ရွှေလီမြို့နှင့်ဟန်ကျိုးမြို့တို့ နယ်စပ်ဖြတ်ကျော် E-Commerce လုပ်ငန်းများ

2016-05-24 16:06:36 |သတင်းအရင်းအမြစ် 德宏缅文网

မတ်လ ၂၈ ရက်နေ့က ရွှေလီမြို့အစိုးရနှင့် ဟန်ကျိုးသွင်းကုန်ထုတ်ကုန် အချောကိုင်ဇုန် စီမံခန့်ခွဲရေးကော်မတီတို့သည် “နယ်စပ်ဖြတ်ကျော် E-Commerce စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး မူဘောင်သဘောတူညီချက်”စာချုပ်ကို လက်မှတ်ရေးထိုးချုပ် ဆိုခဲ့ကြပါ သည်။ ထို့ကြောင့် နောင်အနာဂတ်တွင် ရွှေလီနှင့် ဟန်ကျိုး မြို့နှစ်မြို့တို့သည် သယံဇာတများ အပြန်အလှန် ဖြည့်ဆည်းပေးခြင်း၊ အတူတကွ အကျိုးအမြတ်ရရှိခြင်း၊ နယ်စပ်ဖြတ်ကျော် E-Commerce ဖွံ့ဖြိုးတိုးတက်မှုများ အတူတကွ လုပ်ဆောင်ခြင်းများကို ပြုလုပ်ကြမည်ဖြစ်ပါ သည်။

  လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် နှစ်ဦးနှစ်ဖက်မှ မိမိတို့၏လုပ်ငန်းအခြေအနေများကို မိတ်ဆက်ပြောကြားခဲ့ကြပါသည်။ တက်ဟုန်းပြည်နယ်ခွဲသည် တရုတ်နိုင်ငံအနောက်မြောက်ဘက် တံခါးဖွင့်ဖွံ့ဖြိုးတိုးတက်မှု ဦးဆောင်တံတားတစ်ခုဖြစ်ပြီး နိုင်ငံတော်မှအနောက်ပိုင်းဒေသ အကြီး စားဖွံ့ဖြိုးတိုးတက်မှုကို နက်ရှိုင်းစွာအကောင် အထည်ဖော်နေသည့် အရေးပါသော အပိုင်း ကဏ္ဍတစ်ခုဖြစ်ပြီး နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်နေသော 'ဇုန်တစ်ခုလမ်းကြောင်း တစ်ခု' နှင့် 'တရုတ်-အိန္ဒိယသမုဒ္ဒရာ လမ်းကြောင်းကြီး'၏ အရေးပါသော အချက်အချာဒေသ လည်း ဖြစ်ပါသည်။ ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် နိုင်ငံတော်ကောင်စီမှ 'ရွှေလီနိုင်ငံတော်အဆင့် တံခါးဖွင့်ဖွံ့ဖြိုးတိုးတက်မှုစမ်းသပ်ရေးဇုန် အကောင်အထည်ဖော်မှုစီမံကိန်း' ကို တရားဝင် ခွင့်ပြု ခဲ့ပါသည်။ ရွှေလီမြို့သည် နိုင်ငံတကာကုန်စည်စီးဆင်း သိုလှောင်ရေးဇုန်၊ နိုင်ငံ တကာ စီးပွား ကုန်သွယ်ခရီးသွားလာရေးဝန်ဆောင်မှုဇုန်၊သွင်းကုန်ထုတ်ကုန်အချောကိုင်ထုတ်လုပ်ဇုန်၊ ထူးခြား သောလယ်ယာစိုက်ပျိုးရေးစံပြဇုန်နှင့် သဘာဝဂေဟစနစ်ကာကွယ်ရေးဇုန် စသည့် အပိုင်း ကဏ္ဍများတွင် စူးစမ်းရှာဖွေလျက်ရှိပြီး စမ်းသပ်ရေးဇုန်အား တရုတ်-မြန်မာနယ်စပ် စီးပွားရေးနှင့် ကုန်သွယ်ဗဟို စင်တာ၊ အနောက်မြောက်ဘက် တံခါးဖွင့်အရေးပါသော နိုင်ငံတကာ ကုန်းတွင်း ဆိပ်ကမ်း၊ နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ရေး ပြတင်းတံခါး၊ နယ်စပ်ဒေသတစ်လျှောက် မြို့ရွာ ဖွံ့ဖြိုးတိုးတက်မှုစံပြဇုန်နှင့် အိမ်နီးချင်းနှင့် သင့်မြတ်စွာနေထိုင်ရေး၊ အိမ်နီးချင်းအား ကောင်းစား စေရေး၊ အိမ်နီးချင်းအားကြွယ်ဝချမ်းသာစေရေး စံပြဇုန်အဖြစ် ကြိုးပမ်း အားထုတ်တည်ဆောက် လျက်ရှိပါသည်။

  ယခုအကြိမ်ပူးပေါင်းဆောင်ရွက်မှုတွင် ရွှေလီမြို့နှင့် ကျဲကျန်းဟန်ကျိုးပို့ကုန်အချောကိုင် ဇုန် စီမံခန့်ခွဲရေးကော်မတီတို့သည် နယ်စပ်ဂိတ်စခန်းအားသာချက်ဖြင့် အသစ်တီထွင် ပူးပေါင်း ဆောင်ရွက်မှုပုံစံမျိုးဖြစ်ပြီး၊ လက်တွေ့စက်မှုဥယျာဉ်ဇုန်နှင့် ဆိပ်ကမ်းဂိတ်စခန်းပူးပေါင်းရေး ကို အကောင်အထည်ဖော်သွားမည်ဖြစ်ကာ နယ်စပ်ဖြတ်ကျော် E-Commerce ၀န်ဆောင်မှု လုပ် ငန်းများဖြင့် စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးဆောင်ရွက်ကာ အချင်း ချင်း ပူးတွဲလုပ်ဆောင်သွားမည် ဖြစ်ပါသည်။သဘောတူစာချုပ်အရ နောင်အနာဂတ်တွင် နှစ်ဦး နှစ်ဖက်မှ အတူတကွကြိုးပမ်းခြင်း၊ နယ်စပ်ဖြတ်ကျော် E-Commerce စက်မှုကုန်ထုတ် လုပ်ငန်း များ ဖွံ့ဖြိုး တိုးတက်မှုကို တက်ကြွစွာ ရေးဆွဲသွားမည်ဖြစ်ပြီး E-Commerce ၊သတင်း အချက်အ လက်၊ ကုန်စည်စီးဆင်းမှု၊ လမ်းမတည်ဆောက်ရေး၊ သိုလှောင်ရေး၊ ငွေပေးချေရေး၊ ကုန်ထုတ် လုပ်ငန်း ဥယျာဉ်ဇုန်စသည့် ကဏ္ဍများတွင် နက်ရှိုင်းစွာ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုများ လုပ် ဆောင်သွားမည်ဖြစ်ကာ 'တရုတ်- အိန္ဒိယသမုဒ္ဒရာ လမ်းမကြီး'နှင့် 'နိုင်ငံတော်အဆင့် နယ်စပ်ဖြတ် ကျော် E-Commerce ဘက်စုံ စမ်းသပ်ရေးဇုန်' တည်ဆောက်မှုအတွက် အစွမ်းကုန် ကြိုးပမ်း အားထုတ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

  (ဥဒေါင်းမြေကွန်ယက်မှ ကောက်နှုတ်ဖော်ပြသည်)