ရာသီပေါ်သစ်သီးများဈေးကွက်သို့ရောက်ရှိ၊ သရက်သီးနှင့်နာနတ်သီးများ အကြိုက်တွေ့နေ

2016-05-24 15:59:17 |သတင်းအရင်းအမြစ် 德宏缅文网

ဧပြီလသို့ရောက်ရှိလာပြီဖြစ်သောကြောင့် ရာသီဥတုသည်လည်း တဖြည်းဖြည်းပူနွေးလာခဲ့ပြီး သစ်သီးဝလံမျိုးစုံသည် လည်း ဈေးကွက်သို့ရောက်ရှိလာပြီဖြစ်သည်။ သရက်သီး၊ နာနတ်သီးနှင့် သခွားမွှေးကဲ့သို့သော ရာသီပေါ်သစ်သီးများ ရောင်းအားကောင်းသည့်အချိန်ကာလသို့ ရောက်ရှိ လာခဲ့ပြီး ဈေးနှုန်းများသည်လည်း တဖြည်းဖြည်း ကျဆင်းလာခဲ့ကာ တရုတ်နိုင်ငံပြည်သူများ၏ ကြိုက်နှစ်သက်မှုများကို ရရှိခဲ့ပါသည်။

ယခုလက်ရှိ နာနတ်သီးဈေးနှုန်းမှာ တစ်ကီလိုလျှင် (၈)ယွမ်မှ (၁၀) ယွမ်အထိရှိပြီး သရက် သီး များမှာ အမျိုးအစား အလိုက်ဈေးနှုန်းမတူညီပါ၊ သရက်သီးဈေးနှုန်းများသည် တစ်ကီလိုလျှင် (၂၀)ယွမ်မှ (၄၀)ယွမ် အထိရှိကြောင်း သိရသည်။ ရောင်းအားအခြေအနေမှာ ကောင်းမွန်ပြီး အသေးစိတ်အနေနှင့်ပြောရလျှင် ဟိုင်နန်ရေနတ်သမီးသရက်သီးမှာ တစ်ကီလိုလျှင် (၁၁.၆) ယွမ်၊ လတ်ဆတ် သောသရက်သီးမှာ တစ်ကီလိုလျှင် (၁၉.၉၆) ယွမ်၊ ကျင်းဟွမ်သရက်သီးမှာ တစ်ကီလို လျှင် (၂၁.၉၆) ယွမ်၊ ဇာမဏီသရက် မှာ တစ်ကီလိုလျှင် (၁၇.၈) ယွမ်၊ ထိုင်ဝမ်မျိုးသရက်သီးမှာ တစ်ကီလိုလျှင် (၁၅.၆) ယွမ်ရှိကြောင်း သိရပါသည်။

မြန်မာ့စိန်တစ်လုံးသရက်သီးသည် တရုတ်ဈေးကွက်သို့ ရောက်ရှိနေပြီဖြစ်ပါသည်။ စိန်တစ် လုံးသရက်သီးသည် အသီးကြီးခြင်း၊ အသားထူခြင်း၊ အစေ့သေးခြင်း၊ အရသာမှာချိုပြီး အနံ့မှာ မွှေးကြိုင်လှသောကြောင့် တရုတ်ပြည်သူများ အလွန်နှစ်သက်ကြပါသည်။ ယခုလက်ရှိဈေးနှုန်းမှာ သရက်သီး(၁၅ ကီလိုဂရမ်)ပါ တစ်သေတ္တာလျှင် (၉၀) ယွမ်မှ (၁၂၀) ယွမ်အထိရှိကြောင်း သိရ ပါသည်။ အချို့ဝီချက်မှတစ်ဆင့်၊ အွန်လိုင်းမှတစ်ဆင့်ရောင်းချကြရာတွင် သရက်သီး တစ်သေတ္တာ ဈေးနှုန်းသည်(၂၀၀)ယွမ်ထိရှိကြောင်းသိရပါသည်။ဈေးကွက်အလားအလာကန့်သတ်ချက်မရှိပါ။

နွေဦးကာလမှ နွေရာသီသို့ ပြောင်းလဲရောက်ရှိလာသည်နှင့်အတူ သစ်သီးများသည်လည်း ဈေး ကွက်အတွင်းသို့ တစ်ဟုန်ထိုး ၀င်ရောက်လာခဲ့ပြီး ခန့်မှန်းချက်အရ သစ်သီးဈေးနှုန်းများသည် လည်း ကျဆင်းလာတော့မည်ဖြစ်ကြောင်း သိရပါသည်။