အာရှ၊ အရှေ့တောင်အာရှ၊ အိန္ဒိယသမုဒ္ဒရာပတ်လည်နယ်မြေများသို့ ပြန့်ပွားနိုင်သည့် အဓိက ထုတ်ကုန်ပစ္စည်းဖြစ်လာပြီး သိပ္ပံနည်းပညာဖြင့် လယ်ယာစိုက်ပျိုးမှု တိုးတက်လာစေရေး၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးတို့၏ အားကောင်းသော ကဏ္ဍတစ်ခု ဖြစ်လာစေရပါမည်။

ဆောင်းပါးအရင်းအမြစ်။ ။ တယ်ဟုန်ပြည်နယ်ခွဲ ပြန်ကြားရေးဌာန
ဘာသာပြန် ။ ။ မင်္ဂလာ

“မင်္ဂလာ”မျှော်လင့်ခြင်းလယ်ယာမြေ ။ ။ တရုတ်-မြန်မာ နယ်စပ်ရှိ တရုတ်နိုင်ငံ ဆောင်းရာသီ အစိမ်းစားပြောင်းဖူးတို့၏ ဇာတိမြေ အတူလေ့လာကြစို့