၂၀၂၄ ခုနှစ်တွင် ယူနန်က မည်သို့သောပုံစံဖြစ်လာမည်နည်း။ ။ ၂၀၂၃ ခုနှစ်တွင် ယူနန်ပြည်နယ်၏ GDP သည် ပထမဆုံးအကြိမ် ယွမ် ၃ ထရီလီယံ ကျော်လွန်ခဲ့

2024-01-29 12:17:15
အရင်းအမြစ်:云南网

ယူနန်ပြည်နယ်၏ GDP သည် ၂၀၁၂ ခုနှစ်တွင် ယွမ် ၁ ထရီလီယံ ရောက်ရှိပြီးနောက် ၂၀၂၃ ခုနှစ်တွင် ပထမဆုံးအကြိမ် ယွမ် ၃ ထရီလီယံ ကျော်လွန်ခဲ့ပါသည်။

၂၀၂၃ ခုနှစ်တွင် ယူနန်ပြည်နယ်၏ GDP သည် ၄.၄% တိုးများပြီး သတ်မှတ်ထားသည့် အတိုင်းအတာနှင့်အထက်ရှိသော ထုတ်လုပ်မှုလုပ်ငန်းများ၏ ထပ်လောင်းတန်ဖိုးသည် ၅.၂% မြင့်တက်ပါသည်။ ပထမထုတ်လုပ်မှုလုပ်ငန်း(လယ်ယာစိုက်ပျိုးရေးလုပ်ငန်း)နှင့် တတိယထုတ်လုပ်မှုလုပ်ငန်း (ဝန်ဆောင်မှုလုပ်ငန်း)၏ ထပ်လောင်းတန်ဖိုးသည် ၄.၂% နှင့် ၅.၇% အသီးသီးတိုးများလာပြီး လူသုံးကုန်ပစ္စည်းများ၏ စုစုပေါင်းလက်လီရောင်းချမှုသည် ၆.၇% တိုးများလာသည်။ ပြည်သူပြည်သားများ၏ တစ်ဦးချင်း အသုံးပြုနိုင်သောဝင်ငွေသည် ၅.၅% တိုးလာပြီး စုစုပေါင်း စားနပ်ရိက္ခာစုစုပေါင်းထွက်ရှိမှုမှာ တန်ချိန် ၁၉.၇၄ သန်း ရှိ၍ သမိုင်းဝင်စံချိန်တင်ခဲ့သည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်သတင်းကွန်ရက်
ဘာသာပြန် ။ ။ Zhang Yinglin

၂၀၂၄ ခုနှစ်တွင် ယူနန်က မည်သို့သောပုံစံဖြစ်လာမည်နည်း။ ။ ၂၀၂၃ ခုနှစ်တွင် ယူနန်ပြည်နယ်၏ GDP သည် ပထမဆုံးအကြိမ် ယွမ် ၃ ထရီလီယံ ကျော်လွန်ခဲ့