တရုတ်-မြန်မာ နယ်စပ်ဒေသ နိုင်ငံဖြတ်ကျော် နှစ်သစ်ကူးညပျော်ပွဲရွှင်ပွဲ လုံချွမ်းခရိုင်တွင် ကျင်းပခဲ့

2024-01-15 13:36:46
အရင်းအမြစ်:德宏团结报

ယခုရက်ပိုင်းတွင် ၂၀၂၄ ခုနှစ် တယ်ဟုန်ပြည်နယ်ခွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ နိုင်ငံဖြတ်ကျော် ညပျော်ပွဲရွှင်ပွဲကို လုံချွမ်းခရိုင်တွင်ကျင်းပပြီး နှစ်နိုင်ငံအနုပညာရှင်များသည် ပူးပေါင်းဆောင်ရွက်၍ တင်ဆက်ဖျော်ဖြေကြကာ နှစ်သစ်ကို အတူတကွ ကြိုဆိုလာပါသည်။

 

" ဥဒေါင်းကရင်းနှင့် နှစ်သစ်ကူးကြိုဆို " အကဖြင့် စတင်တင်ဆက်ဖျော်ဖြေလာပါသည်။ တရုတ်နိုင်ငံ တယ်ဟုန်ပြည်နယ်ခွဲနှင့် မြန်မာနိုင်ငံတို့မှ အနုပညာရှင်များသည် စင်မြင့်ပေါ်တွင် ဖျော်ဖြေတင်ဆက်ကြပြီး အက၊ သရုပ်ဖော်အက၊ သီချင်းများ၊ သံပြိုင်သီဆိုခြင်း၊ တူရိယာတီးမှုတ်ခြင်းနှင့် ကဗျာလွတ်ရွတ်ဆိုခြင်းတို့ဖြင့် ခမ်းနားထည်ဝါသော ပွဲအခမ်းအနားကို ပရိသတ်များအတွက် သယ်ဆောင်လာကြသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ တယ်ဟုန်ပြည်နယ်ခွဲစည်းလုံးညီညွတ်ရေးသတင်းစာ
ဘာသာပြန် ။ ။ Zhang Yinglin

တရုတ်-မြန်မာ နယ်စပ်ဒေသ နိုင်ငံဖြတ်ကျော် နှစ်သစ်ကူးညပျော်ပွဲရွှင်ပွဲ လုံချွမ်းခရိုင်တွင် ကျင်းပခဲ့