တံခါးဖွင့်ခြင်း။ တရုတ်နှင့် ကမ္ဘာကြီးသည် အတူတကွတိုးတက်လာ

2016-05-17 11:20:48 |သတင်းအရင်းအမြစ် 《吉祥》杂志

    တံခါးဖွင့်လမ်းစဉ်ပေါ်လစီကျင့်သုံးခြင်းကြောင့်တိုးတက်မှုကိုသယ်

ဆောင်လာခဲ့ခြင်း။၁၉၈၇ခုနှစ်မှစတင်သောပြုပြင်ပြောင်းလဲရေးနှင့်တံခါးဖွင့်ရေးလမ်းစဉ်ပေါ်လစီများသည်တရုတ်နိုင်ငံအတွက်ကြီးမားသောဖွံ့ဖြိုးတိုး

တက်ရေးအခွင့်အလမ်းကိုဖန်တီးခဲ့ပါသည်။လက်ရှိအချိန်တွင်ကမ္ဘာလုံးဆိုင်

ရာဂလိုဘာလိုင်ဇေးရှင်း(globalization)အခြေအနေ4သည်တစ်နေ့တစ်ခြားပိုမိုနက်ရှိုင်းလာလျက်ရှိသည့်အတွက်“၁၃ကြိမ်မြောက်နှစ်”စီမံကိန်းတွင်အကြံ

ပြုသည်မှာ“တံခါးဖွင့်ခြင်း”ကို“ဖွံ့ဖြိုးတိုးတက်ရေးခံယူချက်၅ချက်”ထဲကတစ်ချက်အနေဖြင့်ပါဝင်လာစေသည်မှာတရုတ်နှင့်ကမ္ဘာကြီးပိုမိုနက်ရှိုင်းစွာဆက်ဆံနိုင်အောင်၊အတူတကွကြိုးပမ်းဆောင်ရွက်ခြင်းဖြင့်ပူးပေါင်းဆောင်ရွက်

ရေးအပြန်အလှန်အကျိုးဖြစ်ထွန်းစေရေးအခြေအနေကောင်းကိုဖန်တီးနိုင်

မည်ဖြစ်ပါ သည်။

“တရုတ်နိုင်ငံဆိုင်ရာအိုင်(စ)လန်နိုင်ငံသံရုံးမှသံမှူးကြီးက   ပြောကြား

သည်မှာကျွန်တော်စိတ်ဝင်စားမှုအရှိဆုံး မေးခွန်းသည် “၁၃ ကြိမ်မြောက် ၅ နှစ်”စီမံကိန်းကကမ္ဘာ့စီးပွားရေးအပေါ်ဘယ်လောက်အထိအကျိုးသက်ရောက်နိုင်မည်နည်း။အမေရိကန်ADMကုမ္ပဏီ၏ကိုယ်စားလှယ်က ပြောကြား

သည်မှာ“၁၃ ကြိမ်မြောက် ၅ နှစ်” စီမံကိန်းကာလ အတွင်း တရုတ်နိုင်ငံက လယ်ယာစိုက်ပျိုးရေးနယ်ပယ်အတွင်ဖွင့်လှစ်ရေးခြေလှမ်းပိုမိုမြန်ဆန်မှုရှိနိုင်မည်နည်း။

သိပ်မကြာခင်တွင်တရုတ်ပြည်ကွန်မြူနစ်ပါတီအပြည်ပြည်ဆိုင်ရာဆက်ဆံရေးဝန်ကြီးဌာနကသက်ဆိုင်ရာနောက်ခံကြောင်းသတင်းများရှင်းလင်းပွဲ   ကျင်းပခဲ့ရာတရုတ်နိုင်ငံဆိုင်ရာနိုင်ငံခြားသံရုံးမှသံတမန်များ၊တရုတ်နိုင်ငံရှိ

နိုင်ငံခြားကုမ္ပဏီများဆိုင်ရာကိုယ်စားလှယ်များကို၁၈ကြိမ်မြောက်တရုတ်

ပြည်ကွန်မြူနစ်ပါတီ ၅ ကြိမ်မြောက်ဗဟိုကော်မတီစုံညီအစည်းအဝေးကျင်းပ

ခဲ့သည့်အကြောင်းများကိုရှင်းလင်းပြော ကြားခဲ့ပါသည်။ ရှင်းလင်းပွဲတွင် တက်ရောက်လာကြသူများကမိမိစိတ်ဝင်စားသောမေးခွန်းများကိုမေးမြန်းခဲ့ရာ“တံခါးဖွင့်ရေး”ဆိုခြင်းသည် ရှောင်လို့မရသည့်မေးစရာအများဆုံးမေးခွန်းဖြစ်သည်မှာ -တရုတ်နိုင်ငံသည် မည်သည့်လမ်းကြောင်း အတိုင်း ရှေ့ရှုချီ

တက်သွားမည်နည်း။မည်သည့်ဦးတည်ချက်သို့ရောက်အောင်ကြိုးပမ်းဆောင်ရွက်သွားမည်နည်း၊ဤမေးခွန်းများသည်အခြားနိုင်ငံများ၏တိုးတက်မှုနှင့်သက်ဆိုင်မည်ဖြစ်ပေရာနိုင်ငံခြားကုမ္ပဏီများ၏ဆုံးဖြတ်ချက်အတွက်အထူးအရေးကြီးပါကြောင်း တွေ့မြင်နိုင်မည်ဖြစ်ပါသည်။

“တရုတ်နိုင်ငံ၏  စီးပွားရေး   တိုးတက်လာခြင်းသည် ကမ္ဘာ့စီးပွားရေး တိုးတက်လာရေးအတွက် အထောက်အကူပြု နိုင်မည်ဖြစ်ကြောင်း၊ သို့သော် တရုတ်နိုင်ငံစီးပွားရေးကျဆင်းလာရန်ဖိအားအခြေအနေပေါ်လာပါကကမ္ဘာ့

စီးပွားရေးကျဆင်းလာရေးအတွက်လည်းဖိအားပေးနိုင်သောအခြေအနေ

တွင်ရှိနိုင်ကြောင်း။တရုတ်ပြည်တွင်းလိုအပ်မှုအခြေအနေတိုးတက်လာသည်

နှင့်အမျှအတိုင်းအတာကြီးမားသောတရုတ်ဈေးကွက်သည်ပြည်ပစီးပွားရေးအဖွဲ့အစည်းများတရုတ်နိုင်ငံသို့ပိုမိုရောင်းချနိုင်ရန်အတွက်အားပေးစွမ်း

ဆောင်နိုင်မည်ဖြစ်ကြောင်း။ဗဟိုကော်မတီဘဏ္ဍာရေးနှင့် စီးပွားရေးလုပ်ငန်း   ဦးဆောင်ရေးအဖွဲ့ရုံးမှဒုတိယတာဝန်ခံဖြစ်သူရန်းဝေမင်းကသတင်းမေးမြန်းမှုကို  ဖြေကြားရာတွင်  ယခုလိုရှင်းလင်းပြော ကြားခဲ့ပါသည်။

စီးပွားရေးအင်အားက နိုင်ငံတကာ၏ဒုတိယနေရာတွင် ရပ်တည်လျက်  နိုင်ငံခြားရန်ပုံငွေပေါင်းအမေရိကန်ဒေါ်လာဘီလျီယံ(၄၀၀၀)ပိုင်ဆိုင်သော နိုင်ငံတစ်နိုင်ငံအနေဖြင့် တရုတ် နိုင်ငံ၏ပြည်ပစီးပွားရေးလှုပ်ရှားမှုများသည် နိုင်ငံအသီးသီး၏စီးပွားရေးနှင့်လည်းသက်ဆိုင်မှုရှိလာပါကြောင်း၊တရုတ်

နိုင်ငံ၏ ပြည်တွင်းဈေးကွက်သည် နိုင်ငံအသီးသီးမှစီးပွားရေး အဖွဲ့အစည်း

များ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်စွက်နိုင်သော  အခြေအနေတွင်ရှိပါသည်။ထို့ကြောင့်၊တရုတ်နိုင်ငံကတံခါးဖွင့်ရေးခံယူချက်

ဖြင့်ပိုမိုတံခါးဖွင့်သောလမ်းစဉ်ပေါ်လစီများကိုကျင့်သုံးမှုရှိနိုင်မရှိနိုင်ဆိုခြင်း

သည်ကမ္ဘာတစ်ခုလုံးကစိတ်ဝင်တစားလေ့လာရမည်ဖြစ်ကြောင်းတွေ့မြင်နိုင်မည်ဖြစ်ပါသည်။

အထူးစီးပွားရေးဇုန်စီမံကိန်းများအကောင်အထည်ဖော်ခြင်းမပြည်ပ

ကုန်သွယ်ရေးရှေ့သို့တိုးတက်လာအောင်တွန်းအားပေးခြင်း၊နိုင်ငံခြားရင်းနှီး

မြှုပ်နှံမှုလုပ်ငန်းများအားကိုးခြင်း၊ WTOအဖွဲ့အစည်းသို့ ပါဝင်လာခြင်း ဟူ

သောလုပ်ငန်းများစွာလုပ်ကိုင်ဆောင်ရွက်ရာ(၃၇)နှစ်ကြာသောဖြစ်စဉ်အ

တွင်းတရုတ်နိုင်ငံ၏ပြည်ပအပေါ်တံခါးဖွင့်ရေးလုပ်ငန်းများသည်တောက်

လျှောက်ရှေ့ရှုချီတက်ခဲ့ခြင်းဖြစ်ပါကြောင်း၊တံခါးဖွင့်ရေးလုပ်ငန်းအခြေအနေများသည်စဉ်ဆက်မပြတ်နက်ရှိုင်းလာလျက်ရှိကြောင်းလေ့လာရရှိနိုင်မည်

ဖြစ်ပါ သည်။

၂၀၁၃ခုနှစ်၊စက်တင်ဘာလတွင်ရှန်ဟိုင်းလွတ်လပ်သောကုန်သွယ်ရေး

ဇုန်တစ်ခုသာရှိရာမှ၂၀၁၅ခုနှစ်၊ဧပြီလအထိကွန်တုံး၊ထျိန်ကျင်း၊ဖူကျိန့်လွတ်

လပ်သောဇုန်များအပါ အ၀င် လွတ်လပ်သောကုန်သွယ်ရေးဇုန်စီမံကိန်းများ အကောင်အထည်ဖော်ခြင်းသည် တရုတ်နိုင်ငံ၏ပိုမိုတံခါးဖွင့်ရေးလုပ်ငန်းများအကြောင်းကိုဖော်ပြထားသေအရေးကြီးသည့်အမှတ်အသားလုပ်ငန်းများ

ဖြစ်ကြောင်း တွေ့မြင်နိုင်မည်ဖြစ်ပါသည်။

“တစ်ဇုန်တစ်လမ်း”တည်ဆောက်ရေးစီမံကိန်းအကောင်အထည်ဖော်

ခြင်းသည်တရုတ်နိုင်ငံကနိုင်ငံတကာသို့ဝင်ရောက်လျက်နိုင်ငံအသီးသီးနှင့်အတူအတူတကွဖွံ့ဖြိုးတိုးတက်စေရေးအတွက်အရေးကြီးသည့်နည်းလမ်းဖြစ်ပါသည်။ လက်ရှိကာလတွင် တရုတ်နိုင်ငံသည် တစ်ဇုန်တစ်လမ်း စီမံကိန်းနယ်ပယ်အတွင်းရှိနိုင်ငံများအကြားရထားလမ်း၊လမ်းတံတား၊ဆိပ်ကမ်းစသောအခြေခံအဆောက်အအုံများတည်ဆောက်ရေးစီမံကိန်းများကိုရှေ့သို့တိုးတက်မှုရှိလာနိုင်အောင်ကြိုးပမ်းဆောင်ရွက်ကြောင်း၊ပေါင်းစပ်ဆက်နွယ်မှုများအတွက် အခြေခံကောင်းရအောင် ကြိုးပမ်းဆောင်ရွက်ကြောင်း။ “RongEurope fast iron ”မြန်နှုန်းရထားလမ်း၊“ChongqingNew Europe”ရထားလမ်း၊  “YiwuNew Europe ”ရထား လမ်းများ ဖွင့်လှစ်

ပေးခြင်းဖြင့်တရုတ်နိုင်ငံနှင့်ဥရောပအကြားကုန်းတွင်းပိုင်းရထားလမ်းများကိုဖွင့်လှစ်ပေးလျက်ရှိရာကုန်သွယ်ရေးဆိုင်ရာပို့ဆောင်မှုသည်ပိုမိုအဆင်ပြေ

ချောမွေ့လာပြီဖြစ်ကြောင်း တွေ့ရှိနိုင်မည်ဖြစ်ပါသည်။

ထို့အပြင်၊နိုင်ငံတော်အကြီးအကဲများကနိုင်ငံခြားသို့လေ့လာရေးခရီးစဉ်ရှိတိုင်းလိုက်ပါသွားသော လုပ်ငန်းရှင် အဖွဲ့ဝင်များသည် အရေအတွက် ကြီး

မားသည် အော်ဒါများရရှိ လေ့ရှိကြောင်း တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ ဥပမာ၊ သိပ်မကြာ ခင်အတွင်း သမ္မတရှီကျင့်ဖိန်၏ အင်္ဂလန်နိုင်ငံရောက် ခရီးစဉ်တွင် တရုတ်ယွမ်ငွေဘီလျီယံ(၄၀၀)ရှိသောစာချုပ်ကိုလက်မှတ်ရေး

ထိုးခဲ့ရာ၊အကျိုးအမြတ်ရရှိသောလုပ်ငန်းများသည်တီထွင်ဆန်းသစ်မှုရှိ

သောလုပ်ငန်းများ၊ လက်လီရောင်းဝယ်ရေး၊ စွမ်းအင်၊ ငွေကြေးဝန်ဆောင်မှု၊ သိပ္ပံနှင့်နည်းပညာပိုင်းဆိုင်ရာလုပ်ငန်းများနှင့်ပညာရေးလုပ်ငန်းများပါဝင်

ကြောင်း၊ ယခုလို စာချုပ်များကြောင့် အင်္ဂလန်နိုင်ငံအတွက် အလုပ်အကိုင် အခွင့် အလမ်း(၃၉၀၀)ကျော်ကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း တွေ့ ရှိခဲ့ပါသည်။

Bricsအဖွဲ့ဝင်နိုင်ငံများဆိုင်ရာဖွံ့ဖြိုးရေးဘဏ်ထူထောင်ရန်အဆိုပြုခြင်း၊    အာရှအခြေခံအဆောက်အအုံတည်ဆောက်ရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုဘဏ်(AsianInfrastructure Investment Bank) ထူထောင်ရန် အဆိုပြုခြင်း၊ အပြည်

ပြည်ဆိုင်ရာရန်ပုံငွေအဖွဲ့ (IMF)ပြန်လည်ပြုပြင်ရန်အဆိုပြုခြင်း၊ ဖွံ့ဖြိုးမှုအ

နည်းဆုံးနိုင်ငံများတင်နေသောအကြွေးများကိုကင်းလွတ်ခွင့်ပေးရန်အဆို

တင်ခြင်းစသောလုပ်ငန်းများစွာကိုလုပ်ကိုင်ဆောင်ရွက်ခဲ့ရာ၊ကမ္ဘာ့စီးပွားရေးလုပ်ငန်းရပ်များအတွင်းတရုတ်နိုင်ငံသည်အပြည်ပြည်ဆိုင်ရာစီးပွားရေးပိုမိုစနစ်တကျဖြစ်အောင်ကြိုးပမ်းဆောင်ရွက်သောလုပ်ငန်းများစွာတွင်တက်ြွက

စွာပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊တစ်ချိန်တည်းတွင်နိုင်ငံတကာတာဝန်ဝတ္တရားများကိုလည်းပါဝင်ထမ်းဆောင်ရန်တက်ြွကစွာကြိုးပမ်းအားထုတ်ခဲ့ကြောင်း တွေ့ ရှိနိုင်မည်ဖြစ်ပါသည်။

“တရုတ်နိုင်ငံသည်ဖွင့်ပြီးသားတံခါးကိုမည်သည့်အခါမှပြန်ပိတ်မည်မ

ဟုတ်ကြောင်း၊ပြည်ပအပေါ်တံခါးဖွင့်ခြင်းသည်တရုတ်နိုင်ငံ၏ အခြေခံကျသောပေါ်လစီဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမှုနှင့် စပ်လျဉ်းသော ပေါ်လစီ လည်း ပြောင်းလဲမှာ  မဟုတ်ကြောင်း၊  နိုင်ငံခြားရင်းနှီးမြှုပ်နှံ ရေး

လုပ်ငန်းအဖွဲ့အစည်း၏တရားဝင်အကျိုးအမြတ်နှင့်အခွင့်အရေးများအကာအကွယ်ပေးရေးပေါ်လစီသည်ပြောင်းလဲမှာမဟုတ်ကြောင်း၊ နိုင်ငံအသီးသီးမှ လုပ်ငန်းရှင်များကတရုတ်နိုင်ငံတွင်ရင်းနှီးမြှုပ်နှံထားသောစီးပွားရေးလုပ်ငန်းများကိုပိုမိုကောင်းမွန်စွာဝန်ဆောင်မှုပေးရန်ဦးတည်ချက်လည်းပြောင်းလဲ

မှာမဟုတ်ကြောင်း”လ ၂၂ ရက်နေ့ကအမေရိကန်  Seattleမြို့တွင် ၀ါရှင်တန်ပြည်နယ်အစိုးရနှင့်အမေရိကန်ရှိချစ်ကြည်ရေးအသင်းများကျင်းပသောကြိုဆိုသည့်ထမင်းစားပွဲ၌ဥက္ကဋ္ဌကြီးရှီကျင့်ဖိန်ကယခုလိုပြောကြားခဲ့

ခြင်းဖြစ်ပါသည်။

“၁၃ကြိမ်မြောက်၅နှစ်”စီမံကိန်းပါအကြံပြုစာစောင်များအတွင်းရှိတံခါး

ဖွင့်လမ်းစဉ်ပေါ်လစီကိုပြတ်ပြတ်သားသားလိုက်နာကျင့်သုံးခြင်း၊ ပူးပေါင်း

ဆောင်ရွက်ခြင်းဖြင့်အတူတကွအကျိုးအမြတ်ခံစားနိုင်အောင်ကြိုးပမ်း

ဆောင်ရွက်ခြင်းဟူသောအခန်းတစ်ခန်းသည်အလွန်အရေးကြီးသည့်အခန်းတစ်ခန်းအနေဖြင့်ပါဝင်ရာတရုတ်နိုင်ငံသည်တံခါးဖွင့်ရေးလမ်းစဉ် ပေါ်လစီကို ပြတ်ပြတ်သားသားလိုက်နာကျင့်သုံးရေးယုံကြည်စိတ်ချမှုကိုဖော်ပြထား

ခြင်းဖြစ်ပါသည်။ထိုအခန်းပါအချက်အလက်အတိုင်းမည်သည့်နည်းလမ်းဖြင့် အကောင်အထည်ဖော်ခြင်းနှင့်စပ်လျဉ်း၍အကြံပြုစာစောင်မှာအသေးစိတ်

လမ်းကြောင်းနှင့်လုပ်ထုံးလုပ်နည်းများကိုလည်းအကြုံပြုရေးသားထားပါသည်။

ပြည်ပအပေါ်တံခါးဖွင့်ရေးမဟာဗျူဟာအစီအစဉ်ပိုမိုပြည့်စုံကောင်းမွန်လာရန်၊“တစ်ဇုန် တစ်လမ်း”စီမံကိန်းအကောင်အထည်ဖော်ရေးအတွက် တွန်း

အားပေးရန်၊ပြည်မကြီးနှင့်ဟောင်ကောင်၊မကာအိုနှင့်ထိုင်ဝမ်ဒေသတို့နှင့်ပူး

ပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းများပိုမိုနက်ရှိုင်းလာရန်၊တစ်ကမ္ဘာလုံးစီးပွားရေးစနစ်ပိုမိုကောင်းမွန်စေရေးအတွက်တက်ြွကစွာပါဝင်လုပ်ကိုင်ဆောင်ရွက်

ရန်၊ နိုင်ငံတကာ တာဝန်ဝတ္တရားများကို  တက်ြွကစွာပါဝင်  ထမ်းဆောင်ရန် ဟူသောလုပ်ငန်းနယ်ပယ်၆ခုကိုတံခါးဖွင့်ရေးအစီအစဉ်အတိုင်းစီမံဆောင်

ရွက်မှုများပြုလုပ်ခဲ့ပါသည်။လုပ်ငန်းနယ်ပယ်တိုင်းတွင်ပိုမိုအသေးစိတ်ကျ

သောလုပ်ထုံးလုပ်နည်းများ၊အကောင်အထည်ဖော်ရန်အဆင်ပြေသောနည်းလမ်းများ ပါဝင်လာနေ သည်ကို လေ့လာရရှိခဲ့ပါသည်။

တံခါးဖွင့်ခြင်းမှပြုပြင်ပြောင်းလဲရန်နှင့်ဖွံ့ဖြိုးတိုးတက်စေရန်တွန်းအား

ပေးခြင်းသည်တရုတ်နိုင်ငံ၏ပြုပြင်ပြောင်းလဲရေးလမ်းစဉ်တွင်စုဆောင်းရရှိခဲ့သောအတွေ့အကြုံဖြစ်ပါသည်။ကာလအသစ်အခြေအနေမျိုးတွင်တံခါးဖွင့်လမ်းစဉ်ပေါ်လစီကိုဆက်လက်ကျင့်သုံးရန်၊ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်အတူတကွအကျိုးအမြတ်ခံစားရရှိရန်ဟူသော“တရုတ်စတိုလ်သင်္ဘောကြီး”သည်ပိုမိုကျယ်ပြန့်သော ရေမျက်နှာပြင် သို့  ခုတ်မောင်းနိုင်မည်ဖြစ်ကြောင်း၊  အောင်မြင်မှုရရာမှပိုမိုကြီးမားသည့်အောင်မြင်မှုအသစ်ရရှိရာဘက်သို့ရှေ့ရှုချီတက်သွားနိုင်မည်ဖြစ်ကြောင်း အလေးအနက်ယုံကြည်ပါသည်။