၂၀၂၄ ခုနှစ်တွင် ယူနန်က မည်သို့သောပုံစံဖြစ်လာမည်နည်း။ ။ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လက်တွေ့ကျမှုစီးပွားရေး၏ နက်ရှိုင်းသော ပေါင်းစည်းမှုကို မြှင့်တင်ဆောင်ရွက်မည်

2024-01-29 12:22:02
အရင်းအမြစ်:云南网

ယူနန်ပြည်နယ်သည် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လက်တွေ့ကျမှုစီးပွားရေး၏ နက်ရှိုင်းသော ပေါင်းစည်းမှုကို မြှင့်တင်ဆောင်ရွက်မည်ဖြစ်သည်။ တောင်အာရှနှင့် အရှေ့တောင်အာရှ၏ ကျယ်ကျယ် ပြန့်ပြန့် အကျိုးပြုသော နိုင်ငံတကာ ဆက်သွယ်ရေးအချက်အချာနေရာနှင့် အာကာသ သတင်းအချက်အလက် နိုင်ငံတကာဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစင်တာကို အရှိန်မြှင့်တင်၍ တည်ဆောက်မည်။

အများပြည်သူဒေတာအရင်းအမြစ်စနစ်ကို ပြီးပြည့်စုံအောင် ထူထောင်မည်။ 5G ပေါင်းစည်းထားသော အက်ပ်လီကေးရှင်းများ အသုံးပြုမှုကို မြှင့်တင်ပြီး နိုင်ငံတော်အဆင့် ဒေတာလုပ်ငန်းဆိုင်ရာ စမ်းသပ်သရုပ်ပြပရောဂျက် တည်ထောင်ရန်အတွက် လျှောက်ထားမည်။ စက်မှုလုပ်ငန်းသုံး အင်တာနက်ပလပ်ဖောင်း ၁၀ ခု၊ ဒစ်ဂျစ်တယ်အသွင်ပြောင်းမှုစံနှုန်းလုပ်ငန်း ၁၀ ခုနှင့် ဒစ်ဂျစ်တယ်အသွင်ပြောင်း အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း ၂၀ ခုကို ဖန်တီးတည်ဆောက်မည်။ ဒစ်ဂျစ်တယ်စီးပွားရေး၏ အဓိကစက်မှုလုပ်ငန်းများ၏ လည်ပတ်ဝင်ငွေသည် ၁၅% ထက် တိုးများစေမည်ဖြစ်သည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်သတင်းကွန်ရက်
ဘာသာပြန် ။ ။ Zhang Yinglin

၂၀၂၄ ခုနှစ်တွင် ယူနန်က မည်သို့သောပုံစံဖြစ်လာမည်နည်း။ ။ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လက်တွေ့ကျမှုစီးပွားရေး၏ နက်ရှိုင်းသော ပေါင်းစည်းမှုကို မြှင့်တင်ဆောင်ရွက်မည်