တရုတ်နိုင်ငံက Geely-02 ဂြိုဟ်တုများ လွှတ်တင်

2024-02-05 13:59:02
အရင်းအမြစ်:新华社

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်တု ၁၁ စင်းအား အာကာသအတွင်းသို့ ဖေဖော်ဝါရီ ၃ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

Geely-02 ဂြိုဟ်တု ၁၁ စင်း ပါဝင်သော ဂြိုဟ်တုအစုအဝေးကို သယ်ဆောင်ထားသည့် Long March-2C သယ်ဆောင်ရေးဒုံးပျံအား လွှတ်တင်ရေးနေရာမှ ပေကျင်းစံတော်ချိန် နံနက် ၇:၃၇ နာရီက လွှတ်တင်ခဲ့ရာ သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

အဆိုပါ လွှတ်တင်မှုသည် Long March ဒုံးပျံစီးရီး၏ ၅၀၈ ကြိမ်မြောက် ပျံသန်းရေးမစ်ရှင်ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံက Geely-02 ဂြိုဟ်တုများ လွှတ်တင်