တရုတ်-မြန်မာနယ်စပ် လုံချွမ်းခရိုင်တွင် မြန်မာနိုင်ငံထွက် အထူးစားကောင်းသောက်ဖွယ်များကို လာရောက်မြည်းစမ်းစားသောက်ကြစို့

2024-01-05 19:12:34
အရင်းအမြစ်:陇川县融媒体中心

လုံချွမ်းခရိုင်သည် တယ်ဟုန်ပြည်နယ်ခွဲ အနောက်တောင်ဘက်တွင်တည်ရှိကာ အနောက်ဘက်တွင် မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်တည်ရှိပါသည်။ ဤနေရာတွင် ဂျိမ်းဖော၊ တိုင်၊ အာချမ်း၊ လီဆူး၊ တအောဝ်းစသည့် တိုင်းရင်းသားလူမျိုးစုများ နေထိုင်ကြပါသည်။ တစ်မူထူးခြားသော ပထဝီတည်နေရာအားသာချက်များနှင့် ပေါများကြွယ်ဝသော တိုင်းရင်းသားယဥ်ကျေးမှုကြောင့် လုံချွမ်းခရိုင်၏ ဆန်းတင့်ဝေဆာလှသော စားကောင်းသောက်ဖွယ်ယဥ်ကျေးမှုကို ဖန်တီးထားပါသည်။

ပြည်ပသို့ မထွက်ဘဲ ထူးခြားသော စားကောင်းသောက်ဖွယ်အမျိုးမျိုးကို မြည်းစမ်းသုံးဆောင်နိုင်ပါသည်။ လုံချွမ်းခရိုင်ရှိ တရုတ်-မြန်မာစားကောင်းသောက်ဖွယ်စျေးတန်းသို့ နှစ်နိုင်ငံ၏ စားကောင်းသောက်ဖွယ်များကို သွားရောက်ကြည့်ရှုကြစို့။ ချစ်မိတ်ဆွေများ ဘာတွေ စားဖူးသနည်း။

ဆောင်းပါးအရင်းအမြစ် ။ ။ လုံချွမ်းခရိုင်မီဒီယာစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin

တရုတ်-မြန်မာနယ်စပ် လုံချွမ်းခရိုင်တွင် မြန်မာနိုင်ငံထွက် အထူးစားကောင်းသောက်ဖွယ်များကို လာရောက်မြည်းစမ်းစားသောက်ကြစို့