တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲ ရင်ကျန်းခရိုင်သည် မြေမျက်နှာပြင်ကျယ်ပြန့်ခြင်း၊ ရာသီဥတု ကောင်းမွန်ခြင်း၊ ရေအရည်အသွေး မြေဆီလွှာကောင်းမွန်မှုနှင့် ဂေဟစနစ်ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိခြင်း များကြောင့် ချဉ်စော်ခါးသီး စိုက်ပျိုးထုတ်လုပ်ရန် သဘာဝပေး အခြေအနေ များဖြင့် ပြည်စုံကောင်းမွန် လျက်ရှိပါသည်။ ရှေးယခင်ကစ ရင်ကျန်းခရိုင်ရှိ တိုင်းရင်းသား လူမျိုးစု များသည် ချဉ်စော်ခါးသီး စိုက်ပျိုးသော အလေ့အထ များရှိခဲ့ကြပြီး လွတ်မြောက်ရေး ကြိုးပမ်း မှုများရရှိပြီးနောက်ပိုင်း တရုတ်နိုင်ငံပါတီကော်မတီ နှင့် အစိုးရတို့မှ လယ်ယာလုပ်ငန်းကို အလေး ပေးမှုနှင့်အတူ ချဉ်စော်ခါးသီးစိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းသည် လည်း လျင်မြန်စွာ တိုးတက် လာခဲ့ကြောင်း သိရသည်။ လက်ရှိ၌ ခရိုင်တစ်ခုလုံးတွင် နှစ်စဉ်စိုက်ပျိုး ထုတ်လုပ်သော မြေဧရိယာ မှာ မိုပေါင်း (၄၀၀) ကျော်ရှိပြီး စုစုပေါင်းထုတ်လုပ်မှုနှုန်းမှာ (လတ်ဆတ်အသီး) တန်ချိန် (၅၀၀) ကျော်ရှိကြောင်း စာရင်းအင်းများအရ သိရသည်။ အကယ်၍ ထိုထုတ်လုပ်မှုလုပ်ငန်းအတွက် ဦးဆောင်လမ်းပြပေးနိုင်သော လုပ်ငန်းများကုမ္ပဏီ များရှိခဲ့လျှင် ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ပိုမို လျင်မြန် နိုင် မည်ဖြစ်ကြောင်း သိရပါသည်။ ရင်ကျန်း၏ ချဉ်စော်ခါးသီး စိုက်ပျိုးမြေဧရိယာ၊ ထုတ်လုပ်မှုနှုန်း ထားများသည် အတိုင်းအတာတစ်ခုရှိသော်လည်း လက်ရှိတွင်မူ ခရိုင်အတွင်း၌ ချဉ်စော်ခါးသီးကို ကုန်ချောအဖြစ် ထုတ်လုပ်နိုင်သော လုပ်ငန်းမရှိသေးပါ၊ ပြည်သူအများ စိုက်ပျိုးရရှိလာသော ချဉ်စော်ခါးသီးများကို မိမိကိုယ်တိုင်စားသုံးခြင်းသော်လည်းကောင်း၊ရောင်းချခြင်း(ကုန်ကြမ်းရောင်း ချ)သော်လည်းကောင်း၊ မြေပေါ်တွင် ပုတ်သိုးသွားခြင်း များကိုသာ ကုန်ဆုံးခဲ့ရပြီး တန်ဖိုးမြင့် ထုတ်ကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်မှုမရှိသေးပါ။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသများ တွင် ချဉ်စော်ခါးသီးများကို ချက်ပြုတ် စားသောက်သော ကုန်ကြမ်း အဖြစ်လည်းကောင်း ယိုထိုး၍ ကုန်ချောအဖြစ် ထုတ်လုပ်ခြင်းသော်လည်းကောင်း ကြီးမားသော စားသုံးသူ ဈေးကွက်များရှိ သော ကြောင့် ချဉ်စော်ခါးသီး ကုန်ချောဈေးကွက်သည် အလားအလာ ကောင်းများရှိနေပြီး ဖွံ့ဖြိုးတိုး တက်မှု အလားအလာကြီးမားကြောင်း ဈေးကွက်သုတေသနပြုချက်များမှ သိရသည်။
(တက်ဟုန်းလယ်ယာလုပ်ငန်းသတင်းကွန်ယက်မှ ကောက်နှုတ်ဖော်ပြသည်)