ရှီကျင့်ဖိန်သည် နမီးဘီးယားနိုင်ငံသမ္မတ Hage Gottfried Geingob ကွယ်လွန် သွားခြင်းနှင့်ပတ်သက်ပြီး နမီးဘီးယားနိုင်ငံသမ္မတသစ် Nangolo Mbumba ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့

2024-02-07 17:01:17
အရင်းအမြစ်:国际在线

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် နမီးဘီးယားနိုင်ငံ သမ္မတ Hage Gottfried Geingob ကွယ်လွန်သွားခြင်းနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီလ ၅ရက်နေ့က နမီးဘီးယား နိုင်ငံသမ္မတသစ် Nangolo Mbumba ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ရာ တရုတ်အစိုးရနှင့် တရုတ်ပြည်သူများကိုယ်စား သမ္မတ Hage Gottfried Geingob ကွယ်လွန်သွားခြင်းအတွက် ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြပြီး နမီးဘီးယားအစိုးရ၊ နမီးဘီးယားပြည်သူများနှင့် သမ္မတ Hage Gottfried Geingob ၏ ကျန်ရစ်သူမိသားစုဝင် များအား နှစ်သိမ့်အားပေးကြောင်း ဖော်ပြခဲ့ပါသည်။ သမ္မတ ရှီကျင့်ဖိန် က သမ္မတ Hage Gottfried Geingob သည် နမီးဘီးယားနိုင်ငံ၏ ထူးချွန်သော ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး တရုတ်-နမီးဘီးယား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက် ဆက်ဆံရေးကို နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်ရန်၊ တရုတ်-နမီးဘီးယားချစ်ကြည်ရေး၊ တရုတ်-အာဖရိကချစ်ကြည်ရေး မြှင့်တင်ရန်အတွက် အရေးကြီးသော အကျိုးပြုစွမ်းဆောင် မှုများ ပြုလုပ်ခဲ့သူ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တရုတ်-နမီးဘီးယား အစဉ်အလာ ချစ်ကြည်ရေးကို တန်ဖိုးထားကြောင်း၊ နမီးဘီးယားနိုင်ငံနှင့်အတူ နှစ်နိုင်ငံဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဆက်ဆံရေးကို အဆက်မပြတ် မြှင့်တင်ရန် ဆန္ဒရှိကြောင်း ဖော်ပြထားပါသည်။

ရှီကျင့်ဖိန်သည် နမီးဘီးယားနိုင်ငံသမ္မတ Hage Gottfried Geingob ကွယ်လွန် သွားခြင်းနှင့်ပတ်သက်ပြီး နမီးဘီးယားနိုင်ငံသမ္မတသစ် Nangolo Mbumba ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့