ယူနန်ပြည်နယ်အတွင်း အွန်လိုင်းလက်ဖက်ခြောက်ရောင်းချခြင်းမှ ယွမ်ငွေ(၁.၃)ဘီလီယံရရှိ

2016-05-24 16:10:26 |သတင်းအရင်းအမြစ် 德宏缅文网

  နွေဦးရာသီသည် လက်ဖက်ခြောက်သိုလှောင်ရန် အကောင်းဆုံးရာသီဥတုဖြစ်ပါသည်။ အီလက်ထရော နစ်စီးပွားရေးလုပ်ငန်းများ တိုးတက်များပြားလာသည်နှင့်အတူ အွန်လိုင်းမှတဆင့် လက်ဖက်ခြောက်ဝယ် ယူမှုများသည်လည်း တစ်နေ့တစ်ခြား ပိုမိုကျယ်ပြန့်လာပါသည်။ အလီဘာဘာ အွန်လိုင်းဈေးဝယ် သုသေ တနဌာနမှ ထုတ်ပြန်ထားသော "၂၀၁၅ခုနှစ် လက်ဖက်ခြောက် အွန်လိုင်းအရောင်း အသေးစား အစီ ရင်ခံစာ"အရ ယမန်နှစ် အလီဘာဘာ၏လက်လီလက်ဖက်ခြောက်ရောင်းချမှုတွင် လက်ဖက်ခြောက် ရောင်း ချမှုမှ ယွမ်ငွေ (၈.၈)ဘီလီယံ ရောင်းချနိုင်ခဲ့ပြီး ယခင်နှစ်ရောင်းအားထက်(၃၀%)တိုးမြင့်ခဲ့ကြောင်း သိရပါသည်။ ယခုနှစ် ယူနန်ပြည်နယ်၏ လက်ဖက်ခြောက်ရောင်းအားမှာ ယွမ်ငွေ(၁.၃)ဘီလီယံ ရှိပြီး၊ တရုတ် တစ်နိုင်ငံလုံးတွင် ရောင်းအားအနေနှင့် ဒုတိယအဆင့်တွင် ရပ်တည်နေပြီး၊ ပထမအဆင့်၌ ရပ်တည် နေသော ဖူကျန့် ပြည်နယ်၏ ရောင်းအားထက် ယွမ်ငွေ(၁.၇)ဘီလီယံခန့် ကွာခြားနေကြောင်း သိရပါသည်။

  တရုတ်ပြည်တွင်း အွန်လိုင်းလက်ဖက်ခြောက်အရောင်းဈေးကွက်၏ ကြီးမားသောပြောင်းလဲချက်(၄)ခု မှာ-

  ၁။ ပန်းလက်ဖက်ခြောက်၊ ဆေးဖက်ဝင်မြက်လက်ဖက်ခြောက်များထက် လက်ဖက်ခြောက်သီးသန့် ဝယ်လိုအား ပိုမိုများပြားလာပြီး အွန်လိုင်းတွင် လက်ဖက်ခြောက်သည် ၀ယ်ယူစားသုံးသူတို့၏ အဓိက သောက်သုံးကုန်တစ်မျိုး ဖြစ်လာပါသည်။

  ၂။ရိုးရာစဉ်လာလက်ဖက်ခြောက်လုပ်ငန်းသည် တကျော့ပြန်လာခဲ့လေပြီ။ အွန်လိုင်းမှ နာမည်ကြီး အမှတ်တံဆိပ်လက်ဖက်ခြောက်အရောင်းဆိုင်များအတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်လာခဲ့ပါသည်။ ဥပမာ အားဖြင့် ၁၁လ၊ ၁၁ရက် အွန်လိုင်း ဈေးရောင်းပွဲတော် အထူးလျှော့ဈေးကာလတွင် TAE TEA လက် ဖက်ခြောက်မှာ ရောင်းအားအကောင်းဆုံးဖြစ်ခဲ့သည်။ ယမန်နှစ်က တရုတ်နိုင်ငံတစ်ဝှမ်းလုံးရှိ အွန်လိုင်း နာမည်ကြီး အမှတ် တံဆိပ် လက်ဖက်ခြောက် အကောင်းဆုံး(၂၀)တွင် ရိုးရာစဉ်လာထုတ်လက်ဖက် ခြောက်လုပ်ငန်းသည် ပြီးခဲ့သည့်နှစ်တွင်(၆)ခုပါဝင်ခဲ့ပြီး ၂၀၁၅ခုနှစ်တွင်(၁၁)ခုပါဝင်ခဲ့ကာ တစ်ဝက် နီးပါး ကျော် ပြန်လည် နေရာရယူထား နိုင်ခဲ့ပါသည်။

  ၃။ အသက်ငယ်ရွယ်သူများလက်ဖက်ခြောက်သောက်သုံးမှုများပြားလာပြီး လူလတ်ပိုင်း သောက်သုံးမှု မှာ (၆၀%)အထက်ကျော်လာခဲ့ပါသည်။

  ၄။ လက်ဖက်ခြောက်ဝယ်ယူသုံးစွဲသူများ၏ ရည်ရွယ်ချက်သည်လည်း ပြောင်းလဲလာခဲ့ပါသည်။ ယခင်က လက်ဖက်ခြောက်ကို မိတ်ဆွေသူငယ်ချင်းများ လက်ဆောင်ပေးရန်အတွက်သာ ဝယ်ယူကြရာမှ ယခုအခါ ကိုယ်တိုင်သောက်သုံးရန်အတွက် ပြောင်းလဲ ဝယ်ယူလာကြပါသည်။

  (တရုတ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးသတင်းများမှ ကောက်နုတ်ဖော်ပြသည်။)