၂၀၁၄ခုနှစ်နိုဝင်ဘာလ၂၂ရက်နေ့တွင်တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်ဖြစ်သူလီခချန်းက
အာဆီယံ၁၀နိုင်ငံမှခေါင်းဆောင်များနှင့်အတူတရုတ်-အာဆီယံလွတ်လပ်သောကုန်သွယ်ရေးဇုန်အဆင့်မြင့်ဆွေးနွေးပွဲဘက်စုံစွာပြီးဆုံးသွားခြင်းဆိုင်ရာသဘောတူစာချုပ်တွင်လက်မှတ်ရေးထိုးခဲ့ပါ သည်။တရုတ်-အာဆီယံလွတ်လပ်သောကုန်သွယ်ရေးဇုန်အဆင့်မြှင်တင်ရေးဆိုင်ရာ“အခြေပြသ
ဘောတူစာချုပ်”သည်လက်ရှိလွတ်လပ်သောကုန်သွယ်ရေးဇုန်၏ အခြေခံပေါ်တွင် တရုတ်နိုင်ငံက အောင်မြင်စွာလုပ်ကိုင်ဆောင်ရွက်ခဲ့သည့်ပထမဦးဆုံးအဆင်မြှင့်တင်ရေးဆိုင်ရာသဘောတူစာချုပ်တစ်ခုဖြစ်ရာလွတ်လပ်သောကုန်သွယ်ရေးဇုန်တိုးတက်စေရေးမဟာဗျူဟာတွင်တရုတ်နိုင်ငံ၏ ခြေလှမ်းအသစ်တစ်ခုဖြစ်ပါသည်။
တရုတ်နိုင်ငံသည်၆နှစ်ဆက်၍အာဆီယံနိုင်ငံများ၏အကြီးမားဆုံး ကုန်သွယ်ဘက်နိုင်ငံအနေဖြင့် ရပ်တည်လာခဲ့ပါသည်။အာဆီယံနိုင်ငံများသည်၎နှစ်ဆက်တိုက်တရုတ်နိုင်ငံ၏တတိယကုန်သွယ်
ဘက်နိုင်ငံများတွင်နေရာယူထားခြင်းဖြစ်ပါသည်။တရုတ်-အာဆီယံလွတ်လပ်သော ကုန်သွယ်ရေး ဇုန်ထူထောင်ရေးလုပ်ငန်းများသည်၂၀၁၀ပြည့်နှစ်တွင်တရားဝင်ဘက်စုံစွာလုပ်ငန်းများစတင်လာခဲ့ရာတွင်နှစ်ဦးနှစ်ဖက်တို့၏စီးပွားရေးနှင့်ကုန်သွယ်ရေးလုပ်ငန်းများရှေ့သို့ခိုင်မာတည်ငြိမ်မှုရှိစွာအဆင်ပြေတိုးတက်လာအောင်တွန်းအားပေးခြင်းဖြစ်ပါသည်။ဤတစ်ကြိမ်တရုတ်-အာဆီယံအ
ဆင့်မြှင့်တင်ရေးဆိုင်ရာဆွေးနွေးပွဲအောင်မြင်စွာကျင်းပခဲ့ခြင်းဖြင့်ထိုဒေသအတွင်းကုန်သွယ်ရေး
နှင့်ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများပိုမိုလွတ်လပ်မှုနှင့်အဆင်ပြေမှုရှိရန်အတွက်အခြေခံအုတ်မြစ်ကို ချပေးနိုင်မည်ဖြစ်ပေရာ၊နှစ်ဦးနှစ်ဖက်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက်အထောက်အကူ အင်အားအသစ်ဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း၊ပိုမိုခင်မင်ရင်းနှီးသောတရုတ်-အာဆီယံကံကြမ္မာအသိုက်အ၀န်းထူထောင်ရန်အတွက် အကျိုးဖြစ်ထွန်းလာမည်ဖြစ်ကြောင်း၊၂၀၂၀ပြည့်နှစ်နှစ်ဦးနှစ်ဖက်ကုန်သွယ်ရေးပမာဏသည်အမေရိကန်ဒေါ်လာဘီလျီယံတစ်ထောင်အထိရောက်ရှိလာနိုင်ရန်
ရည်မှန်းချက်ကိုအကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊“ဒေသအတွင်းကဏ္ဍစုံစီးပွားရေးဘက် ဆက်ဆံမှုဆိုင်ရာ သဘောတူစာချုပ်” (RCEP)နှင့် စပ်လျဉ်းသော ဆွေးနွေးပွဲကျင်းပနိုင်ရန်၊ အာရှ နှင့်ပစိဖိတ်သမုဒ္ဒရာလွတ်လပ်သောကုန်သွယ်ရေးဇုန်ထူထောင်နိုင်ရန်အကျိုးဖြစ်ထွန်းလာနိုင်မည်ဖြစ်ကြောင်းလေ့လာရရှိနိုင် မည်ဖြစ်ပါသည်။
၁၈ရာစုနှစ်နောက်ပိုင်းတွင်စီးပွားရေးဂလိုဘာလိုင်ဇေးရှင်းလိုင်း(globalization)သည်နှစ်ခါ
ကြုံခဲ့ပါသည်။ပထမတစ်ခါသည်အင်္ဂလန်နိုင်ငံကဦးဆောင်သောစီးပွားရေးဂလိုဘာလိုင်ဇေးရှင်းလိုင်း(globalization)ဖြစ်ပါသည်။ ဒုတိယတစ်ကြိမ်သည် အမေရိကန်နိုင်ငံက ဦးဆောင်ခဲ့ခြင်းဖြစ် ပါသည်။မျက်မှောက်ကာလတွင်နိုင်ငံတကာငွေရေးကြေးရေးအကျပ်အတည်း၏သြဇာလွှမ်းမှု
သည် ဆက်လက်ရှိနေကြောင်း၊ ကမ္ဘာ့စီးပွားရေး နက်နက်ရှိုင်းရှိုင်း ပြုပြင်ပြောင်းလဲနေသော ကာလတွင်ရှိနေရာဒုတိယတစ်ကြိမ်စီးပွားရေးဂလိုဘာလိုင်ဇေးရှင်းလိုင်း(globalization)၏တိုး
တက်စေရေးအရှိန်သည်အဆုံးနီးပါးကာလရောက်ရှိလာသည့်အတွက်နိုင်ငံတကာစီးပွားရေးတိုးတက်စေရန်တွန်းအားနည်းလာသည်ကိုပါတွေ့မြင်နိုင်ပါသည်။ထို့အပြင်သိပ်မကြာခင်နှစ်များအ
တွင်းဥရောပနှင့်အမေရိကနိုင်ငံများတစ်ချို့တွင်ကုန်သွယ်ရေးအကာအကွယ်ပေးရေးဒီရေပေါ်လာခဲ့ရာ ၂၁ ရာစုနှစ် တစ်ကမ္ဘာ လုံးစီးပွားရေး စဉ်ဆက်မပြတ် တိုးတက်အားကောင်းလာရန် အဓိကတားဆီးမှုအင်အားဖြစ်ပေါ်လာလျက်ရှိပါသည်။လက်ရှိကာလတွင်နိုင်ငံတကာကုန်သွယ
ရေးတိုးတက်မှုအရှိန်သည် ၃ နှစ်ဆက်လျက် ကမ္ဘာ့စီးပွားရေးတိုးတက်မှုအရှိန်ထက် နောက် ကျကြောင်း၊ ၂၀၁၄ ခုနှစ်တွင် တစ်ကမ္ဘာလုံးရှိ နိုင်ငံခြားတိုက် ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏသည် ၈ ရာခိုင်နှုန်းအထိကျဆင်းလာ ကြောင်း။ ကမ္ဘာ့စီးပွားရေးတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံ မှု အခြေအနေ ပြန်လည်ကောင်းမွန်လာအောင် အထူးလိုအပ် ကြောင်း တွေ့မြင်နိုင်မည်ဖြစ်ပါသည်။
ယခုအချိန်တွင်တရုတ်လွတ်လပ်သောကုန်သွယ်ရေးဇုန်မဟာဗျူဟာသည်စီးပွားရေးဂလို
ဘာလိုင်ဇေးရှင်း (globalization)၃.၀ ခေတ်စတင်ရန် အထောက်အကူပြုနိုင်မည်ဖြစ်ပါ သည်။ “၁၃ ကြိမ် ၅ နှစ် စီမံကိန်း”တွင် အကြံပြုတင်ပြချက် အတိုင်း လွတ်လပ်သောကုန်သွယ်ရေးဇုန် အရှိန်မြန်စွာတည်ဆောက်ခြင်း၊ဒေသအတွင်းဘက်စုံစီးပွားရေးလုပ်ဖော်ကိုင်ဘက်ဆက်ဆံမှုဆိုင်ရာသဘောတူစာချုပ်ညှိနှိုင်းဆွေးနွေးရေးမြန်ဆန်လာအောင်တွန်းအားပေးခြင်း၊တစ်ကမ္ဘာလုံးအတွက်ရည်မှန်းထားသောစံညွှန်းမြင့်လွတ်လပ်သောကုန်သွယ်ရေးဇုန် ကွန်ယက်ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်ခြင်းတို့ပါဝင်ပါသည်။ လက်ရှိကာလတွင် တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၊ ချီလီ၊ ဆွစ်ဇာလန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ သြစတြေးလီးယားစသောနိုင်ငံနှင့် ဒေသ(၂၂)ခုတို့မှ လွတ်လပ်သော ကုန်သွယ်ရေးဇုန်ဆိုင်ရာ သဘောတူစာချုပ် (၁၄)ခုကို အကောင်အထည်ဖော်နိုင်ခဲ့ပြီးဖြစ်ပါသည်။သက်ဆိုင်ရာနိုင်ငံများနှင့်အတူ“ဒေသအတွင်းကဏ္ဍစုံစီးပွားဘက်ဆက်ဆံရေး ဆိုင်ရာ သဘောတူစာချုပ်” လုပ်ငန်း၊ တရုတ်၊ ဂျပန်၊ တောင် ကိုးရီးယားလွတ်လပ်ရေးကုန်သွယ်ရေးဇုန်စသောလုပ်ငန်းများဆိုင်ရာဆွေးနွေးပွဲများကိုရှေ့သို့တိုးတက်လာအောင် တွန်းအားပေးလျက်ရှိသည်။ ဤတစ်ကြိမ်တရုတ်နှင့် အာဆီယံ လွတ်လပ် သောကုန်သွယ်ရေးဇုန်အဆင့်မြှင့်တင်ရေးဆွေးနွေးပွဲအပါ အ၀င်တစ်ကမ္ဘာလုံးအနှံ့ ပါဝင်နိုင်သော အဆင့်မြင့်လွတ်လပ် သော ကုန်သွယ်ရေးဇုန် ကွန်ယက်ကို တစ်စတစ်စအကောင် အထည်ဖော်လာနိုင်မည်ဖြစ်ပါသည်။
လက်ရှိတရုတ်နိုင်ငံ၏စီးပွားရေးအခြေအနေသည်ကမ္ဘာပေါ်တွင်နံပါတ်၂နေရာတွင်ရပ်တည်လာလျက်ရှိရာ ပို့ကုန် သွင်းကုန်စုစုပေါင်းပမာဏသည် နံပါတ် ၂ နေရာမှ နံပါတ် ၁ နေရာသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သည် ကမ္ဘာပေါ်ရှိ နံပါတ် ၁ နေရာသို့ ရောက်ရှိလာပါသည်။ နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုပမာဏသည်၂၀၁၄ ခုနှစ်အတွင်း နံပါတ် ၁ နေရာသို့ရောက်ရှိလာလျက်ရှိပါသည်။၂၀၁၄ ခုနှစ် တွင် နိုင်ငံခြားသို့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန် ဒေါ်လာပေါင်း ၁၂.၃၁၂ ဘီလျီယံ ရောက်ရှိလျက် ကမ္ဘာ၏နံပါတ် ၃ နေရာတွင် ရပ်တည်လျက်ရှိပါသည်။တရုတ်နိုင်ငံသည် တံခါးဖွင့်ရေးစီးပွားရေးမှ တစ်ကမ္ဘာလုံး၏စီးပွားရေးအချက်အချာကျသောဗဟိုနိုင်ငံတစ်နိုင်ငံအထိတိုးတက်လာခြင်းဖြစ်သည်မှာတိုးတက်မှုအလားအလာလည်းဖြစ်၊တရုတ်စီးပွားရေးတိုးတက်လာရေးဆိုင်ရာ တွန်းအားရှိခြင်းလည်းဖြစ် ပါသည်။ တရုတ်စီးပွားရေး၏ကဏ္ဍစုံအသီးသီးတွင်“တံခါးဖွင့်ရေး”နှင့်နီးနီးကပ်ကပ်ဆက်ဆံလျက်ရှိပါသည်။ တရုတ် နိုင်ငံသည် လွတ်လပ်သော ကုန်သွယ်ရေးဇုန်မဟာဗျူဟာနှင့် “တစ်ဇုန်တစ်လမ်း” တည်ဆောက်ရေးစီမံကိန်းများကို အကောင်အထည်ဖော်ခြင်းဖြင့် ကမ္ဘာတစ်ခုလုံးအထိ ပြန့်နှံ့ ဆက်နွယ်နိုင်သောအဆင့်မြင့်လွတ်လပ်သောကုန်သွယ်ရေးဇုန်ကွန်ယက်ကိုထူထောင်နိုင်မည်ဖြစ်ပါသည်။ဒေသတစ်ခုနှင့်တစ်ကမ္ဘာလုံးစီးပွားရေးအတူတကွတိုးတက်လာရေးနှင့်အေးချမ်းသာယာမှုရှိရေး အခြေအနေအသစ်ကို ဖန်တီးလာနိုင် မည်ဖြစ်ပါသည်။
တရုတ်နိုင်ငံတံခါးဖွင့်ရေးမူဝါဒသည်၂၁ရာစုနှစ်တစ်ကမ္ဘာလုံးရှိတံခါးဖွင့်စီးပွားရေးကိုပြန်
လည်ထူထောင်မည်ဖြစ်ပါသည်။တရုတ်နိုင်ငံကတွန်းအားပေးနေသောလွတ်လပ်သည့်ကုန်သွယ်
ရေးဇုန်မဟာဗျူဟာသည်နိုင်ငံတကာစီးပွားရေးထဲနက်နက်ရှိုင်းရှိုင်းပါဝင်လာအောင်ကြိုးပမ်း
ဆောင်ရွက်ခြင်း ဖြင့် တံခါးဖွင့်မှုရှိသော ကမ္ဘာ့စီးပွားရေးကို ပြန်လည်ထူထောင် နိုင်အောင် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊လက်ရှိနိုင်ငံတကာကုန်သွယ်ရေးစနစ်ကိုအကျိုးဖြစ်ထွန်းစေနိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံတကာကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ပိုမိုတိုးတက်လာနိုင်ရန် အားပေးထောက်ခံနိုင်မည်ဖြစ်ကြောင်း၊တရုတ်နိုင်ငံနှင့်နိုင်ငံတကာစီးပွားရေးတစ်ခုလုံးတိုးတက်
လာ ရန်တို့အတွက် အားကောင်းစွာ တွန်းအားပေးနိုင်မည်ဖြစ် ကြောင်း၊ ကမ္ဘာလုံး တိုးတက်အားကောင်းလာရေးအကြောင်းအရင်းများနှင့် တွန်းအားပေးရေးတို့အတွက် ဖန်တီးလာနိုင် အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တွေ့ရှိနိုင် မည်ဖြစ်ပါသည်။