လတ်တလောရက်ပိုင်းတွင်သတင်းထောက်သည်အာလီပါပါအဖွဲ့ထံမှရရှိသောသတင်းအရ
သိရသည်မှာ-(၂၀၁၆)ခုနှစ်မတ်လ(၃၁)ရက်နေ့အထိတစ်နှစ်တာကာလအချိန်အတွင်းတွင်အဆိုပါအဖွဲ့၏ရောင်းဝယ်ရေးဖြစ်ထွန်းမှုစုစုပေါင်းတန်ဖိုးသည်ကမ္ဘာ့ထိပ်ဆုံးလက်လီရောင်းချကုမ္ပဏီစာရင်းကိုကျော်လွန်ပြီးကမ္ဘာ့အကြီးဆုံးသောလက်လီရောင်းချကုမ္ပဏီဖြစ်ခဲ့ပါသည်။အဆိုပါကိစ္စရပ်သည်ကမ္ဘာ့အကြီးဆုံးလက်လီရောင်းချကုမ္ပဏီသည်လိုင်းအောက်မှအွန်လှိုင်းပေါ်သို့ရောက်ရှိခဲ့ပြီဟု ဖော်ပြနေပါသည်။
အာလီပါပါအဖွဲ့၏ ကိန်းဂဏန်း ဖော်ညွှန်းချက်အရ (၂၀၁၆)ခုနှစ် မတ်လ (၂၁) ရက်နေ့ (၁၄)နာရီ (၅၈)မိနစ် (၃၇)စက္ကန့်အချိန်တွင်အဆိုပါအဖွဲ့၏ရောင်းချမှုစုစုပေါင်းတန်ဖိုး သည် တရုတ်ယွမ်ငွေ(၃၀၀၀)ဘီလီယံ (အမေရိကန်ဒေါ်လာ ပေါင်း ၄၇၅.၈၉ ဘီလီယံခန့်နှင့် ညီမျှပါသည်)။ လွန်ခဲ့သော ရက်ပေါင်း (၃၅၀)ရက်အတွင်းတွင်အာလီပါပါ၏ နေ့စဉ် ရောင်းချမှု တန်ဖိုးသည် အမေရိကန်ဒေါ်လာပေါင်း (၁.၃)ဘီလီယံရှိသည်ဟု ဆိုနိုင်ပါသည်။
ဖော်ပြထားသောကိန်းဂဏန်းများအရ(၂၀၁၅)ခုနှစ်တွင်တစ်ကမ္ဘာလုံးအတွင်းလက်လီရောင်းချမှုစီးပွားရေးလုပ်ငန်းများစာရင်းတွင်ပထမအဆင့်ကုမ္ပဏီ(၃)ခုသည်ဝေါမက်၊ကော့စကို၊ကယ်ရီ
ဖိုးတို့အသီးသီးဖြစ်သည်။အာလီပါပါကသူ၏နောက်ရည်မှန်းချက်တစ်ရပ်သည်(၂၀၂၀)ခုနှစ်
ရောက်သောအခါတွင်ရောင်းချမှုငွေပမာဏသည်တရုတ်ယွမ်ငွေပေါင်း(၆၀၀၀)ဘီလီယံရောက်ရန်ဖြစ်ပြီးလက်လီရောင်းချလုပ်ငန်းများ၏အကျိုးဖြစ်ထွန်းမှု(၉၀%)ကိုကူညီမြှင့်တင်ပေးရန်ဖြစ်သည်ဟု ဖော်ပြပါသည်။