၂၀၂၄ ခုနှစ်တွင် ယူနန်က မည်သို့သောပုံစံဖြစ်လာမည်နည်း။ ။ ပလပ်စတစ်အစား ဝါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်မည်

2024-01-29 12:24:10
အရင်းအမြစ်:云南网

၂၀၂၄ ခုနှစ်တွင် ယူနန်ပြည်နယ်သည် အစိမ်းရောင် ကာဗွန်နည်းသော ဖွံ့ဖြိုးတိုးတက်မှုကို တစိုက်မတ်မတ် ဖော်ဆောင်ကာ သစ်တောစီးပွားရေးနှင့် ပလပ်စတစ်အစား ဝါးလုပ်ငန်းကို အားကြိုးမာန်တက် ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ပါသည်။

ယူနန်ပြည်နယ် ပြည်သူ့ကွန်ဂရက်၏ ကိုယ်စားလှယ်၊ ယူနန်ထုံပီကွမ်ပြည်နယ်အဆင့် သဘာဝဘေးမဲ့တော စီမံခန့်ခွဲရေးညွှန်ကြားရေးဌာနမှ အင်ဂျင်နီယာတစ်ဦးဖြစ်သော Dao Lei သည် အစိုးရလုပ်ငန်းအစီရင်ခံစာနှင့် တိုက်ဆိုင်သော အကြံဥာဏ်တစ်ခုရှိသည်။ ထိုသည်မှာ ဝါးသည် ကြီးထွားနှုန်းမြန်ပြီး ဆွေးမြေ့ပျက်စီးနိုင်သော ဇီဝလောင်စာပစ္စည်းအဖြစ် ပလတ်စတစ်အတွက် အရေးကြီးသော အစားထိုးတစ်ခုဖြစ်ကြောင်း သူမက ပြောကြားခဲ့သည်။

တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတွင် ဒေသထွက် ဝါး ၏ မျိုးစိတ် ၂၀ မျိုးနှင့် အမျိုးအစား ၈၂ မျိုးရှိသည့်အတွက် ယူနန်ပြည်နယ်နှင့် ကမ္ဘာတစ်ဝှမ်းရှိ ဝါးမျိုးစိတ်များပါဝင်မှုအရှိဆုံးနှင့် အချမ်းသာဆုံးဒေသများထဲမှတစ်ခုဖြစ်ကြောင်း Dao Lei က မိတ်ဆက်ပေးခဲ့သည်။ ပလပ်စတစ်အစား ဝါးလုပ်ငန်း၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးနှင့် အားသာချက်များကို မြှင့်တင်ဖြန့်ဖြူးရန်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးရန်၊ ပလပ်စတစ်အစား ဝါးလုပ်ပစ္စည်းများအပေါ် စားသုံးသူများ၏ သိရှိမှုနှင့် လက်ခံမှုကို မြှင့်တင်ရန်နှင့် ပလပ်စတစ်အစား ဝါးလုပ်ပစ္စည်းများအား ချဲ့ထွင်ရောင်းချမှုမှင့် အသုံးပြုမှုကို တွန်းအားပေးရန် အကောင်အထည်ဖော်ဆောင်ရွက်လိုကြောင်း သူမက ထင်မြင်ယူဆပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်သတင်းကွန်ရက်
ဘာသာပြန် ။ ။ Zhang Yinglin

၂၀၂၄ ခုနှစ်တွင် ယူနန်က မည်သို့သောပုံစံဖြစ်လာမည်နည်း။ ။ ပလပ်စတစ်အစား ဝါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်မည်