တက်ဟုန်းပြည်နယ်ခွဲ ၀မ်တင်း၌ စီမံကိန်းကြီး(၃)ခုကို ယွမ်ငွေ သန်း၆၀၀ ရင်းနှီးမြှုပ်

2016-05-24 15:56:13 |သတင်းအရင်းအမြစ် 德宏缅文网

ဝမ်တင်းဒေသ ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင် တိုးတက်ကောင်းမွန်စေရန် ၊ ၀မ်တင်းခရီးသွားလာ ရေးမြို့ အဖြစ် စုံလင်ပြည့်စုံကောင်းမွန်စေရန်နှင့် "ဇုန်တစ်ခုလမ်းကြောင်းတစ်ခု" အပိုင်းရှိ အခြေခံ အဆောက် အဦးများပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၀မ်တင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဇုန်သည် အားသာချက် အခွင့်အလမ်းများဖြင့် ယွမ်ငွေ သန်း(၆၀၀)ကျော် ရင်းနှီးမြှုပ်နှံကာ လယ်ယာထွက် ကုန်ပစ္စည်းအထွေထွေ ဈေးကွက်၊ မန်မံကုန်စည်သိုလှောင်ပို့ဆောင်ရေးဇုန် ကုန်စည်စစ်ဆေးရေး ကွင်းနှင့် ရေထွက်ကုန်ပစ္စည်းရောင်းဝယ် ရေးဈေးကွက်စသည့် စီမံကိန်းကြီး(၃)ခုကို တည်ဆောက် သွားမည်ဖြစ်ပြီးတရုတ်-မြန်မာနှစ်နိုင်ငံကူးသန်းရောင်းဝယ်ရေးပိုမိုကောင်းမွန်လာစေရန်နှင့်ဝမ်တင်း ဒေသအား တရုတ်နိုင်ငံတစ်ဝှမ်းတွင် ကုန်တင်ကုန်ချ အများဆုံးဖြစ်သော၊ ဆိပ်ကမ်း အရည်အသွေး အပြည့်ဝဆုံးဖြစ်သော၊ အကောက်ခွန်ဂိတ်ဖြတ်သန်းမှု အလွယ်ကူဆုံးဖြစ်သော နိုင်ငံတကာ ကုန်း တွင်း ဆိပ်ကမ်း၏အားတစ်ခုအဖြစ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။

  ရွှေလီမြို့ ၀မ်တင်း ကျားရွဲ့အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီမှ ယွမ်ငွေသန်း(၃၀၀) ရင်းနှီးမြှုပ်နှံ မှုဖြင့် ဖော်ဆောင်လျက်ရှိသော ၀မ်တင်းမြို့ လယ်ယာထွက်ကုန်ပစ္စည်းအထွေထွေဈေးကွက် ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းသည် ၂၀၁၅ခုနှစ် ၀မ်တင်းစက်မှုလုပ်ငန်း စီမံခန့်ခွဲမှုကော်မတီ၏ အဓိက ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတစ်ခုဖြစ်ကြောင်းသိရပါသည်။ စီမံကိန်းဖော်ဆောင်မည့် မြေဧရိယာ အ ကျယ်အ၀န်းမှာ မို(၇၀)ခန့်ရှိကာ အဆောက်အအုံအကျယ်အ၀န်း (၈.၃)စတုရန်းမီတာရှိပြီး တည် ဆောက်မှုကာလကို အဆင့်နှစ်ဆင့်ဖြင့် အကောင်အထည် ဖော်သွားမည်ဖြစ်သည်။ ပထမအ ဆင့်တည်ဆောက်မှုကာလတွင် ဆောက်လုပ်ရေးစီမံကိန်းမြေအကျယ်အ၀န်း မို(၄၀)ရှိကာ အ ဆောက် အအုံဧရိယာအကျယ်အ၀န်း (၃.၅)စတုရန်းမီတာ ရှိပြီး (၃၀-၉၀)စတုရန်းမီတာ ကျယ်ဝန်း သော မြေနေရာတွင်ဆိုင်ခန်းပေါင်း(၃၀၀)၊ လမ်းဘေးဈေးဆိုင်နေရာပေါင်း (၆၀၀)၊ယာဉ်(၄၀၀) ရပ်နား နိုင်သည့်ယာဉ်ရပ်စခန်း စသည်တို့ကို ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ၊ (၁၆)ရက် တွင် စတင်ဆောက်လုပ်သွားမည်ဖြစ်ပြီး ၂၀၁၆ခုနှစ်၊ မေလ၊ (၃၀)ရက်မတိုင်မီပြီးစီးမည်ဖြစ်ကြောင်း သိရပါသည်။ ဒုတိယအဆင့်တည်ဆောက်မှုကာလတွင် ဆောက်လုပ်ရေးဧရိကာအကျယ် မို(၃၀) အသုံးပြုသွားမည်ဖြစ်ပြီး ကုန်လှောင်ရုံ၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး၊ စီးပွားရေးလုပ်ငန်း ဟိုတယ်စသည့် အထောက်အကူပြုအဆောက်အအုံများကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ဤစီမံကိန်းတွင် လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး၊ ကုန်ပစ္စည်း လက်ကား အရောင်းဆိုင်၊ ရေထွက်ကုန် လက် ကားဆိုင်၊ စားသောက်ဆိုင်၊ ဆောက်လုပ်ရေးသုံးပစ္စည်း၊ ကုန်စုံဆိုင်၊ မော်တော်ယာဉ်အပိုပစ္စည်း၊ အ၀တ်အထည်လုပ်ငန်း၊ အပန်းဖြေစခန်း များပါဝင် မည်ဖြစ်ပြီး မြန်မာနိုင်ငံကြူကုတ် နှင့် မူဆယ်ဒေသများကိုပါ စီမံကိန်းဖြန့်ကျက်မှု နယ်ပယ် ဒေသများအဖြစ် အထောက်အကူပြု သွားမည်ဖြစ်ကာ ၀မ်တင်းမြို့နှင့် မြန်မာ နိုင်ငံကြူကုတ်မြို့နေ မြို့သူမြို့သားများအတွက် ပြည်သူ့အကျိုးပြု စီမံကိန်းနှင့်ဈေးခြင်းတောင်းစီမံကိန်း သဖွယ်လည်း ဖြစ်မည်ဖြစ်ကြောင်း သိရပါသည်။ ၀မ်တင်းမြို့ လယ်ယာထွက်ကုန်ပစ္စည်းအထွေထွေဈေးကွက်၏ ပထမအထပ်တွင် ရေထွက်ကုန်၊ သားသတ်ရုံ၊ ရေခဲရိုက်စားသောက်ကုန်နှင့် ဟင်းသီး ဟင်း ရွက်များ ရောင်းချမည်ဖြစ်ပြီး ဒုတိယအထပ်တွင် အသားမျိုးစုံ၊ သစ်သီး၊ ကုန်စုံပစ္စည်း၊ ကုန်ခြောက် များ၊ ပန်းများ၊ အ၀တ်အထည်များရောင်းချသွားမည် ဖြစ်ပြီး၊ တတိယအထပ်တွင် အကြီးစား ကုန်တိုက်နှင့် ဈေးကွက် စီမံခန့်ခွဲရေးရုံးခွဲများထားရှိသွားမည်ဖြစ်ကာ မြစ်ကမ်းတစ်လျှောက် တွင် လည်း စားသောက်ဆိုင်၊ ညဈေး၊ အရက်ဘား၊ မော်တော်ယာဉ်အပိုပစ္စည်းအရောင်းဆိုင်၊ ဆောက် လုပ်ရေး သုံးပစ္စည်းအရောင်းဆိုင်၊ ကုန်မာပစ္စည်းဆိုင်များရှိပြီး ၀မ်တင်းမြစ်ဘေးတစ်လျှောက်တွင် လည်း အသေးစားလက်ကား ဆိုင်များ၊ လူသုံးကုန် လက်ကားဆိုင်၊ အထည်လက်ကားဆိုင်များ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စီမံကိန်းဆောက်လုပ်ရေးတာဝန်ရှိသူ ဟွာချီကျုံး၏ မိတ်ဆက်ပြော ကြားချက်အရ သိရပါသည်။ စီမံကိန်းစတင်လည်ပတ်လျှင် စုပေါင်းစီမံအုပ်ချုပ်မှု၊ စုပေါင်းစီမံကိန်း ရေးဆွဲမှု၊ စုပေါင်းကုန်သွယ်မှုကြီးကြပ်ရေးပုံစံမျိုးဖြင့် တစ်ပြေးညီ ထိန်းချုပ်လုပ် ဆောင်သွား မည်ဖြစ်ကြောင်း သိရပါသည်။

  (တက်ဟုန်းညီညွှတ်ရေးသတင်းစာမှ ကောက်နှုတ်ဖော်ပြသည်။)