“တစ်ဇုန်တစ်လမ်း”သည်တရုတ်နိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်

2016-05-17 11:23:54 |သတင်းအရင်းအမြစ် 《吉祥》杂志

လွန်ခဲ့သောရက်ပိုင်းကာလကတမူထူးခြားသောကမ္ဘောဒီးယားနိုင်ငံရင်းနှီးမြှုပ်နှံမှု စာနယ်ဇင်း

ရှင်းလင်းပွဲကိုကူမင်းမြို့တွင်ကျင်းပခဲ့သည်။   ကူမင်းမြို့အခြေစိုက်ကမ္ဘောဒီးယားနိုင်ငံကောင်စစ်ဝန် KhengSarinသည် ယူနန်ပြည်နယ်စီးပွားရေးနယ်ပယ်၊ ရင်းနှီးမြှုပ်နှံမှုနယ်ပယ်၊ ပညာရေးနယ်ပယ်၊ ခရီးသွားနယ်ပယ်စသည့်နယ်ပယ်ကဏ္ဍများစွာမှလုပ်ငန်းရှင်များကိုကမ္ဘောဒီးယားနိုင်ငံ၏နိုင်ငံ

တော်အခြေအနေ၊ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်၊သဘာဝရှုခင်းသာနှင့်လူမှုယဉ်ကျေးမှုစသည့်အပိုင်းကဏ္ဍများကိုမိတ်ဆက်တင်ပြပေးခဲ့သည်။လတ်တလောနှစ်ပိုင်းတွင်ကမ္ဘောဒီးယားနိုင်ငံစီးပွားရေး  အခြေအနေလျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာသည်နှင့်အတူနိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအဆင့်

သည်၁၉၉၃ခုနှစ်မှစတင်ပြီးသိသာစွာတိုးတက်ကောင်းမွန်မှုများရှိကြောင်းသိရပါသည်။တရုတ်နိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံနှစ်နိုင်ငံအကြားဖလှယ်မှုများ၊အကျိုးတူပူးပေါင်းလုပ်ဆောင်မှုများပိုမိုခိုင်ခံ့စေရန်အတွက်တရုတ်နိုင်ငံလုပ်ငန်းရှင်များသည် ကမ္ဘောဒီးယားနိုင်ငံ၏  ကဏ္ဍမျိုးစုံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုသည်လည်းပိုမိုလျင်မြန်စွာတိုးတက်လာခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ပြေွါကယ်ဝ

သောအရင်းအမြစ်နှင့်တစ်နေ့တစ်ခြားတိုးတက်တည်ငြိမ်လာသောစီးပွားရေး အနေအထားသည် တရုတ်နိုင်ငံ  ရင်းနှီးမြှုပ်နှံသူများအတွက်   ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကိုလည်း ဖန်တီးပေးနိုင်ခဲ့သည်။ ထို့အတွက်ကြောင့် သတင်းထောက်သည် ကူမင်းမြို့အခြေစိုက် ကမ္ဘောဒီးယားနိုင်ငံ ကောင်စစ်ဝန်KhengSarin နှင့် တွေ့ဆုံ မေးမြန်းခြင်းများပြုလုပ်ခဲ့သည်။

သတင်းထောက်-လွန်ခဲ့သော(၁၀)နှစ်တာအချိန်ကာလအတွင်းတွင်တရုတ်နိုင်ငံကကမ္ဘောဒီးယားနိုင်ငံကဏ္ဍပေါင်းစုံအတွင်းသို့ထည့်သွင်းရင်းနှီးမြှုပ်နှံမှုများသည်လျင်မြန်စွာတိုးတက်လာခဲ့သည်။နောက်နောင်အချိန်ကာလအတိုင်းတာတစ်ခုအတွင်းတွင်တရုတ်နိုင်ငံ၊အထူးသဖြင့်ယူနန်ပြည်နယ် ရင်းနှီးမြှုပ်နှံရှင်များသည် မည်သည်ကဏ္ဍများကို ပိုမိုအလေး ပေး သတိပြုသင့်သနည်း။

KhengSarin လတ်တလောနှစ်ကာလအတွင်းတွင်ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးအနေ

အထားသည် တည်ငြိမ် တိုးတက်နေသောအခြေအနေကို ထိန်းထားနိုင်ခဲ့သည်။ အ၀တ် အထည်

များ၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ၀န်ဆောင်မှုလုပ်ငန်း စသည့်လုပ်ငန်းများသည်  အဆက်မပြတ်  ဖွံ့ဖြိုးတိုးတက်နေသည်။ ပညာရေး၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ အခြေခံ အဆောက်အဦးများ၊ လမ်းပန်းဆက်သွယ်ရေး စသည့် အပိုင်း ကဏ္ဍသည်လည်း စနစ်ကျစွာ ဖွံ့ဖြိုးတိုးတက်နေသည်။ ယင်းလုပ်ငန်းများ၏ဖွံ့ဖြိုးတိုးတက်မှုအနေအထားသည်ကမ္ဘောဒီးယားနိုင်ငံ၏ယှဉ်ပြိုင်မှုအင်အားကို  ပိုမိုကောင်းမွန်လာစေသည်။ နိုင်ငံတော်စီးပွားရေးနှင့် လူမှုရေးအသိုင်းအ၀ိုင်း သည်လည်း ဖွံ့ဖြိုးတိုးတက်မှုများဆက်တိုက်ရရှိလာစေမည်ဖြစ် သည်။

တရုတ်နိုင်ငံအထူးသဖြင့်ယူနန်ပြည်နယ်လုပ်ငန်းရှင်များကိုကမ္ဘောဒီးယားနိုင်ငံ၏များစွာသော လုပ်ငန်းကဏ္ဍများသို့ရင်းနှီးမြှုပ်နှံရန်စဉ်းစားတွေးတောသင့်သည်။၎င်းတို့မှာစိုက်ပျိုးရေးလုပ်

ငန်း၊အ၀တ်အထည်လုပ်ငန်း၊စွမ်းအင် ထုတ်လုပ်ရေးလုပ်ငန်း၊ဆက်သွယ်ရေးလုပ်ငန်း၊ခရီးသွား

လုပ်ငန်းနှင့်သက်ဆိုင်သောလုပ်ငန်းများပါဝင်ပေသည်။ကမ္ဘောဒီးယားနိုင်ငံသည် သိကြားမင်းက

 လက်ဆောင်မွန်အဖြစ်ပေးအပ်ထားသောအရင်းအမြစ်ပြေွါကယ်ဝသည့်မြေနေရာကို ပိုင်ဆိုင်သော  နိုင်ငံဖြစ်သည်။သို့သော်ကမ္ဘောဒီးယားနိုင်ငံကိုယ်ပိုင်ရင်းနှီးမြှုပ်နှံသူများသည်နည်းပညာပိုင်းနှင့် အဆောက်အဦးကိရိယာပိုင်းတွင်မပြည့်စုံမှုများ၊လိုအပ်ချက်များရှိနေသေးသည်။ တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံရှင်များသည်၎င်းအပိုင်းတွင်အားသာချက်များရှိနေသည်။ယခုလက်ရှိတွင်ကမ္ဘောဒီးယားနိုင်ငံမှထွက်သောဆန်ထွက်နှုန်းနှင့်ထုတ်ကုန်အရေအတွက်သည်တစ်နှစ်ထက်တစ်နှစ်လျင်မြန်

စွာတိုးတက်လာနေသည်။၎င်းရလဒ်သည်တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံသူများ၏ကြိုးစားမှုကြောင့်ဖြစ်သည်ဟု ပြောနိုင်သည်။ ကမ္ဘောဒီးယား နိုင်ငံတွင် စိုက်ပျိုးရေးမြေကောင်းများစွာရှိပါသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံရှင်များကထုတ်ကုန်များဖြစ်လာအောင်လှုံ့ဆော်လုပ်ဆောင်ကြရန်လိုအပ်နေပေသည်။

အ၀တ်အထည်လုပ်ငန်းသည်လည်းတရုတ်နိုင်ငံလုပ်ငန်းရှင်များအလေးထားသောလုပ်ငန်းတစ်ရပ်ဖြစ်သည်။ကမ္ဘောဒီးယားနိုင်ငံ၏လုပ်အားခငွေသည်အခြားနိုင်ငံလုပ်အားခငွေနှင့်နှိုင်းယှဉ်လျှင်ဈေးနှုန်းချိုသာသည်။လုပ်အားများစုစည်းလုပ်ဆောင်သောလုပ်ငန်းအနေဖြင့်ဆိုလျှင်အား

သာ ချက်များရှိသည်။လတ်တလောနှစ်ကာလများတွင် ကမ္ဘောဒီးယားနိုင်ငံသို့ စွမ်းအင်ကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍနှင့်ခရီးသွားကဏ္ဍလုပ်ငန်းများသို့နိုင်ငံခြားရင်းနှီးမြှုပ်နှံရှင်များလာရောက်

ရင်းနှီးမြှုပ်နှံရန်  ကမ္ဘောဒီးယား နိုင်ငံတော်အစိုးရ သည်လည်း အလေးပေးကြိုးပမ်းနေပါသည်။

သတင်းထောက်-ယခုလက်ရှိတွင်တရုတ်နိုင်ငံသည်“တစ်ဇုန်တစ်လမ်း”တည်ဆောက်မှု၊လမ်းတလျှောက်နိုင်ငံ များအကြားကူးသန်းရောင်းဝယ်မှုကို ဖြစ်ထွန်းစေခြင်း၊ ဘဏ္ဍာရေး မြှင့်တင်ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း၊ကူးလူးဆက်ဆံသွားလာမှုအပိုင်း စသည့်အပိုင်းကဏ္ဍများ၏ အကျိုးတူ ပူး

ပေါင်းဆောင်ရွက်မှုအဆင့်မြှင့်တင်ရေးများကိုအားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေသည်။ တရုတ်နိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အထူးသဖြင့်ယူနန်ပြည်နယ်နှင့် အတူပူးပေါင်းဆောင်ရွက်လုပ်ဆောင်ခြင်းများအပေါ်ကမ္ဘောဒီးယားနိုင်ငံကမည်သို့သော စနစ်သစ်များကို အသုံးပြုမည်နည်း။

KhengSarin -ကမ္ဘောဒီးယားနိုင်ငံသည်အာဆီယံနိုင်ငံ၊ တရုတ်နိုင်ငံနှင့်  အခြားသောနိုင်ငံများ၊  ဒေသဆိုင်ရာဖလှယ်ရေးနှင့်ရင်းနှီးစွာအကျိုးတူပူးပေါင်းဆောင်ရွက်မှုများကိုအလွန်အလေးထားပါသည်။ထိုအထဲမှာနိုင်ငံရေး၊စီးပွားရေးပါဝင်ပြီးဒေသအတွင်းလူကူးလူးဆက်ဆံရေး၊ကုန်သွယ်

ရေး၊ ငွေကြေးစီးဆင်းမှုများကို တွန်းဆော်ပေးနေပါ သည်။ 

ကမ္ဘောဒီးယားနိုင်ငံ၏ အဓိကအားသာချက်မှာမဟာ ဗျူဟာ တည်နေရာအနေအထားနှင့် မဲ

ခေါင်မြစ်ဝှမ်းဒေသဘေးပတ်လည်အစီအစဉ်များကြောင့်ဖြစ်သည်။ကမ္ဘောဒီးယားနိုင်ငံ၏စီးပွား

ရေးတိုးတက်ဖွံ့ဖြိုးမှုသည်အခြေခံအဆောက်အဦးများတည်ဆောက်ဖွံ့ဖြိုးမှုအပေါ်များစွာမူ

တည်နေသည်။ကမ္ဘောဒီးယားနိုင်ငံသည်ရင်းနှီးမြှုပ်နှံရှင်များအားထောက်ပံ့မှုများပေးရန်အဆင်သင့်ပြင်ထားပြီဖြစ်သည်။လက်တွေ့ အကောင်အထည်ဖော်ဆောင်နိုင်သောရင်းနှီးမြှုပ်နှံမှုကို အားပေးသောပေါ်လစီများအထူးသဖြင့်အသစ်ဖန်တီးမှုလုပ်ငန်းရပ်များအပေါ်ရင်းနှီးမြှုပ်နှံမှုကို

အားပေးသောပေါ်လစီများကို ပြဌာန်းသွားမည်ဖြစ်ပါသည်။

ယင်းဖွံ့ဖြိုးတိုးတက်မှုစွမ်းအားများနှင့်အတူကမ္ဘောဒီးယားနိုင်ငံသည်ဒေသနှင့်ကမ္ဘာအကြားသို့လုံးဝရောဝင်ပေါင်းစပ်သွားနိုင်လိမ့်မည်ဟုယုံကြည်ပါသည်။ထို့အတူတရုတ်နိုင်ငံလုပ်ငန်းရှင်

များအတွက်လည်း ပိုမိုကောင်းမွန် သော အခွင့်ကောင်းများကို ရရှိစေပါသည်။ ယူနန်ပြည်နယ် နှင့် ကမ္ဘောဒီးယားနိုင်ငံသည်အကွာအဝေးချင်းနီးစပ်မှုရှိသောကြောင့်ယူနန်ပြည်နယ်လုပ်ငန်းရှင်များက ကမ္ဘောဒီးယားနိုင်ငံ သို့ လာရောက်ရင်းနှီးမြှုပ်နှံမှုများရှိစေရန် ရည်ရွယ်ပါသည်။

သတင်းထောက်- သင်အစောပိုင်းက မိတ်ဆက်ပေးခဲ့သောတရုတ်နိုင်ငံလုပ်ငန်းရှင်များ အထူးသဖြင့်ယူနန်လုပ်ငန်းရှင်များသည် ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်ရင်းနှီးမြှုပ်နှံသောအခါ  အခွင့်အရေးကောင်းများစွာရှိသည်ဟုဆိုခဲ့သည်။မည်သည့်အပိုင်းကဏ္ဍများ၎င်းအခွင့်အလမ်း

ကောင်း များ ရရှိနိုင်မည်နည်း။

KhengSarin-လုပ်ငန်းရှင်များသည်ကမ္ဘောဒီးယားနိုင်ငံတွင်ရင်းနှီးမြှုပ်နှံခြင်းဖြင့် အမြင့်ဆုံး

(၉)နှစ်အခွန်ကင်းလွတ်ခွင့်အခွင့်အရေးကိုရယူနိုင်သည်။ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းသည်သွင်းကုန်ထုတ်ကုန်အခွန်လျှော့ပေးခွင့်နှင့်အခွန်ကင်းလွတ်ခွင့်စသည့်အခွင့်အရေးပေးပေါ်လစီများစွာကို ခံစားနိုင်သည်။ကမ္ဘောဒီးယားနိုင်ငံအတွင်းတွင်လည်းလူမျိုးခွဲခြားဆက်ဆံမှုမျိုးမရှိပေ။ကမ္ဘောဒီးယားနိုင်ငံသည် အာဆီယံနိုင်ငံ လူဦးရေသန်းပေါင်း (၆၀၀)ရှိသော ဈေးကွက်ကြီးကို မျက်နှာမှုနေသည်။လမ်းပန်းဆက်သွယ်ရေးနှင့်ဘဏ္ဍာရေးအပိုင်းကဏ္ဍ၏အဆင်ပြေချောမွေ့စေမှုသည်ရင်းနှီးမြှုပ်နှံသူများအားရင်းနှီးမြှုပ်နှံမှုထည့်သွင်းမှုများလွယ်ကူစွာလုပ်ဆောင်ရန်အကျိုးပြုသည်။တရုတ်နိုင်ငံအထူးသဖြင့်ယူနန်ပြည်နယ်လုပ်ငန်းရှင်များသည်ရင်းနှီးမြှုပ်နှံမှုအပိုင်းတွင် လိမ်လည်ခံရခြင်းများမဖြစ်စေရန်အတွက်အစိုးရလမ်းကြောင်းများမှတဆင့်အကျိုးတူပူးပေါင်းလုပ်ဆောင်မှုများကို  လုပ်ဆောင်နိုင်ရန် မျှော်လင့်ခြင်းများရှိသည်။ 

ကမ္ဘောဒီးယားနိုင်ငံ၏လုပ်အားခသည်ဈေးချိုသည်။များစွာသောအခွန်ကင်းလွတ်ခွင့်ပေါ်လစီများသည်လည်းရင်းနှီးမြှုပ်နှံသူများအတွက်ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကောင်းကိုဖန်တီးပေးသည်။ ဒေသထွက် အရင်းအမြစ်ပေါများြွကယ်ဝသည်။ အထူးအရေးပါသည့် အချက်မှာ ကမ္ဘောဒီးယားနိုင်ငံသည်ဗုဒ္ဓဘာသာနိုင်ငံဖြစ်သဖြင့်ပြည်သူပြည်သားများသည်ရိုးသားဖြူစင်ကြသည်။အားလုံးကိုခြုံငုံသုံးသပ်ကြည့်သောအခါကမ္ဘောဒီးယားနိုင်ငံသည် လာရောက်လေ့လာသင့် သော၊ ရင်းနှီးမြှုပ်နှံမှုများထည့်သင့်သော လှပသောနိုင်ငံတစ် နိုင်ငံဖြစ်ပေသည်။

လတ်တလောနှစ်ကာလပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ သည် ယဉ်ကျေးမှုခရီးသွားလုပ်ငန်း အပိုင်းကဏ္ဍတွင်လည်း ဖွံ့ဖြိုးတိုးတက်မှုများကို လျင်မြန်စွာ ရရှိလာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံသို့သွားရောက်လည်ပတ်သော ခရီးသွားဧည့်သည်လူဦးရေသည် (၄.၅)သန်း ရှိပြီး စီးပွားရေးအကျိုးအမြတ် အမေရိကန်ဒေါ်လာပေါင်း (၃)ဘီလီယံ ရရှိခဲ့  သည်။ ၂၀၁၅ ခုနှစ်တွင် ခရီးသည်ဦးရေ (၅)သန်းရရှိလိမ့်မည် ဟု ခန့်မှန်းထားပါသည်။ ခရီးသွားအရင်းအမြစ် ပြေွါကယ်ဝခြင်းသည်လည်းခရီးသွားလုပ်ငန်းရင်းနှီးမြှုပ်နှံရန်အတွက် ကြီးမားသောဈေးကွက်ကို ဖြစ်ထွန်းစေပါသည်။