တရုတ်နိုင်ငံ အခြေစိုက်သံအမတ်--“တစ်ဇုန်တစ်လမ်း”၏ အနက်အဓိပ္ပါယ်အလွန်လေးနက်လှသည်၊ နိ

2016-05-17 17:23:13 |သတင်းအရင်းအမြစ် 《吉祥》杂志

    “(၁၃)ကြိမ်မြောက်(၅)နှစ်စီမံကိန်း”မူကြမ်းထဲမှဖော်ပြချက်အရ“တစ်ဇုန်တစ်လမ်း”တည်

ဆောက်ခြင်းသည်ရင်းနှီးချစ်ကြည်ခြင်း၊ရိုးသားဖြောင့်မတ်ခြင်း၊အကျိုးအမြတ်ရရှိခြင်း၊သဘောထားကြီးသည်းခံမှုရှိခြင်းကိုအခြေခံပြီး စီးပွားတူဆောင်ရွက်ခြင်း၊အတူတကွတည်ဆောက်ခြင်း၊

အတူမျှဝေခံစားခြင်းမူဝါဒများဖြင့်နိုင်ငံတော်နှင့်သက်ဆိုင်သောဒေသကဏ္ဍပေါင်းစုံအကြားအကျိုး

ဖြစ်ထွန်းစေသောအကျိုးတူပူးပေါင်းဆောင်ရွက်မှုများကိုလက်တွေ့အကောင်အထည်ဖော်ဆောင်

ခြင်းဖြစ်သည်။ကုန်းပေါ်ပင်လယ်ပေါ်ပြည်တွင်းပြည်ပပေါင်းစပ်ပြီးဖလှယ်ဆက်ဆံခြင်း၊အရှေ့တိုင်းအနောက်တိုင်းနှစ်ဘက်စလုံးတံခါးဖွင့်ပေးသောဘက်စုံတိုးတက်ဖွံ့ဖြိုးသည့်မဟာဗျူဟာအသစ်ကိုတည်ဆောက်ရမည်ဖြစ်သည်။အစည်းအဝေးနှစ်ရပ်ကျင်းပနေစဉ်ကာလအတွင်းတွင်တရုတ်နိုင်ငံအခြေစိုက်သံအမတ်များကိုအင်တာဗျူးမေးမြန်းစဉ်တွင်ထိုကဲ့သို့ဖော်ညွှန်းခဲ့ကြသည်။“တစ်ဇုန်တစ်လမ်း”၏အနက်အဓိပ္ပါယ်အလွန်လေးနက်လှသည်။ နိုင်ငံများစွာအတွက် အကျိုးအမြတ်များကို ဖြစ်ထွန်း စေသည်။

(၂၀၁၃)ခုနှစ်တွင်သမ္မတရှီကျင့်ဖိန်သည်Kazakhstanနှင့်အင်ဒိုနီးရှားနိုင်ငံများသို့ သွားရောက်

လေ့လာသည့်အခါတွင်“ပိုးလမ်းမကြီးစီးပွားရေးစင်္ကြံနှင့်“(၂၁)ရာစုပင်လယ်ရေကြောင်းပိုးလမ်းမ

ကြီး”အတူတည်ဆောက်ရေးစီမံကိန်းမူကြမ်းကို ထုတ်ဖော်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအခြေစိုက်ပြင်သစ်နိုင်ငံသံအမတMauriceGourdault-Montagne ကထိုကဲ့သို့ပြော

သည်။“ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်နေသောယနေ့ခေတ်တွင်ပိုးလမ်းမကြီးကဲ့သို့ဘက်စုံအင်အားစုများကိုထိုကဲ့သို့စုစည်းနိုင်သည့်စီမံကိန်းသည်ကျွန်တော်တို့ဂရုစိုက်နေသောအရာဖြစ်သည်။အ

ရေးပါသောအရာမှာတရုတ်နိုင်ငံကပိုးလမ်းမကြီးတည်ဆောက်မှုမဟာအတွေးအခေါ်ကြီးကိုဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။အဆိုပါစီမံကိန်းကိုအကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် ကျွန်တော်တို့အားလုံးကြိုးစား ဆောင်ရွက်နေခြင်းဖြစ်သည်။”

(၂)နှစ်ကျော်အချိန်ကာလအတွင်း“တစ်ဇုန်တစ်လမ်း”စီမံကိန်းမူကြမ်းအတွက်အကောင်အထည်ဖော်ဆောင်မှုများကိုတွေ့မြင်နိုင်သည်။နိုင်ငံပေါင်း(၇၀)ကျော်နှင့်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများသည်အကျိုးတူပူးပေါင်းဆောင်ရွက်မှုဆန္ဒများရှိကြောင်းကိုဖော်ထုတ်ခဲ့ကြသည်။နိုင်ငံပေါင်း(၃၀)ကျော်သည်တရုတ်နိုင်ငံနှင့်“တစ်ဇုန်တစ်လမ်း”အတူတည်ဆောက်မှုသဘောတူညီချက်စာချုပ်ကိုချုပ်ဆိုခဲ့ပြီဖြစ်သည်။နိုင်ငံ(၂၀)ကျော်သည်တရုတ်နိုင်ငံနှင့်စနစ်ကျသောစွမ်းအင်ထုတ်လုပ်မှုအ

ကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းများကိုအကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်သည်။အရေး

ကြီးစီမံကိန်းများစွာသည်နိုင်ငံအသီးသီးတွင်စတင်အခြေချ ဆောင်ရွက်နေကြပြီဖြစ်သည်။

တရုတ်နိုင်ငံအခြေစိုက်အာရပ်သံအမတ်ကျာနီမူစီဖူလီကအင်တာဗျူးမေးမြန်းခံရသည့်အခါတွင်အဆိုပါအကြောင်းများကိုသေချာစွာပြောကြားခဲ့သည်။(၂၀၁၄)ခုနှစ်ဇွန်လကတည်းကစပြီးရုတ်နိုင်ငံနှင့်အာရပ်နိုင်ငံအကြားဆက်ဆံရေးသည်အောင်မြင်မှုများရရှိခဲ့ပြီးဖြစ်သည်။နှစ်ဦးနှစ်ဘက်စ

လုံးသည်အကျိုးတူပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်များနှင့်နားလည်မှုစာချွန်လွှာများကိုလက်မှတ်ရေးထိုးခဲ့ပြီဖြစ်သည်။အဆိုပါလုပ်ရပ်များသည်“တစ်ဇုန်တစ်လမ်း”စီမံကိန်း၏လက်တွေ့အကောင်အထည်ဖော်ဆောင်မှုများပင်ဖြစ်သည်။

တရုတ်နိုင်ငံအခြေစိုက်ဂျော်ဒန်နိုင်ငံသံအမတ်ရယ်ဟိုင်ရခါလလိုက်၏ပြောဆိုချက်အရ-တရုတ်နိုင်ငံသည်တာဝန်ကျေပွန်သောနိုင်ငံကြီးဖြစ်သည်။တရုတ်နိုင်ငံထုတ်ဖော်သော“တစ်ဇုန်တစ်လမ်း”စီမံကိန်းမူကြမ်းနှင့်အာရှအခြေခံ အဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် တည်ဆောက် ခြင်းသည် အကောင်းဆုံး သက်သေပြုချက်ပင်ဖြစ်သည်။

“ကမ္ဘာပေါ်တွင်ဒုတိယအကြီးဆုံးစီးပွားရေးအဖွဲ့အစည်းဖြစ်သောတရုတ်နိုင်ငံသည်အလွန်အရေးကြီးသောတာဝန်များကိုထမ်းဆောင်နေရသည်ကိုကျွန်တော်တို့မြင်တွေ့ရသည်။ကျွန်တော်တို့သည်‘တစ်ဇုန်တစ်လမ်း္လစီမံကိန်းမူကြမ်းကိုကြိုက်နှစ်သက်ကြသည်။အဘယ်ကြောင့်ဆိုသော်

တရုတ်နိုင်ငံသည်အဆိုပါစီမံကိန်းမူကြမ်းဖြင့်နိုင်ငံများစွာကို အကျိုးစီးပွားဖြစ်ထွန်းစေနိုင်ခြင်း

ကြောင့်ဖြစ်သည်။” ဟု တရုတ်နိုင်ငံ အခြေစိုက် ဘဲဂျီယန်နိုင်ငံသံအမတ် မာဟိုင်ယူက ပြောသည်။

လူအားလုံးကောင်းစားမှတကယ်ကောင်းတာပါ။အကျိုးအမြတ်ဖြစ်ထွန်းခြင်း၏နောက်ကွယ်တွင်အပြန်အလှန်အကျိုးအမြတ်အတူရရှိခြင်းအတွေးစိတ်ကူးပင်ဖြစ်သည်။“တစ်ဇုန်တစ်လမ်း”

သည်ချစ်ကြည်ရင်းနှီးမှုကိုဆက်နွယ်ပေးသော၊အကျိုးစီးပွားစည်ကားတိုးတက်စေမည့်ပေါင်း

ကူးတံတားပင် ဖြစ်သည်။

အာရပ်နိုင်ငံနှင့်ပြည်သူလူထုတို့သည်အဆိုပါစီမံကိန်းမူကြမ်းကိုသဘောတူကြပါသည်။ထောက်ခံကြပါသည်။အဘယ်ကြောင့်ဆိုသော်အဆိုပါစီမံကိန်းသည်တရုတ်နိုင်ငံနှင့်အာရပ်နိုင်ငံတို့၏အ

ပြန်အလှန်အကျိုးအမြတ်ဖြစ်ထွန်းခြင်းကိုဖြစ်စေနိုင်သောကြောင့်ဖြစ်သည်။ဥပမာ-အဆိုပါစီမံကိန်းသည်လွှတ်လပ်စွာကူးသန်းရောင်းဝယ်မှုဇုန်တည်ဆောက်ခြင်းကိုအကောင်အထည်ဖော်ဆောင်

ခြင်း၊ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအသင်းတည်ဆောက်ခြင်းနှင့်သင်ကြားမှုသင်တန်းများဖွင့်လှစ်ခြင်းတို့သည်အာရပ်နိုင်ငံများ၏တိုးတက်ဖွံ့ဖြိုးမှုစီမံကိန်းများကိုဖြစ်ထွန်းစေမည်ဟုစီဖူလီကပြောကြားပါသည်။

“တစ်ဇုန်တစ်လမ်း”စီမံကိန်းသည်လူအားလုံးအတွက်နှစ်ဦးနှစ်ဖက်အကျိုးအမြတ်များကိုရရှိ

စေမည်ဖြစ်သည်ဟုတရုတ်နိုင်ငံအခြေစိုက်ပါကစ္စတန်နိုင်ငံသံအမတ်မာစူတယ်ဟာလီတယ်ကခိုင်မာစွာယုံကြည်ပါသည်။“တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ”သည်“တစ်ဇုန်တစ်လမ်း”စီမံကိန်း၏်flagship စီမံကိန်းဖြစ်သည်။ ပါကစ္စတန်နိုင်ငံနှင့်တရုတ်နိုင်ငံသည်ယခုလက်ရှိတွင်တစ်ဇုန်တစ်

လမ်း”ဖရိမ်အောက်တွင် အရှိန်မြင့်တင်ပြီးစင်္ကြံတည်ဆောက် မှုများကို ဆောင်ရွက်နေပြီဖြစ်သည်။

“‘တစ်ဇုန်တစ်လမ်း္လစီမံကိန်းမူကြမ်းသည်တရုတ်နိုင်ငံနှင့်ဒေသဆိုင်ရာစည်ကားဖြစ်ထွန်းမှုနှင့်

ငြိမ်းချမ်းစွာတိုးတက်ဖွံ့ဖြိုးမှုအတွက်အကောင်းကျိုးများစွာသက်ရောက်ပေးနေမည်ကိုတွေ့မြင်

ရန်ကျွန်တော်မျှော်လင့်နေပါသည်။”ဟုတရုတ်နိုင်ငံအခြေစိုက်ကိုးရီးယားနိုင်ငံသံအမတ်ကျင်ကျမ်းကျူးက ပြောကြားပါသည်။

“တစ်ဇုန်တစ်လမ်း”တည်ဆောက်မှုသည်အကျိုးတူပူးပေါင်းဆောင်ရွက်မှုအကျိုးထူးရရှိ

သည့်အပြင် နိုင်ငံတကာ အကြား အပြန်အလှန်ဆက်သွယ်မှုကိုလည်း ဖြစ်ထွန်းစေပါ သည်။

“တစ်ဇုန်တစ်လမ်း”စီမံကိန်းမူကြမ်းသည်သမ္မတရှီကျင့်ဖိန်ထုက်ပြန်သောအတွေးကောင်းတစ်ရပ်

ဖြစ်သည်။အဆိုပါစီမံကိန်းသည်ရှေးခေတ်နှင့်ယခုခေတ်သစ်ကိုရောနှောထားသည်။ ဒေသအကြား အပြန်အလှန်ဆက်သွယ်မှုစနစ်သစ်တည်ဆောက်မှုကိုတွန်းအားပေးလုပ်ဆောင်စေမည်ဖြစ်သည်ဟုတရုတ်နိုင်ငံအခြေစိုက်နီပေါနိုင်ငံသံအမတ်မာဟောစခူမာမော်မာစီက ဖော်ပြပါသည်။တရုတ်နိုင်ငံ

နှင့်ဥရောပကို ဆက်သွယ်ပေးခြင်း အတွေး ပေါ်ထုတ်လာသည်မှာ ကြာလွန်လေပြီဖြစ်သည်။ အရှေ့အာရှ၊အရှေ့အလယ်ပိုင်းစသည့်ဒေသများမှတဆင့်တရုတ်နိုင်ငံနှင့်ဥရောပအကြားအပြန်အလှန်ဆက်သွယ်ပေးခြင်းကိုအကောင်အထည်ဖော်ခြင်းသည်အလွန်ကောင်းမွန်သောအတွေးဖြစ်

သည်။ဥရောပတွင်ထောက်ခံသူများပြားကြသည်ဟုတရုတ်နိုင်ငံအခြေစိုက်လူဇင်ဘတ်နိုင်ငံသံအ

မတ် စီထိုက်မေက ပြောကြားပါသည်။

“‘တစ်ဇုန်တစ်လမ်း္လစီမံကိန်းမူကြမ်းသည်အလွန်ကြီးမြတ်ပါပေသည်။အဘယ်ကြောင့်ဆိုသော်‘တစ်ဇုန်တစ်လမ်း္လသည်အာရှတိုက်၊ဥရောပတိုက်နှင့်အာဖရိကတိုက်ကိုချိတ်ဆက်ပေးသည်။အားလုံးကိုတစ်သားတည်းဖြစ်အောင်လုပ်ဆောင်ပေးသောကြောင့်အဆိုပါစီမံကိန်းမူဝါဒသည်အနက်အဓိပ္ပါယ်အလွန်နက်ရှိုင်းလှပေသည်။”ဟုတရုတ်နိုင်ငံအခြေစိုက်အစ္စရေးနိုင်ငံ သံအမတ်မာထိန်က ပြောပါသည်။