ကမ္ဘာကြီးသည် ဘာကြောင့် တရုတ်ပြည်ထုတ် မော်တော်ယာဉ်များကို ကြိုက်နှစ်သက်ကြသနည်း

2024-01-13 17:11:27
အရင်းအမြစ်:国际在线

တရုတ်ပြည်ထုတ် မော်တော်ယာဉ်များကို နိုင်ငံနှင့်ဒေသ ၂၀၀ ကျော်သို့ တင်ပို့ နေပါသည်။ တရုတ် မော်တော်ယာဉ် စက်မှုလုပ်ငန်း အသင်းမှ ယခုလ ၁၁ ရက်နေ့က ထုတ်ပြန်သော စာရင်းအရ ၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းချမှုပမာဏ နှစ်ခုစလုံးသည် ပထမဆုံး အကြိမ် စီးရေ သန်း ၃၀ ကို ကျော်လွန်ပြီး ၁၅ နှစ် ဆက်တိုက် ကမ္ဘာ့ပထမနေရာမှာ ရပ်တည် နိုင်ခဲ့ပါသည်။ ယင်းတို့အနက် မော်တော်ယာဉ် တင်ပို့မှု စီးရေသည် ၄.၉၁ သန်း ရှိပြီး စွမ်းအင်သစ်သုံး မော်တော်ယာဉ် စီးရေ ၁.၂၀၃ သန်း ရှိကာ စုစုပေါင်းပမာဏ၏ ၄ ပုံ ၁ ပုံ ဖြစ်ပါသည်။ ကမ္ဘာကြီးသည် ဘာကြောင့် တရုတ်ပြည်ထုတ် မော်တော်ယာဉ်များကို ကြိုက်နှစ်သက်ကြသနည်း။

ယခုနှစ်များအတွင်း တရုတ်ပြည်ထုတ် မော်တော်ယာဉ်များ အရည်အသွေးနှင့် စွမ်းဆောင်ရည်များ ဆက်တိုတ် တိုးမြင့်လာပြီး နိုင်ငံတကာ သုံးစွဲသူများ၏ အသိအမှတ်ပြုမှုများ ရရှိနိုင်ခဲ့ခြင်းသည် အကြောင်းရင်း တစ်ခု ဖြစ်ပါသည်။ အရည်အသွေး ကောင်းမွန်ပြီး ဈေးသက်သာခြင်းနှင့် နည်းပညာ ဆန်းသစ်တီထွင်မှုကို စွဲစွဲမြဲမြဲ ဖော်ဆောင်ခြင်းသည် အကြောင်းရင်း တစ်ခု ဖြစ်ပါသည်။ ပြီးပြည့်စုံသည့် ကုန်ထုတ်လုပ်မှု ကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် စည်းစနစ်ကြောင့် ဈေးကွက် ယှဉ်ပြိုင်စွမ်းအားကို တိုးမြင့်လာခြင်းသည်လည်း အကြောင်းရင်း တစ်ခု ဖြစ်ပါသည်။

တစ်ချိန်တည်းတွင် တရုတ်ပြည်ထုတ် စွမ်းအင်သစ်သုံး မော်တော်ယာဉ်များ ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံများသို့ တင်ပို့ခြင်းသည် ကမ္ဘာ့နိုင်ငံအသီးသီးတို့၏ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအတွက်လည်း အကျိုးပြုနေသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ကမ္ဘာကြီးသည် ဘာကြောင့် တရုတ်ပြည်ထုတ် မော်တော်ယာဉ်များကို ကြိုက်နှစ်သက်ကြသနည်း