လေကြောင်းပြပွဲတွင် ပါဝင်ရန် C919 လေယာဥ်ကြီး စင်ကာပူသို့ တိုက်ရိုက်ပျံသန်း

2024-02-19 17:06:36
အရင်းအမြစ်:人民网

China Eastern Airlines ၏ ကမ္ဘာ့ပထမဆုံး C919 လေယာဉ်သည် ၆ နာရီနီးပါးနှင့် ကီလိုမီတာ ၄၂၀၀ ခန့် မရပ်မနားပျံသန်းပြီးနောက် ဖေဖော်ဝါရီ ၁၇ ရက် ဒေသစံတော်ချိန် ၁ နာရီ ၄၉ မိနစ်တွင် စင်ကာပူချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အောင်မြင်စွာရောက်ရှိခဲ့သည်။ ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၅ ရက်အထိ စင်ကာပူနိုင်ငံတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ် စင်ကာပူလေကြောင်းပြပွဲတွင် ပါဝင်ရန် ပြင်ဆင်နေခြင်းဖြစ်ပါသည်။

အဆိုပါစင်ကာပူလေကြောင်းပြပွဲ ကျင်းပမည့်ကာလအတွင်းတွင် China Eastern Airlines C919 အပါအဝင် COMAC မှထုတ်လုပ်သော ပြည်တွင်းလေယာဉ် ၅ စင်းသည် အများပြည်သူနှင့်တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံရပ်ခြားတွင် အုပ်စုအလိုက် ပထမဆုံးအကြိမ် ပြသမည်ဖြစ်သည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ပြည်သူ့ကွန်ရက်
ဘာသာပြန် ။ ။ Zhang Yinglin

လေကြောင်းပြပွဲတွင် ပါဝင်ရန် C919 လေယာဥ်ကြီး စင်ကာပူသို့ တိုက်ရိုက်ပျံသန်း