တရုတ်နိုင်ငံ ကျီလင်ပြည်နယ် ကုန်းကျူလင်မြို့တွင် ရွှေပြောင်းဖူးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လျက်ရှိနေ

2024-01-29 18:16:42
အရင်းအမြစ်:新华社

ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျီလင်ပြည်နယ် ကုန်းကျူလင်မြို့ရှိ ကျီလင် တယ်လဲ့ လယ်ယာစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်တွင် အလုပ်သမားများသည် အစိမ်းစားပြောင်းဖူးများ သယ်ဆောင်နေကြပါသည်။ ကုန်းကျူလင်မြို့သည် “ရွှေပြောင်းဖူးစင်္ကြံ”တွင် တည်ရှိပြီး “တရုတ်နိုင်ငံ ပြောင်းဖူးဇာတိမြေ”ဟု ခေါ်ဆိုပါသည်။ နှစ်သစ်အစ ပြောင်းဖူးအချောကိုင်ထုတ်လုပ်ရေးလုပ်ငန်းများသည် ကြိုးစားအားထုတ်ပြီး ထုတ်လုပ်ရေးလုပ်ငန်း ဆောင်ရွက်လျက် ရှိနေပါသည်။ နွေဦးပွဲတော် နှစ်သစ်ကူးစျေးအတွက် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသ၏ ခွန်အားများကို ဆောင်ကြဥ်းလာပါသည်။

ယခုနှစ်ပိုင်းတွင် ကုန်းကျူလင်မြို့သည် အစိမ်းစားပြောင်းဖူး၊ ပြောင်းဖူးအချောကိုင်ထုတ်လုပ်ရေး၊ ပြောင်းဖူးအပိုထုတ်ကုန် တီထွင်ဆန်းသစ်ရေးစသည့် နယ်ပယ်များတွင် စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လျက်ရှိကာ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်၏ ထပ်ပေါင်းတန်ဖိုး မြှင့်တင်၍ ပြောင်းဖူးစိုက်ပျိုးရေးလုပ်ငန်း၏ သာယာဝပြောသော ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်လာစေခဲ့ပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ဆင်ဟွာသတင်းဌာန
ဘာသာပြန် ။ ။ Zhang Yinglin

တရုတ်နိုင်ငံ ကျီလင်ပြည်နယ် ကုန်းကျူလင်မြို့တွင် ရွှေပြောင်းဖူးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လျက်ရှိနေ