"Ice Horse Warriors" ကို ရေခဲနှင့် နှင်းကမ္ဘာတွင် ခင်းကျင်းပြသ

2024-01-29 15:23:32
အရင်းအမြစ်:新华社

မကြာမီက "Ice Horse Warriors" ဟုခေါ်သော AI ဖြင့် ပေါင်းစပ်ပြုလုပ်ထားသည့် ဓာတ်ပုံတစ်ပုံသည် အင်တာနက်ပေါ်တွင် ရေပန်းစားလာခဲ့သည်။ အင်တာနက်သုံးစွဲသူ အများအပြားသည် လာမည့် Ice Horse Warriors ရေခဲပန်းပုများကို မြင်တွေ့လိုကြောင်း ဖော်ပြသည့် မက်ဆေ့ချ်များ ချန်ထားခဲ့ကြပါသည်။ 

"ခရီးသွားတို့အိပ်မက်များကို" အကောင်အထည်ဖော်နိုင်စေရန်အတွက် တရုတ်နိုင်ငံ ဟာလ်ပင်မြို့တွင်းရှိ ရေခဲနှင့် နှင်းကမ္ဘာတို့မှ ရေခဲပန်းပုဆရာများကို စည်းရုံးပြီး "Ice Horse Warriors" ရေခဲပန်းပုရုပ်တုကို နှစ်ရက်အတွင်း ပြုလုပ်ပြီးမြောက်ခဲ့ပြီဖြစ်သည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ဆင်ဟွာသတင်းဌာန
ဘာသာပြန် ။ ။ Zhang Yinglin

"Ice Horse Warriors" ကို ရေခဲနှင့် နှင်းကမ္ဘာတွင် ခင်းကျင်းပြသ