ကူမင်းဟိုင်ကိန့်ဆည်မြောင်းကြီးတွင် တရုတ်နွေဦးပွဲတော် အားလပ်ရက်အတွင်း စင်ရော်ရှုစားခြင်းခရီးစဉ် ဆက်လက် ရေပန်းစားလျက်ရှိ

2024-02-19 17:09:21
အရင်းအမြစ်:云南日报

ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ယူနန်ပြည်နယ် ကူမင်း တျိန်ချီဟိုင်ကိန့်ဆည်မြောင်းကြီးတွင် နှုတ်ခမ်းနီစင်ရော်များသည် ကောင်းကင်၌ ပျံဝဲနေပြီး လူအုပ်ကြီးကလည်း တဟုန်ထိုး ရောက်ရှိလာပါသည်။ တရုတ်နိုင်ငံတစ်ဝန်းမှ ခရီးသွားဧည့်သည်များသည် ဤနေရာတွင် စင်ရော်များကို အစာကျွေးရင်းနှင့် ရှုစားကြပါသည်။ စင်ရော်များနှင့်အတူ နွေဦးရာသီအားလပ်ရက်အတွင်း နွေဦးမြို့တော် ကူမင်း၏ စည်ကားမှုကို ပျော်ရွှင်စွာ ခံစားနိုင်ပါသည်။


နွေဦးပွဲတော်အားလပ်ရက်မှစတင်၍ ဟိုင်ကိန့်ဆည်မြောင်းကြီးတွင် စင်ရော်ရှုစားခြင်းခရီးစဉ်မှာ ဆက်လက် ရေပန်းစားလျက်ရှိပါသည်။
ဟိုင်ကိန့်ဇုန်တွင် ပျမ်းမျှနေ့စဉ်ယာဉ်အစီးရေ တစ်သိန်းဝန်းကျင်ရှိပြီး စင်ရော်ကြည့်ရှုသူဦးရေသည် တစ်သိန်းကျော်အထိ ဖြစ်လာခဲ့သည်။ နွေဦးပွဲတော်အားလပ်ရက်အတွင်း ကူမင်းမြို့တွင် လူစီးဆင်းမှု အများဆုံးသော အထင်ကရ ရှုခင်းသာနေရာ ဖြစ်လာခဲ့ပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်နေ့စဥ်သတင်းစာ

ဘာသာပြန် ။ ။ Zhang Yinglin

ကူမင်းဟိုင်ကိန့်ဆည်မြောင်းကြီးတွင် တရုတ်နွေဦးပွဲတော် အားလပ်ရက်အတွင်း စင်ရော်ရှုစားခြင်းခရီးစဉ် ဆက်လက် ရေပန်းစားလျက်ရှိ