တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် မောင်းသူမဲ့တက္ကစီဝန်ဆောင်မှုကို စတင်ခဲ့

2024-01-29 12:31:41
အရင်းအမြစ်:中国新闻网

ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဟန်ကျိုးမြို့အများပြည်သူစင်တာသည် မောင်းသူမဲ့တက္ကစီဝန်ဆောင်မှု ကို စတင်ခဲ့ပြီး မောင်းနှင်သည့်လမ်းကြောင်းများမှာ "ဟန်ကျိုးမြို့အများပြည်သူစင်တာ - ဟန်ကျိုးအရှေ့ဘက်ဘူတာ" နှင့် "ဟန်ကျိုးမြို့အများပြည်သူစင်တာ - ရှောင်စန်းလေဆိပ်" တို့ဖြစ်သည်။

၎င်းသည် တရုတ်နိုင်ငံ၏ မြို့ပြဗဟိုနေရာ စမတ်အင်တာနက် ကားဂိတ်နှင့် အမြန်ရထားဘူတာရုံ ချိတ်ဆက်ထားသော ပထမဆုံး သရုပ်ပြပို့ဆောင်ရေးလိုင်းလည်းဖြစ်သည်။

မောင်းသူမဲ့ တက္ကစီကို မောင်းနှင်သည့်အခါတိုင်း ဘေးကင်းရေး အရာရှိတစ်ဦးသည် ယာဉ်နောက်သို့ လိုက်ပါပြီး ခရီးသွားလာမှု ဘေးကင်းစေရန် လိုအပ်သည့်အခါ အချိန်မရွေး ကိုယ်တိုင်မောင်းနှင်ခြင်းသို့ ပြောင်းလဲသွားမည်ဖြစ်ကြောင်း၊ ထိုနေ့၏ ကားစီးသည့် အတွေ့အကြုံအရ မော်တော်ယဉ်များသည် တစ်နာရီလျှင် ကီလိုမီတာ ၅၀ ခန့်အမြန်နှုန်းဖြင့် မောင်းနှင်ကြပြီး မြို့ပြလမ်းပိတ်ဆို့မှုကို ထိရောက်စွာ ရင်ဆိုင်ခဲ့နိုင်ကြောင်း သိရပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ တရုတ်သတင်းကွန်ရက်
ဘာသာပြန် ။ ။ Zhang Yinglin

တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် မောင်းသူမဲ့တက္ကစီဝန်ဆောင်မှုကို စတင်ခဲ့