တရုတ်မော်တော်ကားစက်မှုလုပ်ငန်းအသင်းမှ ၁၁ရက်နေ့ထုတ် တရုတ် မော်တော်ကား လုပ်ငန်း ထုတ်လုပ်နိုင်စွမ်းစုံစမ်းမှုဆိုင်ရာအစီရင်ခံစာတွင် ၂၀၁၅ ခုနှစ် နှစ်ကုန်က တရုတ် မော်တော်ကား ထုတ်လုပ်နိုင်စွမ်း သန်း၃၀ကျော်ရှိကြောင်း၊ ရေးသားဖော်ပြပါသည်။
တရုတ်ပြည်က ဒေသများအကြား မော်တော်ကား ထုတ်လုပ်နိုင်စွမ်းဆိုင်ရာကွာဟမှု ထင်ရှားကြောင်း၊ ၂၀၁၅ခုနှစ် နှစ်ကုန်က ပြည်နယ်အဆင့် ၂၆ခုသည် မော်တော်ကား ထုတ်လုပ်နိုင်စွမ်းရှိကြောင်း၊ ၎င်းအနက် ချွန်ချင့်၊ ဟူပေ၊ ကွမ်တုံး နှင့် စန်းတုံး စသော ဒေသ၏ထုတ်လုပ်နိုင်စွမ်းသည် တစ်ပြည်လုံး၏ ၃ပုံ ၂ပုံခန့်ရှိကြောင်း၊ သိရပါသည်။