ရှီကျင့်ဖိန်သည် ဘေကျင်း လမ်းပန်းဆက်သွယ်ရေး ပညာ တက္ကသိုလ်မှ ကင်ညာ ပညာတော်သင်များ နှင့် ကျောင်းသားဟောင်း ကိုယ်စားလှယ်များအား စာပြန်

2024-01-27 15:21:45
အရင်းအမြစ်:国际在线

ဇန်နဝါရီလ ၁၇ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း လမ်းပန်းဆက်သွယ်ရေး ပညာ တက္ကသိုလ်မှ ကင်ညာ ပညာတော်သင်များနှင့် ကျောင်းသားဟောင်း ကိုယ်စားလှယ်များအား ပြန်စာတစ်စောင် ရေးသားပေးပို့ခဲ့ပြီး တရုတ်-ကင်ညာ၊ တရုတ်-အာဖရိက ချစ်ကြည်ရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်း အတွက် ဆက်လက် ကြိုးပမ်းအားထုတ်ရန် ၎င်းတို့အား အားပေးခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်-ကင်ညာ ချစ်ကြည်ရေးမှာ ရှည်လျားသော သမိုင်းကြောင်းရှိကြောင်း၊ "Belt and Road" အတူတည်ဆောက်ရေးသည် တရုတ်နှင့် ကင်ညာတို့၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ရှင်သန်ရေး စီမံကိန်းကို လက်တွေ့အကောင်အထည်ဖော်ဆောင်ပြီး နှစ်နိုင်ငံပြည်သူများ၏ သုခချမ်းသာကို နီးကပ်စွာ ချိတ်ဆက်ထားကြောင်း၊ Mombasa-Nairobi မီးရထားလမ်းသည် တရုတ်နှင့် ကင်ညာတို့ အကြား "Belt and Road" အတူတည်ဆောက်ရေးတွင် အလံတင် ပရောဂျက်နှင့် အောင်မြင်သော စံနမူနာ ဖြစ်ကြောင်း၊ အနာဂတ်တွင် "Belt and Road" တည်ဆောက်ရေးနှင့် တရုတ်-ကင်ညာ ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး၏ ခမ်းနားထည်ဝါသော စီမံကိန်းကြီးကို အကောင်အထည်ဖော်ဆောင်ရန် အတွက် သင်အပါအဝင် စွမ်းဆောင်အကျိုးပြုနိုင်သော လူငယ်များ၏ ကြိုးပမ်းဆောင်ရွက်မှုကို လိုအပ်ကြောင်း၊ သင်သည် ပရော်ဖက်ရှင်နယ် အသိပညာကို ကောင်းမွန်စွာ လေ့လာပြီး၊ တရုတ်-အာဖရိက ချစ်ကြည်ရေး အကြောင်းအရာဇာတ်လမ်းများကို ကောင်းကောင်းပြောပြကာ၊ အရည်အသွေးမြင့်မားသော တရုတ်-အာဖရိက ကံကြမ္မာတူအသိုက်အဝန်းကို အတူတည်ဆောက်ရေး အတွက် ပိုမိုကောင်းမွန်ကြီးမားသော အကျိုးပြု စွမ်းဆောင်မှုများကို ဆက်လက် ပြုလုပ်နိုင်ရန် မျှော်လင့်ကြောင်း ရေးသားဖော်ပြပါသည်။

ရှီကျင့်ဖိန်သည် ဘေကျင်း လမ်းပန်းဆက်သွယ်ရေး ပညာ တက္ကသိုလ်မှ ကင်ညာ ပညာတော်သင်များ နှင့် ကျောင်းသားဟောင်း ကိုယ်စားလှယ်များအား စာပြန်