၂၀၂၄ ခုနှစ် တရုတ်နွေဦးပွဲတော် အားလပ်ရက်အတွင်း တရုတ်နိုင်ငံ၏ ရုပ်ရှင်လက်မှတ်ဝင်ငွေ ၈.၀၆၁ ဘီလီယံယွမ် ရရှိ

2024-02-19 17:49:43
အရင်းအမြစ်:央视新闻客户端

တရုတ်နိုင်ငံ အမျိုးသားရုပ်ရှင်စီမံအုပ်ချုပ်ရေးဌာနချုပ်၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ် တရုတ်နွေဦးပွဲတော် အားလပ်ရက်အတွင်း (ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၇ ရက်နေ့အထိ) တရုတ်နိုင်ငံတစ်ဝန်းမှ ရုပ်ရှင်လက်မှတ်ဝင်ငွေသည် ၈.၀၆၁ ဘီလီယံယွမ် ရရှိပြီး ရုပ်ရှင်ကြည့်ပရိသတ်ဦးရေသည် ၁၆၃ သန်းရှိကြောင်း၊ ၂၀၂၃ ခုနှစ် တရုတ်နွေဦးပွဲတော် အားလပ်ရက်နှင့်နှိုင်းယှဉ်လျှင် ရုပ်ရှင်လက်မှတ်ဝင်ငွေနှင့် ရုပ်ရှင်ကြည့်ပရိသတ်ဦးရေတို့မှာ ၁၈.၄၇% နှင့် ၂၆.၃၆% အသီးသီး တိုးမြှင့်လာပြီး အလားတူကာလအတွင်း စံချိန်သစ်တင်ခဲ့ကြောင်း သိရပါသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၉ နာရီခွဲအထိ တရုတ်နိုင်ငံ၏ ရုပ်ရှင်လက်မှတ်ဝင်ငွေမှာ ၁၁.၀၈၁ ဘီလီယံယွမ် ရရှိကာ တရုတ်ပြည်တွင်းထုတ်ရုပ်ရှင်သည် ၉၆.၇၅% ပါဝင်ကြောင်း သိရပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ CCTV news clients
ဘာသာပြန် ။ ။ Zhang Yinglin

၂၀၂၄ ခုနှစ် တရုတ်နွေဦးပွဲတော် အားလပ်ရက်အတွင်း တရုတ်နိုင်ငံ၏ ရုပ်ရှင်လက်မှတ်ဝင်ငွေ ၈.၀၆၁ ဘီလီယံယွမ် ရရှိ