ဖူကျန့်သည်ပင်လယ်ပိုးလမ်းမကြီးကိုအခြေပြုပြီးအဝေးသို့ ရွက်လွှင့်သွား

2016-05-17 11:24:45 |သတင်းအရင်းအမြစ် 《吉祥》杂志

    ၂၀၁၅ခုနှစ်(၂၁)ရာစုပင်လယ်ပိုးလမ်းမကြီး၏အဓိကဇုန်၊ဖူကျန့်လွတ်လပ်သောကူးသန်း

ရောင်းဝယ်ရေးစမ်းသပ်မှုဇုန်၊ဖူကျိုးဇုန်သစ်စသည့်အမည်များကိုအမြဲလိုထုတ်ဖော် ပြောဆိုနေကြပြီး ဖူကျန့်သည်အဝေးသို့လျှောက်လှမ်းသွားရန်စွမ်းအင်အသစ်များ ရှိလာစေပါသည်။

    ၂၀၁၅ခုနှစ်မတ်လတွင်နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေးပြုပြင်ပြောင်းလဲရေးကော်မတီ၊နိုင်ငံခြား

ရေးဝန်ကြီးဌာန၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနသုံးဌာနပူးပေါင်းပြီး《ပိုးလမ်းမကြီး စီးပွားရေးဇုန်အတူတည်ဆောက်ရေးနှင့်(၂၁)ရာစုပင်လယ်ပိုးလမ်းမကြီးအတူတည်ဆောက်မှုဆန္ဒအကောင်အထည်ဖော်ခြင်းနှင့်လက်တွေ့ဆောင်ရွက်မှုများကိုအားပေးထောက်ပံ့ခြင်းစာတမ်းကို ထုတ်ပြန်ခဲ့ပါသည်။ယင်းစာတမ်းတွင် ဖူကျန့်ကို“(၂၁)ရာစုပင်လယ်ပိုးလမ်းမကြီး ၏ အဓိကဇုန်”ဟု သတ်မှတ်လိုက်ပါသည်။

ဖူကျန့်သည်၂၀၁၅ခုနှစ်တွင်“ပင်လယ်ပေါ်မှပင်လယ်ရပ်ခြားဆက်ဆံရေး”အားသာချက်ကို အပြည့်အ၀ဖော်ဆောင်နိုင်ခဲ့သည်။အရှေ့တောင်အာရှကိုအလေးထားပြီးပြည်ပသို့လျှောက်လှမ်း

ခြင်း”နှင့်“ပြည်တွင်းသို့ဖိတ်ခေါ်ခြင်း”ဆောင်ရွက်မှုနှစ်ရပ်ကိုအခိုင်အခံ့လုပ်ဆောင်ခဲ့ပါသည်။ စီးပွားရေးအကျိုးတူပူးပေါင်းဆောင်ရွက်မှုနှင့်လူမှုရေးယဉ်ကျေးမှုများကိုရောနှောပေါင်းစပ်အ

လေးထားကာပင်လယ်ပိုးလမ်းမကြီးပေါ်ရှိအပြန်အလှန်ဆက်သွယ်ခြင်း၊အပြန်အလှန်သွားလာ

ခြင်းရှိသောအဓိက၀င်ရိုးမှတ်ဖြစ်စေရန်၊စီးပွားရေးကူးသန်းရောင်းဝယ်ရေးအကျိုးတူပူးပေါင်း ဆောင်ရွက်မှုရှေ့ဆောင်မှုပလက်ဖောင်းဖြစ်စေရန်၊လူမှုရေးယဉ်ကျေးမှုဖလှယ်သောအဓိကဆက်သွယ်ရေးလင့်(ူငညု)ဖြစ် စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။

“တစ်ဇုန်တစ်လမ်း”ကိုအခြေပြုပြီးဖူကျန့်၏အားသာချက်ကိုအပြည့်အ၀ဖော်ထုတ်နိုင်ခဲ့သည်။   ပြည်ပစီမံကိန်းများအကျိုးတူပူးပေါင်းဆောင်ရွက်မှုများကိုသတင်းစာများတွင်ကြိမ်နှုန်းမြင့်စွာ တွေ့မြင်နိုင်ပေသည်။တရုတ်နိုင်ငံ-အာဆီယံပင်လယ်ထွက်ကုန်ဖလှယ်ရောင်းဝယ်ရေးဌာန၊ တရုတ်

နိုင်ငံပင်လယ်ထွက်ကုန်နယ်ခြားရောင်းဝယ်မှု“အွန်လိုင်းပေါ်တွင်ဝယ်ယူရောင်းချခြင်း၊လိုင်း

အောက်တွင်ပေးယူခြင်း၊တရုတ်ယွမ်ငွေဖြင့်ငွေချေခြင်း”များကိုပထမအကြိမ်အကောင်အထည်ဖော်နိုင်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ ကုန်ပုပြည်နယ်၏ တရုတ်(ဖူကျန့်) စက်မှုဇုန်သည် ပုံကြမ်း ထွက်ပေါ်လာပြီဖြစ်သည်။ပိုလန်တရုတ်ကုန်ပစ္စည်းကုန်တိုက်သည်ပထမအကြိမ်ရင်းနှီးရှင်များ

ဖိတ်ခေါ်ခြင်းလည်း အဆုံးသတ်ပြီးဖြစ်သည်။

ဖူကျန့်လွတ်လပ်သောကူးသန်းရောင်းဝယ်ရေးစမ်းသပ်ဇုန်သည်၂၀၁၅ခုနှစ်ဧပြီလတွင်ဆိုင်း

ပုတ်တင်တည်ထောင်ပြီးကတည်းကစီမံကိန်းသစ်များ (၁၀၉)ခုကို ထုတ်ဖော်နိုင်ခဲ့ ပြီဖြစ်သည်။ ၄င်းအနက်စီမံကိန်း(၄၅)ခုသည်တစ်နိုင်ငံလုံးအတွင်းပထမဆုံးအကြိမ်ထုတ်ဖော်သောစီမံကိန်းများဖြစ်သည်။ ၄င်းအနက် စီမံကိန်း(၃၀)ခုကို အသုတ်ခွဲပြီးဖြစ်သည်။ အချိန်ကာလခွဲခြားသတ်မှတ်ကာ ပြည်တွင်း၌အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်သည်ဟုစိစစ်ကြပ်မတ်ခဲ့ကြောင်းသိရပါ

သည်။ ထို့ပြင်“လုပ်ငန်းလိုင်စင်တစ်စောင်လျှင်၊ လူမှုရေး ချေးငွေနံပါတ်တစ်ခု” မှတ်ပုံတင်စနစ်ကို  တစ်နိုင်ငံလုံးတွင်အကောင်အထည်ဖော်ဆောင်ရွက်နေပါသည်။ဃနဏဗနှင့်နင်္ဃဗလုပ်ထုံးလုပ်နည်းများ၊ထွက်ကုန်နိုင်ငံသက်သေခံလက်မှတ်တောင်းဆိုချက်များကိုရိုးရှင်းစွာဆောင်ရွက်စေခြင်း၊ကုန်ပစ္စည်းများအား ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်မှုစံ သတ်မှတ်တောင်းဆိုချက်များကို လျှော့ချပေးခြင်းလုပ်ဆောင်ချက်(၂)ရပ်စသည်တို့ကိုတစ်နိုင်ငံလုံးအတွင်းရှိကူးသန်း ရောင်းဝယ်ရေးစမ်းသပ်ဇုန်လေးခုတွင် ပုံတူကူး  အကောင် အထည်ဖော်ဆောင်ရွက်နေပေသည်။

၂၀၁၅ခုနှစ်သြဂုတ်လတွင်ဖူကျိုးမြို့ရပ်ကွက်သစ်သတ်မှတ်တည်ဆောက်ခြင်းကို နိုင်ငံတော်

ကောင်စီကသဘောတူခွင့်ပြုမိန့်ချပေးခဲ့သည်။ဖူကျိုးမြို့သစ်သည်အားသာချက်များစွာ  ရှိသည်။   သဘာဝပတ်ဝန်းကျင်လှပခြင်း၊စက်မှုထွက်ကုန်အခြေခံများခိုင်မာတောင့်တင်းခြင်းနှင့်ထိုင်ဝမ် စသည့်  ဒေသများနှင့်  ဖလှယ်ခြင်း၊    အကျိုးတူ  ပူးပေါင်း ဆောင်ရွက်ခြင်းများစွာရှိကြသည်။ မဟာဗျူဟာမြောက်တည်  နေရာ  အရေးပါ  ကောင်းမွန်ခြင်းများ  ပိုင်ဆိုင်ထားပါသည်။ ၂၀၁၄ ခုနှစ်နှစ်ကုန်အထိထိုင်ဝမ်လုပ်ငန်းရှင်များ(၄၀၀၀)ကျော်ဖူကျိုးမြို့သို့လာရောက်ရင်းနှီးမြှုပ်နှံမှုများရှိနေကြောင်းသိရပါသည်။ဖူကျိုးမြို့ရပ်ကွက်သစ်၊ဖူကျန့်လွတ်လပ်သောကူးသန်းရောင်းဝယ်ရေးဇုန်ဖူကျိုးဇုန်၊ထိုင်ဝမ်မြောက်ပိုင်းဒေသနှင့် ပင်လယ်ခြားမြင်တွေ့နေခြင်း၊  ထိုင်ဝမ်နှင့်  ဖလှယ်ခြင်း၊  အကျိုးတူပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ခြင်းအပိုင်းကဏ္ဍတွင်အလွန်အရေးပါသောအနေအ

ထားတွင်ရှိနေပါသည်။

    ၂၀၁၅ခုနှစ်တွင်ဖူကျိုးမြို့ရပ်ကွက်သစ်သည်သဘာဝပတ်ဝန်းကျင်ကိုဦးစားပေးခြင်း၊သိပံ္ပနည်း

ပညာတိုးချဲ့ဆောင်ရွက်ခြင်း၊ပင်လယ်ရေလက်ကြားကမ်းနှစ်ဖက်ဖလှယ်ခြင်းနှင့်အကျိုးတူပူး

ပေါင်းဆောင်ရွက်ခြင်းကိုအဓိကလမ်းကြောင်းအဖြစ်သတ်မှတ်ခြင်း၊တံခါးဖွင့်အကျိုးတူပူးပေါင်း

ဆောင်ရွက်ခြင်း၊အဟောင်းပြုပြင်အသစ်ဖန်တီးခြင်းကိုနောက်ခံအားဖြင့်ပင်လယ်ရေလက်ကြားကမ်းနှစ်ဖက်ဖလှယ်ခြင်းနှင့်အကျိုးတူပူပေါင်းဆောင်ရွက်ခြင်းအတွက်အရေးပါတာဝန်များကိုသယ်

ပိုးထားသောဇုန်ဖြစ်အောင်ကြိုးစားသွားမည်ဖြစ်သည်။ပြည်ပသို့တံခါးဖွင့်လှစ်ပေးသောအရေး

ပါတံခါးပေါက်ကိုချဲ့ထွင်ပေးသည်။အရှေ့တောင်အာရှပင်လယ်ကမ်းတစ်လျှောက်  အရေးပါသော  ခေတ်သစ်စက်မှုလုပ်ငန်းအခြေစိုက်စခန်း၊အဟောင်းပြုပြင်အသစ်ဖန်တီးခြင်းစံပြဇုန်နှင့်သဘာဝဂေဟစနစ်ယဉ်ကျေးမှုရှေ့ပြေးဖွံ့ဖြိုးတိုးတက်သောနေရာအဖြစ်ရပ်တည်နိုင်ရန် ကြိုးစားဆောင်ရွက် ခဲ့ပါသည်။

၂၀၁၅ခုနှစ်ဖေဖော်ဝါရီလတွင်အထွေထွေဆေးကုသမှုစနစ်ပြောင်းလဲခြင်းစမ်းသပ်ပွိုင့်ကို ဖူကျန့်တွင်စတင်လိုက် ပါသည်။ ဇူလိုင်လတွင် ပြည်နယ်အဆင့် ပြည်သူ့ဆေးရုံတွင်အထွေထွေ  ပြုပြင်ပြောင်းလဲခြင်းများလုပ်ဆောင်ရန်အတွက်စတင်လိုက်ပြီဖြစ်သည်။ယင်းတစ်နှစ်တာကာလအတွင်းတွင်ဖူကျန့်ဒေသအသီးသီးမှဆေးကုသမှုပြောင်းလဲမှုစနစ်မျိုးစုံကိုဖန်တီးဆောင်ရွက်ခဲ့ပြီးအကျိုးရှိစွအသုံးမပြုနေသောအလဟဿဆေးကုသမှုအရင်းအမြစ်များကိုအကျိုးရှိစွာပြန်လည်နေရာချထားပေးခဲ့သည်။“ပြည်သူလူထုယုံကြည်ခြင်း၊အခြေခံလူတန်းစားများကလက်ခံနိုင်ခြင်း၊ ဆေးရုံမှသဘောထားကြီးရက်ရောခြင်း”စသည့်ဆေးဝါးကုသမှုအဆင့်ခွဲစနစ်ကိုအားစိုက်တည်ဆောက်ရန်ကြိုးပမ်းခဲ့ပြီး ၄င်း ၏ ရလဒ်များသည် စတင်ပေါ်လွင်ထင်ရှားလာပြီဖြစ်သည်။

    စက်တင်ဘာလတွင်စနစ်သစ်အခြေအနေအောက်တွင်လုပ်ငန်းခွင်ဝင်ခြင်းနှင့်လုပ်ငန်းစတင်

တည်ထောင်ခြင်းများကိုပိုမိုကောင်းမွန်လာအောင်အကောင်အထည်ဖော်ဆောင်ရမည်ဖြစ်သည်။ ခေတ်သစ်လုပ်ငန်းခွင်သင်ကြားရေးနှင့်ပတ်သက်သောပေါ်လစီများဆက်တိုက်ထွက်ပေါ်လာသည်။ပြည်နယ်တစ်ခုလုံးအစိုးရဘဏ္ဍာရေးရှေ့သုံးရာသီပြည်သူ့သုံးငွေသည်(၂၂.၈%)တိုးမြင့်ခဲ့

သည်။ဘဏ္ဍာရေးသုံးငွေ၏(၇၅.၄%)ရှိသည်။ယမန်နှစ်တူညီအချိန်ထက်  (၃.၇)ရာခိုင်နှုန်းအမှတ် မြင့်တက်လာခဲ့သည်။

စောက်ကွမ်၊ရမ်ရွှင်စသည့်အဝေးပြေးလမ်းမ(၆)လမ်းတည်ဆောက်မှုသည်၂၀၁၅ခုနှစ်နှစ်ကုန်ပိုင်းကာလတွင်ဆောက်လုပ်ပြီးစီးခြင်း၊ကားများဖြတ်သန်းသွားလာခွင့်ပြုခြင်းရရှိလာသည်နှင့်အညီဖူကျန့်ပြည်နယ်အတွင်းအဝေးပြေးကုန်းလမ်းမကြီးကားဖြတ်သန်းသွားလာမှုလမ်းခရီးအရှည်သည် စုစုပေါင်း (၅၀၀၀)ကီလိုမီတာကို ကျော်သွားမည်ဖြစ် သည်။  ပြည်နယ်တစ်ခုလုံးအတွင်းရှိ  (၈၄)ခရိုင်မြို့များသည်(၁၅)မိနစ်အတွင်းအဝေးပြေးလမ်းမပေါ်သို့တက်ရောက်နိုင်ပြီဖြစ်သည်။  “ခရိုင်မြို့တိုင်းမြို့တိုင်းအဝေးပြေးလမ်းမဆက်သွယ်မှုရှိခြင်း”ကိုအကောင်အထည်ဖော်ဆောင်နိုင်ခဲ့ သည်။

ဖူကျန့်ပြည်နယ်၏ပထမဆုံးအဝေးပြေးလမ်းမကြီး--ချွမ်ကျိုး၊ ရှမိန်အဝေးပြေးလမ်းမကြီးကို ၁၉၉၇ခုနှစ်ကစတင်တည်ဆောက်ပြီးကားများသွားလာနိုင်ခဲ့သည်။  ၂၀၁၅ ခုနှစ်နှစ်ကုန်ပိုင်းအထိ အဝေးပြေးလမ်းမစုစုပေါင်းခရီးအကွာအဝေးသည်ကီလိုမီတာ(၅၀၀၀)ကျော်သွားခြင်းဖြင့်ဖူကျန့်အဝေးပြေးကားလမ်းမကြီးသည်မရှိသည်မှရှိသည်အထိ၊အရေအတွက်မအရည်အသွေးအထိ ပိုမိုကောင်းမွန်လာခြင်း စသည့်ပြောင်းလဲမှု များ ဖြစ်လာခဲ့ပါသည်။

ယခုလက်ရှိတွင်ဖူကျန့်နှင့်ဘေးပတ်လည်ပြည်နယ်များအကြားအဝေးပြေးလမ်းဝင်ပေါက်

ထွက်ပေါက်လမ်းမသည်စုစုပေါင်း(၁၆)ခုရှိသည်။အဝေးပြေးလမ်းမတည်ရှိပုံသည်စတုရန်းကီလိုမီတာ(၁၀၀)အတွင်းတွင်အဝေးပြေးလမ်းမ(၄.၁၂)ကီလိုမီတာရှိနေကြောင်းသိရသည်။တစ်နိုင်ငံ

လုံးအတွင်းဒုတိယအဆင့် နေရာတွင်ရှိနေပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံအဆင့်သို့အဆင့်မီနေပါသည်။