၂၀၂၄ ခုနှစ်တွင် ယူနန်က မည်သို့သောပုံစံဖြစ်လာမည်နည်း။ ။ ၂၀၂၄ ခုနှစ် ယူနန်၏ GDP ပန်းတိုင်ကို သတ်မှတ်၍ တိုးတက်မှု ၅% မျှော်မှန်းထား

2024-01-29 12:26:37
အရင်းအမြစ်:云南网

၁၄ ကြိမ်မြောက် ယူနန်ပြည်နယ် ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ်အစည်းအဝေးကို ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် ကူမင်းမြို့တွင် ခမ်းနားစွာ ဖွင့်လှစ်ခဲ့သည်။

ယူနန်ပြည်နယ် အစိုးရလုပ်ငန်းအစီရင်ခံစာအရ ၂၀၂၄ ခုနှစ်တွင် ယူနန်ပြည်နယ်၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမျှော်မှန်းထားသော ပန်းတိုင်များမှာ ဒေသဆိုင်ရာ GDP တိုးတက်မှုနှုန်း ၅% ခန့်၊ သတ်မှတ်အတိုင်းအတာအထက်ရှိ စက်မှုလုပ်ငန်းထည့်ဝင်တန်ဖိုး ၇% ခန့်၊ ထုတ်လုပ်မှုလုပ်ငန်းရင်းနှီးမြှုပ်နှံမှု ၁၀% အထက်၊ လူသုံးကုန် လက်လီရောင်းချမှု စုစုပေါင်းငွေပမာဏ ၇% ခန့်နှင့် သွင်းကုန်ပို့ကုန် စုစုပေါင်းပမာဏ ၃၀% ခန့် မြင့်တက်မည်ဖြစ်ကြောင်း၊ စစ်တမ်းကောက်ယူထားသော မြို့ပြအလုပ်လက်မဲ့နှုန်းမှာ ၅.၅% အတွင်းတွင်ရှိရမည်ဖြစ်ကြောင်း၊ စားသုံးသူစျေးနှုန်းညွှန်းကိန်းမှာ ၃% ခန့် မြင့်တက်မည်ဖြစ်ကာ စားနပ်ရိက္ခာစုစုပေါင်းအထွက်နှုန်းမှာ တန်ချိန် ၁၉.၃၉၅ သန်းကျော်တွင် တည်ငြိမ်မည်ဖြစ်ကြောင်း ထောက်ပြထားသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်သတင်းကွန်ရက်
ဘာသာပြန် ။ ။ Zhang Yinglin

၂၀၂၄ ခုနှစ်တွင် ယူနန်က မည်သို့သောပုံစံဖြစ်လာမည်နည်း။ ။ ၂၀၂၄ ခုနှစ် ယူနန်၏ GDP ပန်းတိုင်ကို သတ်မှတ်၍ တိုးတက်မှု ၅% မျှော်မှန်းထား