၂၀၂၄ ခုနှစ်တွင် ယူနန်က မည်သို့သောပုံစံဖြစ်လာမည်နည်း။ ။ ထွန်းသစ်စစက်မှုလုပ်ငန်းလမ်းကြောင်းသစ်ကို ရှာဖွေဖောက်ထွက်ရန် ၂၀၂၄ ခုနှစ်တွင် ယူနန်၏ လုပ်ဆောင်ချက်များ

2024-01-29 12:20:03
အရင်းအမြစ်:云南网

၁၄ ကြိမ်မြောက် ယူနန်ပြည်နယ် ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ်အစည်းအဝေးကို ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် ကူမင်းမြို့၌ ခမ်းနားစွာ ဖွင့်လှစ်ခဲ့သည်။

ယူနန်ပြည်နယ်အစိုးရလုပ်ငန်းအစီရင်ခံစာအရ ယူနန်ပြည်နယ်သည် ၂၀၂၄ ခုနှစ်တွင် ထွန်းသစ်စစက်မှုလုပ်ငန်းလမ်းကြောင်းသစ်ကို ရှာဖွေဖောက်ထွက်ရန် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း၊ အလူမီနီယံ အစိမ်းရောင်ထုတ်လုပ်မှုလုပ်ငန်းအား နက်ရှိုင်းသော အချောကိုင်လုပ်ငန်းစဥ်နှင့် နောက်ဆုံးစက်မှုလုပ်ငန်းကွင်းဆက်အထိ တိုးချဲ့ဖော်ဆောင်ရန် တွန်းအားပေး၍ ထုတ်လုပ်မှုတန်ဖိုး ယွမ် ၁၃၀ ဘီလီယံအထိ ရှိမည်ဖြစ်ကြောင်း၊ ဆီလီကွန် photovoltaic လုပ်ငန်း၏ ဒေါင်လိုက်ပေါင်းစပ်မှုအခင်းအကျင်းပုံစံကို ပုံဖော်ရန် အရှိန်မြှင့်ပြီး ထပ်ပေါင်းတန်ဖိုးကို ၁၅% တိုးများစေမည်ဖြစ်ကြောင်း၊ ပါဝါနှင့် စွမ်းအင်သိုလှောင်သည့်ဘက်ထရီများကို အားကြိုးမာန်တက် ဖွံ့ဖြိုးတိုးတက်စေပြီး စွမ်းအင်သစ်ဘက်ထရီလုပ်ငန်း၏ ထပ်ပေါင်းတန်ဖိုးသည် ၃၀% တိုးလာမည်ဖြစ်ကြောင်း၊ ဇီဝထုတ်ကုန်လုပ်ငန်းအခြေစိုက်စခန်းကို တည်ဆောက်ပြီး တရုတ်တိုင်းရင်းဆေးပညာကို ပြန်လည်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဓိကပရောဂျက်များကို မြှင့်တင်ဆောင်ရွက်ကာ ဇီဝဆေးဝါးလုပ်ငန်းသည် လုပ်ငန်းလည်ပတ်ဝင်ငွေ ယွမ် ၃၆၀ ဘီလီယံရရှိရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ထောက်ပြထားသည်။

မိရိုးဖလာစက်မှုလုပ်ငန်းများ၏ နည်းပညာဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနှင့် အဆင့်မြှင့်တင်မှုကို အကောင်အထည်ဖော်ဆောင်ရမည်။ ပစ္စည်းအသစ်များ၊ ရှားပါးအဖိုးတန်သတ္တုများ၊ ခေတ်မီစက်ကိရိယာများထုတ်လုပ်ခြင်းနှင့် optoelectronics ကဲ့သို့သော ထွန်းသစ်စစက်မှုလုပ်ငန်းများကို အားကြိုးမာန်တက် ပြုစုပျိုးထောင်ပြီး ဉာဏ်ရည်တုနှင့် ဇီဝထုတ်လုပ်ရေးစသည့် အနာဂတ်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရမည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်သတင်းကွန်ရက်
ဘာသာပြန် ။ ။ Zhang Yinglin

၂၀၂၄ ခုနှစ်တွင် ယူနန်က မည်သို့သောပုံစံဖြစ်လာမည်နည်း။ ။ ထွန်းသစ်စစက်မှုလုပ်ငန်းလမ်းကြောင်းသစ်ကို ရှာဖွေဖောက်ထွက်ရန် ၂၀၂၄ ခုနှစ်တွင် ယူနန်၏ လုပ်ဆောင်ချက်များ