တရုတ်-မြန်မာ လိမ္မော်သီးလုပ်ငန်း၊ အပူပိုင်းဒေသနှင့် အပူလျော့ပိုင်းဒေသ စီးပွားဖြစ်သီးနှံ သိပ္ပံနည်းပညာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြ

2024-01-13 17:17:00
အရင်းအမြစ်:中国驻缅大使馆 凰眼观缅

ယူနန်ပြည်နယ် စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီ အပူပိုင်းဒေသနှင့် အပူလျော့ပိုင်းဒေသ စီးပွားဖြစ်သီးနှံ သုတေသနဌာနနှင့် မြန်မာနိုင်ငံ မျိုးစေ့အသင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတို့သည် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် တရုတ်-မြန်မာ လိမ္မော်သီးလုပ်ငန်း၊ အပူပိုင်းဒေသနှင့် အပူလျော့ပိုင်းဒေသ စီးပွားဖြစ်သီးနှံ သိပ္ပံနည်းပညာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့သည်။

ယူနန်ပြည်နယ် စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီ အပူပိုင်းဒေသနှင့် အပူလျော့ပိုင်းဒေသ စီးပွားဖြစ်သီးနှံ သုတေသနဌာနမှကိုယ်စားလှယ်က မြန်မာနိုင်ငံလိမ္မော်သီးလုပ်ငန်းနှင့် အပူပိုင်းဒေသ၊ အပူလျော့ပိုင်းဒေသ စီးပွားဖြစ်သီးနှံသည် ကျယ်ပြန့်သောဖွံ့ဖြိုးတိုးတက်မှု အလားအလာရှိကြောင်း၊ အနာဂတ်တွင် လိမ္မော်သီးမျိုးစိတ်များ ရွေးချယ်ပျိုးထောင်ခြင်း၊ အပူပိုင်းဒေသနှင့် အပူလျော့ပိုင်းဒေသ စီးပွားဖြစ်သီးနှံ စိုက်ပျိုးရေးနည်းပညာ သုတေသနပြုလုပ်ခြင်း စသည့်ကဏ္ဍများတွင် မြန်မာနိုင်ငံနှင့်အတူ နက်ရှိုင်းစွာ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်ပြီး တရုတ်-မြန်မာ စိုက်ပျိုးရေးစီးပွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အဆက်မပြတ်မြှင့်တင်လိုကြောင်း ပြောကြားခဲ့သည်။

မြန်မာကိုယ်စားလှယ်က ယခုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းသည် မြန်မာနိုင်ငံကို များစွာအကျိုးဖြစ်ထွန်းစေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ခေတ်မီသော သိပ္ပံနည်းကျ စိုက်ပျိုးရေးနည်းပညာနှင့် မျိုးစေ့ကောင်းများ ရွေးချယ်ပျိုးထောင်ခြင်း နည်းပညာများကို လေ့လာသင်ယူထိုက်ကြောင်း၊ အနာဂတ်တွင် စိုက်ပျိုးရေးနည်းပညာ၊ လယ်ယာထွက်ကုန် ကုန်ချောထုတ်လုပ်ခြင်း၊ လယ်ယာထွက်ကုန်များ ပို့ကုန်သွင်းကုန် ကုန်သွယ်ရေး စသည့်ကဏ္ဍတွင် ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှု အလားအလာများရှိလာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

တရုတ်-မြန်မာ လိမ္မော်သီးလုပ်ငန်း၊ အပူပိုင်းဒေသနှင့် အပူလျော့ပိုင်းဒေသ စီးပွားဖြစ်သီးနှံ သိပ္ပံနည်းပညာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြ