Nauru သမ္မတနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ပြန်လည် ထားရှိရေး အခမ်းအနား ကျင်းပ

2024-01-29 18:20:38
အရင်းအမြစ်:国际在线

Nauru သမ္မတနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး ပြန်လည် ထားရှိရေး အခမ်းအနားကို ဒေသစံတော်ချိန် ဇန်နဝါရီလ ၂၉ ရက်နေ့က Nauru နိုင်ငံ မေနင် ဟိုတယ်၌ ခမ်းခမ်းနားနား ကျင်းပခဲ့ပါသည်။

သံရုံး ပြန်လည် ထားရှိရေးလုပ်ငန်းအဖွဲ့ ခေါင်းဆောင် ဝမ်ရှုကွမ်က သံရုံး ပြန်လည် ထားရှိရေးသည် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ပြန်လည်ထားရှိရေး ပြန်တမ်းပါ အကြောင်းများ အကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာ အရေးကြီး ဆောင်ရွက်ချက် တစ်ရပ် ဖြစ်ကြောင်း China Media Group သတင်းထောက်နှင့် တွေ့ဆုံရာ တွင် ပြောကြားခဲ့ပါသည်။

Nauru သမ္မတနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ပြန်လည် ထားရှိရေး အခမ်းအနား ကျင်းပ