“မင်္ဂလာ”မျှော်လင့်ခြင်းလယ်ယာမြေ ။ ။  တရုတ်လူငယ်တာ့မုန်နှင့် သူ၏ “ထောပတ်သီးကမ္ဘာ”စိုက်ပျိုးခြံ

2024-01-22 18:36:14
အရင်းအမြစ်:普洱发布

တရုတ်နိုင်ငံ၏ "ထောပတ်သီး၏မွေးရပ်မြေ" ဖြစ်သော ယူနန်ပြည်နယ် မွန်လျန်ခရိုင်တွင် ၁၉၉၀ ပြည့်လွန်နှစ်ပိုင်း မွေးဖွားသည့် လူငယ် "လယ်သမားအသစ်" တာ့မုန် ရှိပေသည်။

တာ့မုန်သည် ခရီးသွားအတွေ့အကြုံမျှဝေသူနှင့် ဓာတ်ပုံဆရာအဖြစ် လုပ်ကိုင်ခဲ့ပြီး နိုင်ငံပေါင်း ၃၀ ကျော်သို့ သွားရောက်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် သူသည် မွန်လျန်ခရိုင်သို့ ရောက်ရှိလာပြီး မွန်လျန်တွင် အခြေစိုက်နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။ တာ့မုန်သည် ပထမဆုံး အခြေစိုက်စိုက်ပျိုးရေးစခန်းကို ထူထောင်ပြီး စတင်စိုက်ပျိုးခဲ့သည်။ ထောပတ်သီးများအပြင် တာ့မုန်သည် မြေပဲ၊ သံပုရာသီး၊ မက္ကာဒေးမီးယား အသီးများနှင့် အခြားသော သီးနှံများကို မြေကြီးတွင် စိုက်ပျိုးခဲ့သည်။ တာ့မုန်သည် သူ၏စိုက်ပျိုးခြံကို "ထောပတ်သီးကမ္ဘာ" ဟု အမည်ပေးထားပါသည်။

"ထောပတ်သီးကမ္ဘာ"သည် ထောပတ်သီးစိုက်ပျိုးခြင်းဖြင့် ဒေသခံများအား ဦးဆောင်၍ ထုတ်လုပ်မှုလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်လာစေရုံသာမက လယ်ယာမြေဂေဟစနစ်ဆိုင်ရာ အကြံပြုချက်အချို့ကိုလည်း သင်ကြားပေးပါသည်။

ယနေ့တွင် တာ့မုန်၏ ထောပတ်သီးစိုက်ပျိုးရေးအခြေစိုက်စခန်းကို မူလ ၂၃ တရုတ်ဧကမှ တရုတ်ဧက ၂၆၀ သို့ တိုးချဲ့ခဲ့သည်။ ထောပတ်သီးထုတ်ကုန်များကို အွန်လိုင်းနှင့် အော့ဖ်လိုင်း ရောင်းချရေးလမ်းကြောင်းများစွာဖြင့် ရောင်းချခဲ့ပြီး ယခုနှစ် ထုတ်လုပ်မှုရာသီတွင် ရောင်းရငွေ ယွမ် ၁ သန်း ရရှိခဲ့သည်။ တာ့မုန်သည် တောင်သူ ၉၆ ဦးနှင့် ပူးပေါင်းကာ ထောပတ်သီးပင် ၅၀၀၀ ကို စိုက်ပျိုးခဲ့ပြီး ၎င်းတို့၏ အိမ်ရှေ့နှင့်အိမ်အနောက်ဘက်နေရာ (သို့) ကော်ဖီခင်းများတွင် ထောပတ်သီးပင်များ စိုက်ပျိုးရန် အားပေးကာ မြေယာအသုံးချမှု မြှင့်တင်စေရုံသာမက ဝင်ငွေလည်း တိုးများစေပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ဖူအော်သတင်း
ဘာသာပြန် ။ ။ Zhang Yinglin

“မင်္ဂလာ”မျှော်လင့်ခြင်းလယ်ယာမြေ ။ ။  တရုတ်လူငယ်တာ့မုန်နှင့် သူ၏ “ထောပတ်သီးကမ္ဘာ”စိုက်ပျိုးခြံ