ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ၌ ပြည်တွင်းပထမဦးဆုံး ဒန့်သလွန်အင်ဇိုင်းများ ရင်း

2016-05-24 16:08:08 |သတင်းအရင်းအမြစ် 德宏缅文网

ယခုနှစ်ဧပြီလတွင် တရုတ်ပြည်တွင်း၌ ပထမဦးဆုံး ဒန့်သလွန်အင်ဇိုင်းများကို ယူနန်ပြည်နယ် တက် ဟုန်းပြည်နယ်ခွဲမှ Tian You ကုမ္ပဏီက တရားဝင်ရင်းနှီးမြှုပ်နှံထုတ်လုပ်ခဲ့ကြောင်း သိရပါသည်။ ယူနန် Tian You သိပ္ပံနှင့်နည်းပညာကုမ္ပဏီသည် သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံကာ ပြည်တွင်းရှိ အကြီး မားဆုံး ပထမတန်းစား ဒန့်သလွန်အင်ဇိုင်းများ ထုတ်လုပ်ရေးလိုင်းနှင့် ဒန့်သလွန်ထုတ်ကုန်ပစ္စည်းများ သုတေသန ပြုအခြေစိုက်စခန်းကို တည်ထောင်ခဲ့ကြောင်း သိရသည်။

  ယူနန် Tian You ကုမ္ပဏီသည် မိမိကိုယ်ပိုင်ရှိသော သုတေသနအခြေစိုက်စခန်း၊ စိုက်ပျိုးရေး အခြေစိုက်စခန်း အားသာချက်များကို အသုံးပြုကာ ယူနန်စိုက်ပျိုးရေးတက္ကသိုလ်နှင့် ပူးပေါင်းကာ အချဉ် ဖောက်ခြင်းနည်းလမ်း ဇီဝဓာတုနည်းကို အသုံးပြု၍ ဒန့်သလွန်အင်ဇိုင်းများကို ထုတ်လုပ်ခဲ့ပါသည်။ ဒန့်သလွန်အင်ဇိုင်း နှစ်စဉ်ထုတ်လုပ်မှုနှုန်းမှာ တန်ချိန်(၃၀၀၀)ရှိပြီး ပြည်တွင်းရှိ ပထမတန်းစား ဒန့်သ လွန်အင်ဇိုင်း ထုတ်လုပ်မှု အကြီးမားဆုံးအတိုင်းအတာ ဟုပြောနိုင်လောက်သည်အထိရှိကာ ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများဖြင့် ပြည့်စုံလျက်ရှိပါသည်။ ဒန့်သလွန်အင်ဇိုင်းအတွင်းရှိ Gamma -aminobutyric acid (GABA) ပါဝင်မှုနှုန်း အလွန်ပေါကြွယ်ဝပါပြီး လူ့ခန္ဓာကိုယ်အတွင်းရှိ လုပ်ငန်းဆောင်တာများကို တိုးမြင့်ပေးနိုင်ကြောင်း သိရပါသည်။

  လက်ရှိတွင် တက်ဟုန်းပြည်နယ်ခွဲ၏ ဖားသီ၊ လုံကျန်းဒေသများရှိ ဒန့်သလွန်စိုက်ပျိုးမှု အခြေစိုက် စခန်းများသည် ပိုးသတ်ဆေးဓာတ်မြေသြဇာများ အသုံးမပြုခြင်း၊ အရွက်များ ခူးယူစစ်ဆေးခြင်းများ၊ ကုန်ချောထုတ်လုပ်မှုခြင်းများကို စံချိန်စံညွှန်းဖြင့် သတ်မှတ်ထားရှိပါသည်။

  ပထမဦးဆုံး ဒန့်သလွန်အင်ဇိုင်း သုတေသနပြုထုတ်လုပ်မှု အောင်မြင်ခြင်းများမှတစ်ဆင့် တက် ဟုန်းပြည်နယ်ခွဲသည် နောက်ထပ်ငါးနှစ်အတွင်း ဒန့်သလွန်စိုက်ပျိုးအခြေစိုက်စခန်း မြေဧရိယာမို ပေါင်း (၂၀၀၀၀) ရောက်ရှိနိုင်ရန်၊ လယ်သမားများအားဦးဆောင်ကာ မြေဧရိယာမိုပေါင်း (၃၀၀၀၀) စိုက်ပျိုးရန်၊ နှစ်စဉ်အရွက်တန်ချိန် (၅၀၀၀၀) ထုတ်လုပ်ရန်၊ နှစ်စဉ်ဒန့်သလွန်အခြောက်များ တန်ချိန် (၁၂၅၀၀) ထုတ်လုပ် အကောင်အထည်ဖော်နိုင်သောစွမ်းရည်များဖြင့် ယူနန်ပြည်နယ်၏ နာမည်ကျော်အမှတ်တံဆိပ် တစ်ခုဖြစ်လာ ရန် ဖန်တီးသွားမည်ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ် မှ ၂၀၂၀ ခုနှစ် အတွင်း တရုတ်ယွမ်ငွေသန်းပေါင်း (၂၈၀) ရင်းနှီးမြှုပ်နှံပြီး ဒုတိယအဆင့် တည်ဆောက်မှုပြုလုပ်၍ မန်စီမြို့ရှီးဆန်းရွာ လုံကျန်းမြစ်ဘေးတွင် သဘာဝဂေဟ စနစ် စိုက်ပျိုးခြင်း၊ မွေးမြူခြင်း၊ ခရီးသွားလာခြင်း၊ အပန်းဖြေခြင်းနှင့် ကျန်းမာရေးများ တစ်စုတဝေးတည်ရှိသော ဒန့်သလွန်ကျွန်းခြံကို တည်ထောင်သွားမည်ဖြစ်ကာ ယခုလက်ရှိတွင်အကောင် အထည်ဖော်နေဆဲဖြစ်ပြီး တည်ဆောက်ပြီးစီးပါက နှစ်စဉ်ထုတ်လုပ်မှုတန်ဖိုး (၁) ဘီလီယံယွမ် ရရှိ မည်ဖြစ်ကြောင်း သိရပါသည်။

  (ဥဒေါင်းမြေကွန်ယက်မှ ကောက်နှုတ်ဖော်ပြသည်)