တရုတ်နိုင်ငံက ကမ္ဘာ့အလုပ်အရှုပ်ဆုံးခရီးသွားရာသီ စတင်ပြီဖြစ်သဖြင့် ခရီးစဉ် ၉ ဘီလီယံရှိမည်ဟု ခန့်မှန်း

2024-01-29 15:08:53
အရင်းအမြစ်:新华社

တရုတ်နိုင်ငံသည် နွေဦးပွဲတော် သို့မဟုတ် တရုတ်နှစ်သစ်ကူး ရောက်ရှိရန် ၁၅ ရက်အလို ဇန်နဝါရီ ၂၆ ရက်တွင် နိုင်ငံ၏ အကြီးဆုံး နှစ်စဉ် ခရီးသွားလာမှုကို တရားဝင်စတင်ပြီဖြစ်ကာ ခရီးစဉ်အရေအတွက် စံချိန်တင်နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ခရီးသွားရာသီကာလအတွင်း ခရီးသည်ခရီးစဉ် ၉ ဘီလီယံခန့် ရှိလာနိုင်ကြောင်း တရုတ်နိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနအရ သိရသည်။

ယင်းအနက် ခရီးစဉ် ၇.၂ ဘီလီယံ သို့မဟုတ် ၈၀ ရာခိုင်နှုန်းမှာ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့် ခရီးထွက်ကြမည်ဖြစ်ကာ ၁.၈ သန်းမှာမူ ရထားများ၊ အဝေးပြေးလမ်းများ၊ ရေကြောင်းလမ်းများနှင့် လေကြောင်းခရီးစဉ်များဖြင့် ခရီးပြုကြမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

တရုတ်နိုင်ငံ မီးရထားလုပ်ငန်းက ယခုခရီးသွားရာသီအတွင်း ခရီးသည်ခရီးစဉ် သန်း ၄၈၀ ကိုင်တွယ်ဆောင်ရွက်နိုင်မည်ဟု မျှော်မှန်းထားကြောင်း၊ နေ့စဉ်ခရီးစဉ် ၁၂ သန်းခန့်ရှိနိုင်ကြောင်း၊ ယင်းပမာဏမှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃၇.၉ ရာခိုင်နှုန်း မြင့်တက်လာမည်ဖြစ်ကြောင်း၊ ခရီးသွားရာသီ၏ ပထမနေ့ဖြစ်သော ဇန်နဝါရီ ၂၆ ရက်တွင် ရထားခရီးစဉ် ၁၀.၆ သန်းခန့်ရှိနိုင်ကြောင်း မီးရထားလုပ်ငန်းက ယင်းနေ့၌ ပြောကြားခဲ့သည်။

ရက်ပေါင်း ၄၀ ကြာမြင့်မည့် အဆိုပါ ခရီးသွားကာလကို “chunyun” ဟု လူသိများပြီး ပြည်သူရာပေါင်းများစွာက နေရပ်ပြန်ကြမည်ဖြစ်သလို မိသားစုများ၊ မိတ်ဆွေများနှင့် ပြန်လည်ဆုံဆည်းကြမည်ဖြစ်သည်။

တရုတ်နိုင်ငံ ရထားလုပ်ငန်းတွင် လက်မှတ်ရောင်းချမှုအနေဖြင့် ဇန်နဝါရီ ၁၂ ရက်မှစ၍ လက်မှတ် သန်း ၂၃၀ ခန့် ရောင်းချပြီးဖြစ်ကာ ယခင်နှစ်ကထက် သိသိသာသာ မြင့်တက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံက ကမ္ဘာ့အလုပ်အရှုပ်ဆုံးခရီးသွားရာသီ စတင်ပြီဖြစ်သဖြင့် ခရီးစဉ် ၉ ဘီလီယံရှိမည်ဟု ခန့်မှန်း