၂၀၂၄ ခုနှစ်တွင် ယူနန်က မည်သို့သောပုံစံဖြစ်လာမည်နည်း။ ။ တရုတ်-လာအို ရထားလမ်းသည် ခရီးသည် ၂၅ သန်းကျော်နှင့် ကုန်စည်တန်ချိန် သန်း ၃၀ ကျော် သယ်ယူပို့ဆောင်ခဲ့

2024-01-29 12:14:51
အရင်းအမြစ်:云南网

၂၀၂၃ ခုနှစ်တွင် ယူနန်ပြည်နယ်၏ တံခါးဖွင့်မှု ပူးပေါင်းဆောင်ရွက်မှုသည် အခင်းအကျင်းအသစ်ကို ဖွင့်လှစ်ခဲ့သည်။ "ရှန်ဟိုင်း-ယူနန် လန်ချန်း-မဲခေါင် လမ်းကြောင်း", " လန်ချန်း-မဲခေါင် ချုံချင့်-ချိန်တူ-ဥရောပ မြန်နှုန်းမြင့်လမ်းကြောင်း" နှင့် "တရုတ်-ဥရောပ + လန်ချန်း-မဲခေါင် လမ်းကြောင်း" နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး ရထားတွဲများကို ဆန်းသစ်တီထွင်စွာ ဖွင့်လှစ်ပြေးဆွဲခဲ့ပါသည်။

တရုတ်-လာအို ရထားလမ်း ဖွံ့ဖြိုးတိုးတက်မှုသည် မျှော်မှန်းထားသည်ထက် ကျော်လွန်၍ ခရီးသည် ၂၅ သန်းကျော်နှင့် ကုန်စည်တန်ချိန် သန်း ၃၀ ကျော်ကို ပို့ဆောင်ပေးခဲ့သည်။ သယ်ယူပို့ဆောင်ရေးနယ်ပယ်တွင် တရုတ်နိုင်ငံ၏ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် တိုက်ရိုက်အုပ်ချုပ်ရေးမြို့ ၃၁ ခု နှင့် "Belt and Road” အတူတည်ဆောက်သော နိုင်ငံ ၁၂ နိုင်ငံများ လွှမ်းခြုံထားပါသည်။

ယူနန်ပြည်နယ်၏ စမတ်နယ်စပ်ဂိတ်တည်ဆောက်မှုမှာ တရုတ်နိုင်ငံ၏ ရှေ့တန်းနေရာတွင်ရှိပြီး ယူနန်နယ်စပ်ဂိတ်များ၏ သွင်းကုန်ပို့ကုန် ပို့ဆောင်မှု ပမာဏသည် ၃၂.၂% မြင့်တက်လာသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်သတင်းကွန်ရက်
ဘာသာပြန် ။ ။ Zhang Yinglin

၂၀၂၄ ခုနှစ်တွင် ယူနန်က မည်သို့သောပုံစံဖြစ်လာမည်နည်း။ ။ တရုတ်-လာအို ရထားလမ်းသည် ခရီးသည် ၂၅ သန်းကျော်နှင့် ကုန်စည်တန်ချိန် သန်း ၃၀ ကျော် သယ်ယူပို့ဆောင်ခဲ့