“မင်္ဂလာ”မျှော်လင့်ခြင်းလယ်ယာမြေ ။ ။ တရုတ်-မြန်မာနယ်စပ်ရှိ ကျေးရွာငယ်တွင် ဂေဟစနစ်ငါးမွေးမြူခြင်းသည် ကျေးလက်ပြန်လည်ရှင်သန်ရေးကို အထောက်အကူပြု

2024-01-16 19:33:45
အရင်းအမြစ်:镇康县融媒体中心

တရုတ်နွေဦးပွဲတော် နီးကပ်လာသည်နှင့်အမျှ တရုတ်-မြန်မာနယ်စပ် ကျိန့်ခမ်းခရိုင် မွန်ဘန်ကျေးရွာရှိ ဂေဟစနစ်ငါးမွေးမြူရေးကန်တွင် အလွန်စည်ကားနေပါသည်။

ငါးကို အစာကျွေးရန်အတွက် အိမ်တွင် စိုက်ပျိုးထားသော ကောက်မြက်၊ တောင်မြက်၊ ပြောင်းဖူးရွက်နှင့် ငှက်ပျောကြော်များကိုသာအသုံးပြုကြောင်း မွေးမြူရေးသမား လူရှောက်ရှစ်က ဂုဏ်ယူစွာ ပြောကြားပါသည်။ ဤစစ်မှန်သော ဂေဟစနစ်မွေးမြူနည်းသည် "မွန်ဘန်ကျေးရွာ ဂေဟစနစ်ငါး" အမှတ်တံဆိပ်ကို စျေးကွက်တွင် အလွန်ရေပန်းစားစေခဲ့သည်။

လက်ရှိတွင် ကျေးရွာရှိ အဖွဲ့ဝင် ၁၀၂ ဦးသည် ငါးမွေးမြူရေးအသင်းတွင် ပူးပေါင်းပါဝင်လာပြီဖြစ်သည်။ မွေးမြူရေးဧရိယာမှာ တရုတ်ဧက ၁၅၀ ကျော်ရှိပါသည်။ နွေဦးပွဲတော်အတွင်းတွင် ဂေဟစနစ်ငါး တန်ချိန် ၁၅၀ ကျော် ရောင်းချနိုင်ရန်မျှော်လင့်ထားပြီး နှစ်စဉ် စီးပွားရေး ဝင်ငွေ ယွမ် ၄.၅ သန်းအထိ ရှိလာမည်ဟု ခန့်မှန်းထားပါသည်။

မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအပြင် ဂေဟစနစ်ငါးများကလည်း ဒေသတွင်း စားသောက်ဆိုင်လုပ်ငန်း သာယာဝပြောရေးကို တွန်းအားပေးခဲ့သည်။ လက်ရှိတွင် အဆိုပါကျေးရွာ၌ ဂေဟစနစ်ငါးများကို အထူးပြု လုပ်ကိုင်သည့် လယ်ယာရိပ်သာတည်းခိုခန်း ၄ ခုရှိပြီး စားသောက်သူအများအပြားလာရောက်မြည်းစမ်းရန် ဆွဲဆောင်လျက်ရှိသည်။

ငါးမွေးမြူရေးခြံပိုင်ရှင် လီကျူက ၎င်းတို့၏ လုပ်ငန်းသည် ပိုမိုတိုးတက်ကောင်းမွန်လာပြီး လစဉ်ဝင်ငွေသည် ယွမ် ၇၀၀၀ မှ ၈၀၀၀ ထိရှိလာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် အခြားလယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို မနှောင့်နှေးစေဘဲ အိမ်ရှေ့တွင်ပင် အလုပ်အကိုင်များရှာဖွေလုပ်ကိုင်နိုင်ပြီး တစ်နှစ်ကို ယွမ် ၂၀၀၀၀ မှ ၃၀၀၀၀ ထိ စုဆောင်းနိုင်ကြောင်း ၎င်းက ဆက်လက်ပြောပြပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ကျိန့်ခမ်းခရိုင်မီဒီယာစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin

“မင်္ဂလာ”မျှော်လင့်ခြင်းလယ်ယာမြေ ။ ။ တရုတ်-မြန်မာနယ်စပ်ရှိ ကျေးရွာငယ်တွင် ဂေဟစနစ်ငါးမွေးမြူခြင်းသည် ကျေးလက်ပြန်လည်ရှင်သန်ရေးကို အထောက်အကူပြု