တရုတ်နိုင်ငံတွင် စပျစ်ဝိုင်ဈေးကွက် အလားအလာကောင်းနေ

2016-05-20 10:32:48 |သတင်းအရင်းအမြစ် 德宏缅文网

  ယခုနှစ်ပိုင်းများတွင် တရုတ်နိုင်ငံစားသုံးသူများသည် စပျစ်ဝိုင်ကောင်းကျိုးအကြောင်း သိရှိခြင်းများ သိသိသာသာ တိုးမြင့်လာခဲ့ရာ တရုတ်နိုင်ငံ၏ စပျစ်ဝိုင်ဈေးကွက်သည် အလားအလာကောင်းများ ရှိနေ ကြောင်း သြစတြေးလျနိုင်ငံ နာမည်ကျော် စပျစ်ဝိုင်ကော်ပိုရေးရှင်း လုပ်ငန်းရှင် Taylor က ဆင်ဟွာ သတင်းဌာန၏ မေးမြန်းချက်တွင် ဖြေကြားခဲ့ကြောင်း သိရပါသည်။

  'တရုတ်စားသုံးသူဈေးကွက်တွင် စပျစ်ဝိုင်၏ အရည်အသွေးနှင့် အရသာကို အလေးထားပြီး စပျစ်ဝိုင် နှင့် တရုတ်ဟင်းလျာများ ပေါင်းစပ် စားသောက်နိုင်ရန် လိုလားကြကြောင်း၊ အကောင်းဆုံး ထုတ်ကုန် လက်ရာအဖြစ် ပြုလုပ်ထားသော သြစတြေးလျစပျစ်ဝိုင်များကို ကောင်းမွန်စွာ လက်ခံ သောက်သုံးခဲ့ကြ သည်'ဟု Taylor မှ ဆက်လက် ပြောကြားခဲ့ပါသည်။

  စပျစ်ဝိုင်လုပ်ငန်းသည် တဖြည်းဖြည်း တစ်ဆင့်ခြင်း တိုးတက်လာသော စီးပွားရေး ဖွံ့ဖြိုး တိုးတက် မှုပုံစံမျိုးဖြစ်ပြီး အမှတ်တံဆိပ်တစ်ခုအနေဖြင့် ထူထောင်အောင်မြင်ရန် နေချင်းညချင်းဖြင့် ရရှိ နိုင်ခြင်း မဟုတ်၊ ဘိုးစဉ်ဘောင်ဆက် လက်ရာနည်းပညာများအမွေများဖြင့် သားစဉ်မြေးဆက် စွဲစွဲမြဲမြဲ လုပ်ဆောင် သွားရမည် ဖြစ်ကြောင်း Taylor မှ ထပ်မံပြောကြားခဲ့ပါသည်။

  တရုတ်နိုင်ငံ အကောက်ခွန်ဌာန စာရင်းအင်းများအရ ၂၀၁၅ ခုနှစ် တရုတ်နိုင်ငံ၏ စပျစ်ဝိုင် တင်သွင်း မှုပမာဏ သန်း(၆၀၀)လီတာရှိပြီး သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန်တင်ခဲ့ကြောင်း သိရပါသည်။ သြစတြေးလျစပျစ်ဝိုင်သည် တရုတ်ဈေးကွက်တွင် အထူးအားပေး သောက်သုံးမှုများပြားလာခြင်းနှင့်အတူ သြစတြေးလျနိုင်ငံမှ တရုတ်နိုင်ငံသို့ စပျစ်ဝိုင် တင်ပို့မှုသည်လည်း အရှိန်အဟုန်မြင့် တိုးတက်လာခဲ့ကြောင်း သိရသည်။

  ယမန်နှစ် ဒီဇင်ဘာလ က တရားဝင်ခွင့်ပြုခဲ့သော တရုတ်-သြစတြေးလျ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူစာချုပ်အရ သြစတြေးလျစပျစ်ဝိုင် တင်သွင်းသည့်အခွန်များကို ငါးနှစ်အတွင်း တဖြည်းဖြည်း အကောက်ခွန်ကင်းလွတ်ခွင့်ထိရောက်အောင် လျော့ချသွားမည်ဖြစ်ကြောင်း သိရသည်။

            (ဆင်ဟွာသတင်းဌာနမှ ကောက်နှုတ်ဖော်ပြသည်)