ထိုင်ဝမ်အခြေအနေနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ တည်ကြည်လေးနက်သော သဘောထား ရပ်တည်ချက်ကို ဝမ်ယိ ရှင်းလင်းပြောကြား

2024-01-15 15:06:54
အရင်းအမြစ်:国际在线

ဒေသစံတော်ချိန် ဇန်နဝါရီလ ၁၄ ရက်နေ့က အီဂျစ်နိုင်ငံ၌ ခရီးလှည့်လည်နေသော တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ကိုင်ရိုမြို့၌ အီဂျစ် နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံခဲ့ပြီးနောက် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပါသည်။

ထိုင်ဝမ် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ဝမ်ယိက ထိုင်ဝမ်ဒေသ ရွေးကောက်ပွဲသည် တရုတ်နိုင်ငံ၏ ဒေသဆိုင်ရာ ရေးရာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ၏ ရလဒ် မည်သို့ပင် ဖြစ်ဖြစ် ကမ္ဘာပေါ်တွင် တရုတ်ပြည် တစ်ပြည်တည်းသာရှိပြီး ထိုင်ဝမ်က တရုတ်ပြည်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည့် အခြေခံ ဖြစ်ရပ်မှန်ကို ပြောင်းလဲနိုင်မည် မဟုတ်သလို နိုင်ငံတကာ မိသားစုကြီးက တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို စွဲကိုင်သည့် ကျယ်ပြန့်သော သဘောတူညီမှုကို ပြောင်းလဲ နိုင်မည်လည်း မဟုတ်ကြောင်း၊ ထိုင်ဝမ်သည် မည်သည့်အချိန်တုန်းကမှ နိုင်ငံ တစ်နိုင်ငံ မဟုတ်ကြောင်း၊ အတိတ်ကလည်း မဟုတ်ခဲ့သလို အနာဂတ်မှာလည်း နိုင်ငံတစ်နိုင်ငံ ဖြစ်လာမှာ မဟုတ်ကြောင်း၊ ထိုင်ဝမ် သီးခြားတည်ရှိရေးသည် ဘယ်သောအခါမှ အထ မမြောက် နိုင်ကြောင်း၊ အတိတ်မှာလည်း အထမမြောက်ခဲ့သလို အနာဂတ်မှာလည်း လုံးဝ အထမြောက်နိုင်မည် မဟုတ်ကြောင်း၊ နိုင်ငံတကာ၌ တစ်ဦးဦးက တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို ကျောခိုင်းဖောက်ဖျက်လျှင် တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းနှင့် တရုတ်ပြည် အချုပ်အခြာအာဏာကို ကျူးလွန်ခြင်း ဖြစ်ပြီး တရုတ်ပြည်သူတစ်ရပ်လုံးနှင့် နိုင်ငံတကာ မိသားစုကြီး၏ အတူတကွ ဆန့်ကျင်မှုကို ကျိန်းသေ ခံရလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထိုင်ဝမ်အခြေအနေနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ တည်ကြည်လေးနက်သော သဘောထား ရပ်တည်ချက်ကို ဝမ်ယိ ရှင်းလင်းပြောကြား