ယူနန်ကို ကြည့်လိုက်ပါ ။ ။ လျူချွန်သည် ဓာတ်ပုံတစ်ပုံဖြင့် ပုဂ္ဂလိကစီးပွားရေး အဆင့်မြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ပြ

2024-01-27 15:43:52
အရင်းအမြစ်:云南网

“မကြာသေးမီက ကျွန်ုပ်တို့ရဲ့ ကျွမ်းကျင်လုပ်သားတွေဟာ ယူနန်ပြည်နယ်မှာ ပထမဆုံး နိုင်ငံတကာအဆင့်မြင့် စမတ် ကောက်ညှင်းဆီချက်ကိရိယာ (အစုံ)ကို စတင်လည်ပတ်ဖို့ မောက်စ်ကို နှိပ်လိုက်ပါတယ်။ ဒါက အောင်မြင်သော အစမ်းထုတ်လုပ်ရေးရဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။ ဆိုလိုတာက ယူနန်ပြည်နယ်ရဲ့ စားသုံးဆီ ထုတ်လုပ်ရေးလုပ်ငန်းဟာ အသေးစားစက်မှုလုပ်ငန်းမှ စမတ်ခေတ်သို့ ခြေလှမ်းလှမ်းနေပြီဖြစ်တယ်လို့ ကြွေးကြော်လိုက်တာ ဖြစ်ပါတယ်”ဟု ယူနန်တျန်ရှယ် ဆန်နှင့်စားသုံးဆီ ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ လျူချွန်သည် အဆိုပါဓာတ်ပုံကို လက်ညှိုးထိုးပြရင်းနှင့် ပြောကြားခဲ့ပါသည်။

ယခင်က ဤကဲ့သို့ စက်ကိရိယာအဟောင်းကို လည်ပတ်ရာတွင် အော်ပရေတာလုပ်သား ၁၀ ဦး လိုအပ်ခဲ့ကြောင်း၊ ယခုအခါ ကျွမ်းကျင်လုပ်သား ၃ ဦးသာ လိုအပ်သည်ဟု လျူချွန်က ပြောသည်။ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု၏ လမ်းကြောင်းကို လျှောက်လှမ်းရာတွင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် စမတ်စက်ကိရိယာများ အသုံးပြုမှုသည် လုပ်ငန်းများအား အကျိုးကျေးဇူးများ ရရှိစေပါသည်။

“ပြည်နယ်အစိုးရအနေနဲ့ ပုဂ္ဂလိကစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးမယ့် အစီအမံ ၂၅ ခု အပါအဝင် ကောင်းမွန်တဲ့ မူဝါဒတွေ ချမှတ်နိုင်ခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများသည် ယုံကြည်မှုအပြည့်ဖြင့် ရဲဝံ့စွာ လုပ်ဆောင်နိုင်ပါတယ်။ ပုဂ္ဂလိကစီးပွားရေးဟာ အလားအလာကောင်း များစွာ ရှိပါတယ်။ လုပ်ရပ်တွေကနေတစ်ဆင့် ယုံကြည်မှုကို ရရှိနိုင်ပါတယ်။ စကားလုံးတွေပြောနေရုံနဲ့ မပြီးနိုင်ပါဘူး၊ ခြေထောက်တွေကို ရွှေ့ပြီး ခြေလှမ်းတွေ လှမ်းရပါမယ်”ဟု လျူချွန်က ဆက်လက်ပြောကြားပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်နေ့စဥ် သတင်းစာ
ဘာသာပြန် ။ ။ Zhang Yinglin

ယူနန်ကို ကြည့်လိုက်ပါ ။ ။ လျူချွန်သည် ဓာတ်ပုံတစ်ပုံဖြင့် ပုဂ္ဂလိကစီးပွားရေး အဆင့်မြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ပြ