တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသ နယ်သူနယ်သားတွေ အကြိုက်ဆုံးဖြစ်တဲ့ “ရေခဲသစ်တော်သီး” က ဘယ်လို အသီးအနှံလဲ

2024-01-15 12:12:26
အရင်းအမြစ်:哈尔滨文旅、网络

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသက ဆောင်းရာသီသည် အေးမြပြီး ရှည်လျားသည်။ ယခုအချိန်တွင် ရေခဲသစ်တော်သီးများသည် ထူးခြားသော ရှုခင်းတစ်ခု ဖြစ်လာသည်။

“ရေခဲသစ်တော်သီး”မှာ သစ်တော်သီးအမျိုးအစားတစ်မျိုးမဟုတ်ဘဲ နာမည်ထဲတွင် “အေးခဲ”ဟူသော ဝေါဟာရ ပါရှိသည့်အတွက်ကြောင့် သစ်တော်သီးထုတ်လုပ်မှုနည်းလမ်းကို ဆိုလိုပါသည်။ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသက ဆောင်းရာသီတွင် ရေခဲသစ်တော်သီးများ ဘာကြောင့် ပေါ်လာသနည်း။ ယခင်ခေတ်က အရှေ့မြောက်ဒေသသည် ဆောင်းရာသီတွင် သစ်သီးများ ယခုခေတ်လောက် ပေါများသည်မဟုတ်ပေ။ ဒေသခံပြည်သူပြည်သားများသည် အေးခဲထားသောနည်းလမ်းများဖြင့် အစားအစာတွေကို ကြာရှည်သိမ်းဆည်းထားစေပါသည်။ အရှေ့မြောက်ပိုင်းသားများအတွက် ရေခဲသစ်တော်သီးများသည် ၎င်းတို့၏ ကလေးဘဝအမှတ်တရများထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ရေခဲသစ်တော်သီးသည် စားသုံးသူများ၏ သွားများခံနိုင်ရည်ကို စိန်ခေါ်နေသလိုမျိုး အရသာအလွန်ပြင်းထန်သည်။ အရသာကို မြည်းစမ်းသိရှိရန် ကိုက်လိုက်တိုင်း ခွန်အားအပြည့်ဖြင့် ဝါးရန် လိုပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ဟာအယ်ပင် ယဥ်ကျေးမှုနှင့်ခရီးသွားညွှန်ကြားရေးဌာန
ဘာသာပြန် ။ ။ Zhang Yinglin

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသ နယ်သူနယ်သားတွေ အကြိုက်ဆုံးဖြစ်တဲ့ “ရေခဲသစ်တော်သီး” က ဘယ်လို အသီးအနှံလဲ