BANK OF CHINA (BOC) ရွှေလီဘဏ်ခွဲသည် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လုပ်ခလစာကို နယ်စပ်ဖြတ်ကျော် ငွေလွှဲခြင်းပုံစံသစ်ဖြင့် ဦးစွာ တီထွင်ဖော်ဆောင်ခဲ့

2024-01-29 12:28:50
အရင်းအမြစ်:德宏州委宣传部 中国银行瑞丽支行

ဇန်နဝါရီလ ၁၅ ရက်နေ့တွင် BANK OF CHINA (BOC) ရွှေလီဘဏ်ခွဲသည် ရွှေလီမြို့ဟွေ့ရန် အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီအတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လစဉ်လုပ်ခလစာကို အောင်မြင်စွာ ငွေလွှဲနိုင်ခဲ့ပါသည်။ BOC ၏ ကမ္ဘာလုံးဆိုင်ရာ နယ်စပ်ဖြတ်ကျော်ဝန်ဆောင်မှုကွန်ရက်ကို အခွင့်ကောင်းယူပြီး အဆိုပါငွေသည် တစ်နာရီအတွင်း ရန်ကုန်မြို့ရှိ BOC သို့ လွှဲပြောင်းပေးခဲ့ပြီး နောက်ဆုံးတွင် မြန်မာနိုင်ငံရှိ ၎င်းမြန်မာအလုပ်သမားများ၏ မိသားစုများလက်ထဲသို့ ရောက်ရှိခဲ့သည်။

ဤလုပ်ငန်းသည် တရုတ်ပြည်တွင်းတွင် အလုပ်ခေါ်ဆိုသော လုပ်ငန်းအဖွဲ့များ၏ မြန်မာရွှေ့ပြောင်းအလုပ်သမားများ လုပ်ခလစာကို နယ်စပ်ဖြတ်ကျော် ငွေလွှဲခြင်း ဖော်ဆောင်ခဲ့ပါသည်။ ဤနယ်စပ်ဖြတ်ကျော်ငွေလွှဲပုံစံ၏ အားသာချက်များစွာ ရှိပါသည်။ ပထမအချက်မှာ ငွေလွှဲရောက်ရှိမှု မြန်ဆန်ခြင်းဖြစ်သည်။ BOC ရန်ကုန်ဘဏ်ခွဲသည် ငွေလွှဲခြင်းအတွက် တိုက်ရိုက် ပါဝင်သောဘဏ် အနေဖြင့် မြန်မာနိုင်ငံသို့ ငွေလွှဲခြင်းမှာ ၁ နာရီအတွင်း ပေးပို့နိုင်သည်။ ဒုတိယအချက်မှာ အကောင်းဆုံး ငွေလဲနှုန်း ရရှိနိုင်ခြင်းဖြစ်ပါသည်။ ငွေလက်ခံသူသည် ယွမ်အား မြန်မာကျပ်အဖြစ် အကောင်းဆုံးငွေလဲနှုန်းဖြင့် လဲလှယ်နိုင်သည်။ တတိယအချက်မှာ ငွေလွှဲရာတွင် လုံခြုံရေး အာမခံခြင်းဖြစ်သည်။ လက်ရှိတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားအတွက် တရုတ်ပြည်တွင်းဘဏ် စာရင်းဖွင့်ရန် ခက်ခဲနေပါသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားသည် ၎င်းတို့၏ မိသားစုထံ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ငွေလွှဲနေရပါသည်။ ဘဏ်လမ်းကြောင်းများမှတဆင့် ငွေလွှဲခြင်းသည် ငွေ၏ လုံခြုံမှုကို အပြည့်အဝ အာမခံပါသည်။ တတိယအချက်မှာ ဘဏ်ကတ် ပိုင်ဆိုင်မှုနှုန်း နည်းပါးသော မြန်မာနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား၏ မိသားစုဝင်များသည် မြန်မာဘဏ်ကတ်များ ကိုင်ဆောင်ရန် မလိုအပ်ဘဲ ငွေလွှဲရန် ဖြစ်မြောက်နိုင်ခြင်းဖြစ်ပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ တယ်ဟုန်ပြည်နယ်ခွဲ ပြန်ကြားရေးဌာန၊ BOC ရွှေလီဘဏ်ခွဲ
ဘာသာပြန် ။ ။ Zhang Yinglin

BANK OF CHINA (BOC) ရွှေလီဘဏ်ခွဲသည် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လုပ်ခလစာကို နယ်စပ်ဖြတ်ကျော် ငွေလွှဲခြင်းပုံစံသစ်ဖြင့် ဦးစွာ တီထွင်ဖော်ဆောင်ခဲ့