ဆွဲဆောင်မှုနှင့် ပြည့်နှက်သော ဖူအော် ။ ။ ဖူအော်ဆိုသည့် ဤဈေးသည် နိုင်ငံ ၃ နိုင်ငံမှ ပစ္စည်းကောင်းများစုစည်းနေ

2024-01-27 17:18:56
အရင်းအမြစ်:《吉祥》杂志

ဖူအော်မြို့၏ ကျန်းချိန် ဟားနီ၊ ယီတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ တစ်ခုတည်းသော လာအို၊ ဗီယက်နမ် နှစ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ခရိုင်ဖြစ်ပါသည်။ ပထဝီတည်နေရာ၏ ထူးခြားမှုကြောင့် နယ်စပ်ကုန်သွယ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သည်မှာ သမိုင်းရှည်ကြာလှပြီဖြစ်ပါသည်။

များမကြာမီက တရုတ်နိုင်ငံ နိုင်ငံတော်အဆင့်နယ်စပ်ဂိတ်ဖြစ်သည့် မုန့်ခန်းနယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်လည်ပတ်သည်နှင့် တရုတ်-လာအို-ဗီယက်နမ်သို့ သွားလာကြသည့် နယ်စပ်နေပြည်သူများ တစ်နေ့တခြားတိုးပွားလာနေပြီး မုန့်ခန်းနယ်စပ်ဂိတ်တွင် တည်ရှိသော တရုတ်-လာအို-ဗီယက်နမ် နယ်စပ်အထူးဝိသေသဈေးသည်လည်း အလျင်အမြန် နာမည်ကြီးလာကာ အားပေးသူပရိသတ်များ များပြားစွာ ရရှိခဲ့ပါသည်။ တရုတ်-လာအို-ဗီယက်နမ် နယ်စပ်အထူးဝိသေသဈေးတွင် စနေနေ့၏ မနက်ခင်းဈေးသည် အစည်းကားဆုံးဖြစ်ပါသည်။ လမ်းဘေးနှစ်ဘက်တွင် အမျိုးမျိုးသော လမ်းဘေးဈေးဆိုင်များသည် သရေစာမျိုးစုံကို ရောင်းချနေကြပါသည်။ လာအိုမှလာသည့် ဆီကြော်ပလာတာ၊ ကော်ဖီအေး၊ ဘီယာအေး၊ ဗီယက်နမ်မှလာသည့် ရေမွှေး၊ ပဲစိမ်းမုန့်၊ အုန်းအချိုခဲ စသည်တို့ရှိပါသည်။

လူအလာဆုံးသော လမ်းဘေးဈေးဆိုင်ဟု ဆိုလျှင်တော့ တရုတ်-လာအို-ဗီယက်နမ် နိုင်ငံ ၃ နိုင်ငံအရသာများ ပေါင်းစပ်ထားသည့် “အကင်ဆိုင်”ပင် ဖြစ်ပါသည်။ ပျော့စေးကပ်သည့် ငါးရောင်ခြည်ကောက်ညှင်းထမင်း၊ ဆီတလက်လက်ထနေသည့် အကင်ချောင်း၊ လတ်ဆတ်လှပမွှေးစပ်သည့် မြစ်ငါးကြော်စသည့်တို့ဖြင့် စည်ကားသောဈေးသည် အရောင်းအဝယ်တို့၏ ဖောက်ကားမှုဈေးဖြစ်ရုံသာမက တရုတ်-လာအို-ဗီယက်နမ် ၃ နိုင်ငံ နယ်စပ်နေပြည်သူပြည်သားများ၏ ဓလေ့ထုံးစံကို နားလည်သိရှိနိုင်သည့် အကောင်းဆုံးနေရာလည်း ဖြစ်ပါသည်။

ခရီးသွားကျန်ယွီ့လန်မှ “ရုံးပိတ်ရက်အားလပ်တုန်း ကျွန်မနဲ့ မိသားစုဝင်တွေလည်း ဒီ ၃ နိုင်ငံပစ္စည်းကောင်းတွေရှိတဲ့ ဈေးကိုလာပတ်ကြတာပါ။ ဈေးထဲက စားစရာတွေက အလွန်အရသာရှိပါတယ်။ ကျွန်မလည်း လာအိုနဲ့ ဗီယက်နမ်က အထူးထွက်ကုန်တွေ ဝယ်လာခဲ့သေးတယ်။ မိတ်ဆွေသူငယ်ချင်းတွေကိုလည်း မြည်းစမ်းကြည့်စေချင်လို့။ ကျွန်မအထင် အင်မတန်မှ အဓိပ္ပာယ်ရှိပါတယ်”ဟု ဆိုပါသည်။

ဆွဲဆောင်မှုနှင့် ပြည့်နှက်သော ဖူအော် ။ ။ ဖူအော်ဆိုသည့် ဤဈေးသည် နိုင်ငံ ၃ နိုင်ငံမှ ပစ္စည်းကောင်းများစုစည်းနေ