ရှီကျင့်ဖိန် ရေးဆွဲချမှတ်ခဲ့သည့် “၃၈၂၀”မဟာဗျူဟာမြောက် လုပ်ငန်း အစီအစဉ်သည် ယခုအထိတိုင် လမ်းညွှန်ရေး ဆိုင်ရာ အနက်အဓိပ္ပါယ် ရှိမြဲရှိနေသေး

2024-01-22 18:01:07
အရင်းအမြစ်:国际在线

၁၉၉၃ ခုနှစ်က တရုတ်နိုင်ငံ ဖူးကျန့်ပြည်နယ် ဖူကျိုးမြို့ ပါတီ ကော်မတီ အတွင်းရေးမှူး တာဝန် ထမ်းဆောင်သော ရှီကျင့်ဖိန်သည် “လာမည့် နှစ် ၂၀တွင် ဖူကျိုးမြို့၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ ကြံဆချက်”ကို ကိုယ်တိုင် ဦးဆောင် ရေးဆွဲချမှတ်ပြီး လာမည့် ၃နှစ်၊ ၈နှစ်နှင့် နှစ်၂၀ အတွင်း ဖူကျိုးမြို့၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ၊ ခြေလှမ်းများ၊ ပြင်ဆင်မှုများနှင့် အဓိက လုပ်ငန်းများကို စည်းစနစ်ကျကျ စီမံပြင်ဆင်ကာ ဖူကျိုးမြို့၏ ဖွံ့ဖြိုးတိုးတက်မှု အတွက် အထွေထွေ လုပ်ငန်းစဉ်၊ လမ်းညွှန်ချက်နှင့် နည်းလမ်းများကို ချမှတ်ခဲ့ပါသည်။ “၃၈၂၀”မဟာဗျူဟာမြောက် လုပ်ငန်း အစီအစဉ်ပါ အတွေးအခေါ်နှင့် ကြံဆချက်သည် ယခုအထိတိုင် အလွန် အရေးကြီးသည့် လမ်းညွှန်ရေး ဆိုင်ရာ အနက်အဓိပ္ပါယ် ရှိမြဲရှိနေသေးပါသည်။

ရှီကျင့်ဖိန် ရေးဆွဲချမှတ်ခဲ့သည့် “၃၈၂၀”မဟာဗျူဟာမြောက် လုပ်ငန်း အစီအစဉ်သည် ယခုအထိတိုင် လမ်းညွှန်ရေး ဆိုင်ရာ အနက်အဓိပ္ပါယ် ရှိမြဲရှိနေသေး