တရုတ်-မြန်မာနယ်စပ် လန်ချန်းမြစ်နံဘေး တံတားစောင့်သူ

2024-01-17 19:18:44
အရင်းအမြစ်:云县融媒体中心

ဘေးကင်းရေးခါးပတ်တစ်စုံ၊ လက်အိတ်တစ်စုံ၊ စစ်ဆေးရေးတူတစ်ချောင်း၊ သံမဏီတိပ်တိုင်းထွာတစ်ခု၊ အမှတ်အသားဘောပင်တစ်ချောင်း၊ မှတ်တမ်းစာအုပ်တစ်အုပ်စသဖြင့် သယ်ဆောင်လာသော တရုတ်-မြန်မာနယ်စပ်ရှိ လင်ချန်းမြို့၏ ယူရှန်ခရိုင် အဝေးပြေးလမ်းစီမံခန့်ခွဲရေးညွှန်ကြားရေးဌာနခွဲ လန်ချန်းမြစ် တံတားကြီးစီမံခန့်ခွဲရေးဌာန ဌာနမှူး ရွှမ်းမင်းထောင်သည် အမြင့် ၉၀ မီတာ၌ တစ်နေ့တာလုပ်ငန်းကို အရုဏ်တက်ချိန်တွင် စတင်ခဲ့သည်။

အရှည် ၇၆၀ မီတာရှိပြီး ပင်မအရှည် ၃၈၀ မီတာရှိသော လန်ချန်းမြစ်ကူးတံတားသည် မော်တော်ယဉ်များ ဖြတ်သန်းရန် စက္ကန့် ၃၀ သာကြာသော်လည်း တူညီသော ခရီးစဉ်တစ်လျောက် လျှောက်လှမ်းရန် ရွှမ်းမင်းထောင်သည် နှစ်နာရီကျော် ကြာပါသည်။ သူသည် ယင်းခရီးစဥ်ကို ၁၁ နှစ် လှမ်းချီခဲ့ပြီဖြစ်ပါသည်။

လွန်ခဲ့သော ၁၁ နှစ်အတွင်းတွင် ရွှမ်းမင်းထောင်သည် စုစုပေါင်း ၅၇၄၉၄၈၀ မီတာ တက်ခဲ့ပြီး တံတားကို လှည့်ပတ်မှု ၄၀၁၅ ကြိမ် ပြုလုပ်ခဲ့သည်။ သူသည် လန်ချန်းမြစ်နံဘေးတွင် ထင်ရှားသော တံတားစောင့်တစ်ဦး ဖြစ်လာခဲ့သည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ယူရှန်ခရိုင်မီဒီယာစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin

တရုတ်-မြန်မာနယ်စပ် လန်ချန်းမြစ်နံဘေး တံတားစောင့်သူ